Breaking News

မောင်ကြူးရင့် - တိုက်ပွဲ

တိုက်ပွဲ

မောင်ကြူးရင့်

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၀

လူကို

အကြွင်းမဲ့ယုံကြည်တယ်

ကမ္ဘာဦးပေါ်စ

သမိုင်းဦးဘုံမြေခေတ်က

ဒီကနေ့ခေတ်အထိ

လူဟာအသက်ရှင်ရေးအတွက်

တိုက်ပွဲဝင်ခဲ့ရတာချည့်ပဲ

ဓမ္မနဲ့အဓမ္မတိုက်ပွဲ

လူနဲ့သဘာဝတိုက်ပွဲ

လူနဲ့ဗိုင်းရပ်တိုက်ပွဲ

သမိုင်းအဆက်ဆက်

တိုက်ပွဲတိုင်းတိုက်ပွဲတိုင်းမှာ

လူကနိုင်ခဲ့တာချည့်ပဲ

လူဟာ

အထက်တန်းအကျဆုံး

အလှပဆုံးဥယျာဉ်ကြီးဖြစ်အောင်

ကမ္ဘာကြီးကိုတည်ဆောက်ခဲ့ပြီးပြီ

ဘာရွံ့စရာရှိလဲ

ဘာတွန့်စရာရှိလဲ

ဘာကြောက်စရာရှိလဲ

ဒီကနေ့ကိုရိုနာဗိုင်းရပ်နဲ့

လူတိုက်ပွဲမှာ

လူကမုချနိုင်မှာသေချာတယ်

အေး မှာလိုက်မယ်

ဒီတိုက်ပွဲမှာ

အကျအဆုံးမများအောင်

အားလုံးသတိရှိဖို့ပဲလိုတယ်

လူကို

အကြွင်းမဲ့ယုံကြည်တယ်

-

၃၀. ၉ .၂၀၂၀