Breaking News

နေစိမ့် - လွတ်နေတဲ့ ငါး

လွတ်နေတဲ့ ငါး

နေစိမ့်

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၀

မြစ်ထဲမှာ

ငါးဆိုမှ ငါးတကောင်ရှိတယ်။

အဲဒီ့ငါးဟာ

မြစ်ထဲမှာ မပျော်မရွှင်ဖြစ်နေတယ်။


အဲဒီ့ငါးရဲ့အိပ်မက်က

သူကိုယ်တိုင် ပင်လယ်ဖြစ်နေတာ။ 

ညည

အိပ်မပျော်တဲ့ အိပ်မက်ထဲ

ငါးဟာ ပင်လယ်မှာ လှိုင်းထလို့။ 

အဲဒီ့ငါးဟာ

ငါးသက်တမ်းတလျှောက်

ပိုက်ကွန်ကို ပါးဟက်နဲ့ထိုးခွဲ

မြုံးကို ဖောက်ထွက်

အပျော်တမ်း ငါးမျှားချိတ်တွေကို ဟားတိုက်

နိုင်ရာစား ဥပဒေကို တမြုံမြုံ ဝါး

ဒါပေမဲ့ ငါးဟာ

အာသာ မပြေဘူး

မြစ်ထဲကနေ ခုန်ထွက်ချင်တုန်း ..။ ။

စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၀