Breaking News

သင်းရည်လွင် - ပိုးကောင်

ပိုးကောင်

သင်းရည်လွင်

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၀


ပိုးကောင်တွေ

ခြံဝင်းထဲမှာ ဝတ်ကောင်းစားလှ

ဆည်းဆာ။


နေဝင်ချိန်မှာ ကောင်းကင်တစ်ခု

အခန်းလွတ်တစ်ခုမှာ

ကောင်းကင်တစ်ခု

နိမိတ်ကြီးလေးပါး လဲလျောင်းလျက်ရှိ။


အာရောဂျ ပရမံ လာဘံ

တစ်ခုထဲသော ဆု

ရေဒီယိုက ကြေညာ။ 


လူအများ

ပစ်ကွင်းအပြင်ဘက်ရှောင်သွားကြ

လူအများ

အဝေးက ကွင်းသွားကြ

အသံတိတ်ပိုးကောင်က

သွေးအေးတယ်။


2020