ဧရာ(မန္တလေး) -တရုတ်ပြည်၏ရဲဘော် ဒေါ်နယ်ထရန့် အမြန်ပြန်ကျန်းမာပါစေ
ဧရာ(မန္တလေး) -တရုတ်ပြည်၏ရဲဘော် ဒေါ်နယ်ထရန့် အမြန်ပြန်ကျန်းမာပါစေ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၀
တကယ့် လက်တွေ့မှာကတော့ နောက်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတတစ်ဦး တက်လာမှာထက်၊ ထရမ့်ကို သမ္မအဖြစ် ဆက်အရွေးခံရတာကို တရုတ်နဲ့ ရုရှားက မြင်ချင်ကြပါတယ်။
မြန်မာပြည် ဆိုရှယ်မီဒီယာတွေမှာတော့ ထရမ့်ကို တရုတ်ကြီးစိုးမှု ရန်ကို ကာကွယ်ပေးတဲ့ သူရဲကောင်း အဖြစ်သဘောကျ ထောက်ခံကြတာ တွေ့ရတယ်။ ကုန်သွယ်ရေးစစ်ပွဲတွေ ဆင်နွဲပြီး တရုတ်ကို အပီအပြင်တွယ်နိုင်တဲ့ သူလို့ မြင်ကြလို့ ဖြစ်ပါလိမ့်မယ်။
တကယ့် လက်တွေ့မှာကတော့ နောက်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတတစ်ဦး တက်လာမှာထက်၊ ထရမ့်ကို သမ္မအဖြစ် ဆက်အရွေးခံရတာကို တရုတ်နဲ့ ရုရှားက မြင်ချင်ကြပါတယ်။
“ထရမ့်က နိုင်ငံရေးထက် ကိုယ်ကျိုးစီးပွားကို ပဓာနထားတဲ့သူဆိုတော့ ညှိနှိုင်းအပေးအယူလုပ်ဖို့ အတွက် အကောင်းဆုံး ပြိုင်ဖက်ဖြစ်နေပါတယ်” လို့ တရုတ်ပြည်ကို WTO ထဲ ဝင်နိုင်ဖို့ ဦးဆောင်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တဲ့ Long Yongtu က ပြောဖူးတယ်။ သူ့အရင်သမ္မတတွေထက် သူ့စိတ်ကို ဖတ်ရတာက လွယ်လို့ နောက်ရွေးကောက်ပွဲမှာ သူပဲ ထပ်အနိုင်ရစေချင်သတဲ့ ...။
နိုင်ငံရေးထက် စီးပွားရေးအကျိုး အမြတ်ကိုပဲ ကြည့်လွန်းတဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် အာရှနဲ့ ဥရောပက မိတ်ဖက်နိုင်ငံ အတော်များများနဲ့ အစည်းပြေသွားတယ်။ အိုဘားမားရဲ အာရှကို မဏ္ဍိုင်ပြုမယ့် မူဝါဒကလည်း သဲထဲရေသွန် ဖြစ်သွားပြီး၊ တရုတ်က တောင်တရုတ်ပင်လယ်မှာ စစ်ရေး, နိုင်ငံရေးဩဇာ ကောင်းကောင်းထူနိုင်ခဲ့တယ်။ အလားတူပဲ WHO လို ကမ္ဘာအဖွဲ့စည်းတွေကနေ ခေါင်းရှောင်ထွက်သွားတဲ့ အတွက် တရုတ်က ကမ္ဘာခေါင်းဆောင် နေရာယူနိုင်ဖို့ အတွက် အခွင့်အလမ်းတွေ အများကြီး ရလာတယ်။
နောက်ပြီး သူက အခြားသမ္မတတွေလို တရုတ်အစိုးရ မကြိုက်တဲ့ ထိုင်ဝမ်, ဟောင်ကောင် အရေးကိစ္စတွေမှာ ဝင်မပြောဘဲ လက်ရှောင်နေတတ်တယ်။
ဒီတော့ ထရမ့်ကို တရုတ်တွေက ရဲဘော် ကျင့်ကော် (建国) လို့ နောက်ပြောင် ခေါ်ကြသတဲ့။ “ကျင့်ကော်” ဆိုတာက မော်စီတုန်းလို တရုတ်နိုင်ငံကို ထူထောင်ပေးခဲ့တဲ့ ခေါင်းဆောင်ကို ခေါ်တာပါ။ ထရမ့်ဟာ သူတို့အတွက်တော့ တရုတ် စူပါပါဝါ ဖြစ်လာဖို့ ကူညီ တည်ဆောက်ပေးနေတဲ့ ခေါင်းဆောင်ပေါ့ ...။
(ကိုဗစ်ကပ်ဆိုက်ချိန်မှာလည်း ကျန်းမာရေးထက် စီးပွားရေးကို ကြည့်လွန်းတဲ့ အတွက် ကမ္ဘာကို ခေါင်းဆောင်ဖို့ နေနေသာသာ အမေရိကန်ကိုတောင် နိုင်နိုင်နင်းနင်း ခေါင်းဆောင်မှု မပေးနိုင်ခဲ့လို့ မသေသင့်ဘဲ အသေအပျောက်များနေခဲ့ရပါတယ်။ အခုတော့ သူပါ ထိနေပါပြီ …။ ဘာပဲ ဖြစ်ဖြစ် သူမြန်မြန်ပြန်ပြီး ကျန်းမာပါစေ ...၊ ကိုယ်ချင်းစာနာစိတ်နဲ့ သူ့ပြည်သူတွေရဲ့ အသက်ကို ကာကွယ် စောင့်ရှောက်နိုင်ပါစေလို့ပဲ ဆုတောင်းရပါတယ်)။
Ref:
- Why China Wants Trump to Win, Michael Schuman, July 7, 2020, The Atlantic.
- Trade negotiator who got China into WTO is rooting for Trump’s re-election because ‘Twitterer in Chief’ is easy to read, Yujing Liu, 8 Nov, 2019, South China Morning Post.