Breaking News

မောင်လူပေ - ကိုရိုနာပေးသော အောက်တိုဘာလျပ်တပြက်ထိုးနှက်မှု (October Surprise)

မောင်လူပေ - ကိုရိုနာပေးသော အောက်တိုဘာလျပ်တပြက်ထိုးနှက်မှု (October Surprise)

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၀

တစ်ရက်အတွင်း လူဦးရေ သုံးသိန်းကျော် ကူးစက်အသစ်တွေ့ပြီး ငါးထောင့်ငါးရာခန့် သေဆုံးသည်။

အမေရိကန်ပြည်ထောင်စု သမ္မတထရန့်နှင့် သမ္မတကတော်တို့တွင် ဗိုင်းရပ်ကူးစက်ခံထားရကြောင်း ကြေညာသည်။ သမ္မတတွင် ရောဂါလက္ခဏာအနည်းငယ်သာ ပြသည်ဟု သိရသည်။ ကွာရမ်တင်းဝင်သွားကြပြီဖြစ်၏။ သတင်းကြောင့် စတော့ဈေးကွက်တွင် ဈေးအနည်းငယ်ကျဆင်းသည်။

အမေရိကားရှိ အကြီးဆုံးအွန်လိုင်းဈေးကွက်ဖြစ်သည့် အမေဇုံ၏ လုပ်သား တစ်သန်းကျော်အနက် တစ်သောင်းကိုးထောင်ခန့် ဗိုင်းရပ်ကူးစက်ခံရကြောင်းကြေညာသည်။ အမေရိကားတွင် ကူးစက်ခံရသူ ခုနှစ်သန်းခွဲရှိပြီး နှစ်သိန်းတစ်သောင်းကျော် သေဆုံးခဲ့သည်။

တစ်ရက်အတွင်းတွင် ပြင်သစ်မှာ တစ်သောင်းနှစ်ထောင်ကျော်နှင့် အင်္ဂလန်တွင် ခြောက်ထောင်ကျော်ခန့် ကူးစက်မှုအသစ်တွေ့ခဲ့သဖြင့် ဥရောပသမဂ္ဂက ဒုတိယလှိုင်းအန္တရာယ်စတင်နေကြောင်း ထပ်မံသတိပေးခဲ့သည်။

မြန်မာပြည်တွင် တစ်ရက်အတွင်း ကူးစက်မှုအသစ် (၁,၁၄၂) ဦး တွေ့ရှိသဖြင့် ကူးစက်သူ တစ်သောင်းခွဲကျော် (၁၅,၅၂၅)ရှိသည်။ သေဆုံးသူ (၃၂)ဦး တိုးသဖြင့် သေဆုံးသူ သုံးရာ့ငါးဆယ်ကျော် (၃၅၃)ဦး ရှိလာသည်။