တည်ဘွားဦး - တစ်ကိုယ်ရေ
တစ်ကိုယ်ရေ
တည်ဘွားဦး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၀
ဝရန်တာရဲ့မျက်နှာက
အထီးကျန်မှုကိုဖော်ပြနေတယ်
မီးခိုးလိုစိတ်ကူးတည့်ရာ
လွင့်လို့မရတော့ပြီ
လူစိတ်ပေါက်နေတဲ့လမ်းဟာ ရှင်းနေတယ်
တိမ်တွေပေါ်မှာ
တိမ်တွေကလွဲလို့ ဘာမှမရှိတော့
လမ်းကြိုလမ်းကြား
ကွေ့ပျောက်ကွယ်သွားတဲ့စိတ်ကူးကို
သာယာချမ်းမြေ့တဲ့တစ်နေ့
ပန်းခြံထဲကပဲ
ထိုင်စောင့်နေတော့မယ်။ ။
စက်တင်ဘာ ၉၊ ၂၀၂၀
ည- ၇းဝ၀ နာရီ