Breaking News

သက်ငြိမ် - ကပ်အတွင်းက သတင်းစကား

ကပ်အတွင်းက သတင်းစကား
သက်ငြိမ်
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၀

ညနေခင်းဆို မြူတွေ ဘယ်နားမှာလွင့်နေပြီလဲ
နှင်းတွေကျတဲ့ မနက်ခင်းကရော အကောင်းအတိုင်းရှိပါ့မလား
အုံလိုက်ကျင်းလိုက် မျိုးပွားလာတဲ့ စိုးရိမ်စိတ်ဟာ
ပြတင်းပေါက်ရဲ့တစ်ဖက်ခြမ်းဆီကနေ အမြဲငေးကြည့်နေတယ်
လမ်းမပေါ်မှာ ဘာတွေရှိမယ်မသိပေမဲ့
ခိုအိမ်တွေထဲမှာတော့ လူတွေပဲရှိတယ်
မွေးရာပါပစ္စည်းလို နှာခေါင်းကာတွေကို တပ်လိုက်ကြ
တစ်ယောက်ကိုတစ်ယောက် မယုံနိုင်သလို
တွန့်ဆုတ်နေကြ
ချစ်ခြင်းမေတ္တာခေါင်းပါးမှုဟာလည်း အငတ်ဘေးလိုပဲ အန္တရာယ်များပါတယ်
မမြင်ရတဲ့တစ္ဆေယောင်ဆောင်ပြီး ဗိုင်းရပ်စ်ပိုးဟာ သက်တောင့်သက်သာနေထိုင်နေ
ဆစ်ဆဖတ်ဟာ ကျောက်တုံးကို ထပ်ပြီး မတွန်းတင်ချင်တော့ဘူး
ဒါတောင် သူပျော်နေမယ်လို့ ခင်ဗျားထင်သေးတာလား။ ။