Breaking News

မိုးခါး - သို့....ရန်ကုန်

 

asiatimes.com

*သို့....ရန်ကုန်*

မိုးခါး

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၀


သင့်အသံကို နားစွင့်တယ်

သင့်အလွမ်းကို မျှဝေတယ်

သင့်တိုက်ပွဲမှာ*အဖြူရောင်နတ်သား*တွေရဲ့စွန့်စားခြင်းကို လေးမြတ်တယ်

သင့်ရပ်တည်မှုအလံကိုဦးညွတ်တယ်

သင့်စည်းမျှဉ်းစည်းကမ်းချပ်ဝတ်လွှာဝတ်ဆင်ခြင်းကို အတုယူအားကျတယ်

သင့်ဒဏ်ရာကို ထပ်တူခံစားတယ်

သင့်လွတ်မြောက်ခြင်းကိုစောင့်ကြိုနေတယ်

သင့်မနက်ဖန်ကိုချစ်ခြင်းမေတ္တာနဲ့ကဗျာဖွဲ့တယ်။     ။

မိုးခါး

3.10.2020

*သူရနီ*