Breaking News

ဒီသစ် - ထိုးကျွေးခံသူငယ်ချင်းတယောက်သို့ ...

ထိုးကျွေးခံသူငယ်ချင်းတယောက်သို့ ...

ဒီသစ်

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၀


ငြိမ်ပိခေတ်

အေးဖြိုးခေတ်

အုပ်မှူးခေတ်

ခေတ်ပျက်အဆက်ဆက်

လူထုက တိုက်ရိုက်ရွေးမှရတာ

မင်းတို့ပဲလေကွာ....


ထွေအုပ်တွေ

လေမြှုပ်တွေ...

ယုန်ထောင်သတ်

ကြုံပေါင်ကပ်တွေ...

အမြတ်ထုတ်

အမတ်စုတ်တွေ...


သံသရာနွံတွင်းက

ဖန်တရာဝန်မင်းတွေ...


လူထုနဲ့ထိပ်တိုက်အခင်းတွေမှာ ချနင်း...

မင်းတို့အတွက်

အသည်းဆတ်ဆတ်ခါ

ငါနာတယ် သူငယ်ချင်း...


ငါ

ထိထိရောက်ရောက် တုံ့ပြန်မယ်။


ဘယ်နွားမှ

ငါတို့လှန်းထားတဲ့စပါး

အကြာကြီး ခိုးမစားစေရဘူး

သူငယ်ချင်း။


(ကင်ဆာ...နေ့တွေကို အထီးကျန်စွာ ရင်ဆိုင်နေရတဲ့ ပိတောက်ခင် အုပ်မှူးအေးဆွေ...သို့။)