ဂျူနီယာဝင်း - ဒေါ်မြင့်မြင့် အတွေးအမြင်
![]() |
Daw Myint Myint (2013 Photo) |
ဂျူနီယာဝင်း - ဒေါ်မြင့်မြင့် အတွေးအမြင်
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၀
အန်တီမြင့်နှင့် တလတခါ စာမူတောင်းသည့်အခါတိုင်း ဖုန်းပြောရပါသည်။ သည်လိုနှင့် ကိုဗစ် ပထမလှိူင်း ကာလ စလို့ စကားလက်ဆုံကျလာပါသည်။ သည်တော့ ပိုရင်းနှီးလာပါသည်။ ပြောစရာတွေကလည်း ရှိရှိနေပါသည်။ သည်လိုနှင့် အန်တီမြင့်နှင့်စကားစုံ ပြောဖြစ်ကြပါသည်။ စကားတွေ ပြောမဆုံးပါ။ အဲသည်လို ရင်းနှီးလာတာ သိပ်တော့မကြာသေး လပိုင်းလောက်သာ ရှိပါသေးသည်။
စကားတွေ အပြောများလာတော့ သည်တော့ အန်တီမြင့်ကို သိပ် မကြောက်တော့ပါ။ ဒါဆို အရင်တုန်းက ကြောက်တာပေါ့ ဆိုရင် ဟုတ်တယ် လို့ပဲ ဖြေရပါမည်။ စာမူတောင်းတဲ့အခါတိုင်း အချိန်မှီပေးဖို့ အန်တီနဲ့ ဖုန်းပြောတိုင်း ရင်ခုန်ပါသည်။ ဘာမှန်းမသိ အချိန်မှီမရောက်ရင် ဆူမှာကြောက်ပါသည်။ အပြင်မှာလည်း ခနခန တွေ့ဖူးတာ အများအားဖြင့် လူကြီးတွေ အချင်းချင်း ပြောဆိုနေကြတာ နားထောင်တာများလို့ဖြစ်ပါမည်။ အကိုမောင်ရစ်နဲ့ ရောက်တုန်းကလည်း ဘာမှ ဝင်မပြောဖြစ်ပါ။ သည်လိုပဲ နားထောင် ဓတ်ပုံရိုက်ပေးတာပဲလုပ်ဖြစ်ပါသည်။
ဒါကြောင့် အခုလတ်တလော ရင်းနှီးလာတာလေးကို အခုပြန်စဉ်းစားမိတိုင်း အန်တီမြင့်အသံကို ကြားနေမိပါသည်။ အခု ပိုသတိရနေပါသည်။ အန်တီ့အကြောင်း ဘာရေးရမှန်းလည်းမသိပါ။ လတ်လတ်တို့ ထိုက်တို့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိပါ။ အခုကာလမှာ ကြောက်ဒူးတုန်လွန်းလို့ အပြင်လည်းမထွက်နိ်ုင်ပါ။ သတင်းဖတ်ပီး မျက်ရည်ကျရတာကိုတော့ ယုံပါလို့ပဲ ပြောရပါမည်။ ဖေဖေကလည်း စိတ်မကောင်းဖြစ်နေပါသည်။ မိသားစုဝင်တစ်ဦးဆုံးပါးသွားရသလို ခံစားရပါတယ်လို့ ဖေဖေက ဝမ်းနည်းစွာ ပြောပါသည်။
အန်တီမြင့် ပြောခဲ့တဲ့ စကားတစ်ခွန်းကို အခု ပြန်အမှတ်ရနေပါသည်။ မိခင်ဆုံးရှူံးရလို့ စိတ်ဓါတ်ကျဆင်းနေတဲ့သူတစ်ယောက်က အခုကစပီး ဘာစာမှမရေးတော့ဘူး စာမူလည်း မပို့တော့ဘူးလို့ပြောတော့ အန်တီမြင့်က ပြောတယ် ‘ဘာဆိုင်လို့လဲ စာရေးစရာရှိတာ ဆက်ရေးရမှာ ကိုယ့်အလုပ် ။ ဆက်သာရေး ။ စာမူဆက်ပို့ ဒါပဲ ‘ လို့ ရာဇသံပေးခဲ့ပါသည်။ ဒါကြောင့်လည်း အဲသည်နောက်ပိုင်း ဆက်ရေးဖြစ်နေတာတွေ ဟာ အန်တီမြင့်ကြောင့်ပါ။ ကျေးဇူးတင်ပါတယ် အန်တီ။ ဒီစကားတွေ အန်တီမှတ်မိမယ် ထင်ပါတယ်။
အရင်ဦးဆုံး စာမူ စတင်ဖော်ပြပေးခဲ့တဲ့ အတွေးအမြင် ဖန်တီးရှင် ဦးဦးနဲ့ အန်တီတို့ကျေးဇူးတွေ စာရေးရင်းနဲ့ ဆပ်သွားမယ်လေ။