Breaking News

ကိုအောင်မှိုင်း - ပြည်တွင်းစစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူထုတိုက်ပွဲ



ကိုအောင်မှိုင်း - ပြည်တွင်းစစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူထုတိုက်ပွဲ

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၀

ပြည်တွင်းစစ်/န - နိုင်ငံတခုအတွင်း အချင်းချင်းဖြစ်သောစစ် (မြန်မာအဘိဓာန်)

(civil war - a war fought by different groups of people living in the same country:
Cambridge Dictionary)

(civil war - a war between citizens of the same country. See also American Civil War, English Civil War, Spanish Civil War. New Oxford American Dictionary)

သေချာတာကတော့ ပြည်တွင်းစစ်ဆိုတာ ကျနော်တို့တနိုင်ငံထဲနေကြတဲ့ တိုင်းရင်းသားညီအကိုမောင်နှစ်မ အချင်း ချင်းဖြစ်တဲ့ စစ်ပွဲတွေဘဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ကို ပြည်တွင်းစစ်အဖြစ် အသိအမှတ်ပြု လက်သင့်ခံ ဘို့ လိုအပ်ပါတယ်။ဒါမှလဲပြည်တွင်းငြိမ်းချမ်းရေးကို ကျနော်တို့တည်ဆောက်လို့ရမှာဖြစ်ပါတယ်။

ပြည်တွင်းစစ်ကိုပြည်တွင်းစစ်လို့လက်မခံချင်တာ စစ်အစိုးရကိုစစ်အစိုးရအဖြစ် လက်မခံချင်တာစတဲ့ ကနေ့ ဗမာ့ တပ်မတော်ရဲ့ ကျိူးပဲ့စုတ်ပြတ်နေတဲ့ အတွေးအခေါ် အမြင်တွေကို ပြုပြင်ပြောင်းလဲဘို့လိုပါတယ်။ ခက်တာက လွှတ်တော်ထဲမှာ ကန့်လန့်တိုက်ရရင်ပြီးရော ပါးစပ်ထဲရှိရာလေ ျှာက်ပြောနေတဲ့ နိုင်လိုမင်းထက် ယဉ်ကျေးမှုကို ပြင်ဘို့ လိုပါတယ်။ဥပဒေကြောင်းအရ ကန့်သတ်ဘို့လိုရင် ဥပဒေအရကန့်သန့်ဘို့လိုမှာဖြစ်ပါတယ်။ လွှတ်တော်မှာ စစ်အမတ်တွေရဲ့မဆင်မခြင်ပြောဆိုမှုတွေဟာ တိုင်းရင်းသားလူမျိူးစုတွေကြား နားလည်မှုလွဲစေနိုင်သလို လက်ရှိ အစိုး ရတရပ်အတွက် ကြီးစွာအန္တရယ်တွေရှိနေတာလဲဖြစ်ပါတယ်။

ပြည်တွင်းစစ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက် ကိုင်အကြမ်းဖက်ခြင်းကြောင့်ဖြစ်စေ ဖိနှိပ်အကြမ်းဖက်ခြင်းကြောင့်ဖြစ်စေ နိုင်ငံရေးပြဿနာများအပေါ် အင်အားသုံး ဖြေရှင်းခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေအဖြစ် အခိုင်အမာ မြင်ရနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်မလဲ။ ပြည်တွင်းငြိမ်းချမ်းရေးဘယ်လိုယူနိုင်မလဲဆိုတဲ့မေးခွန်းကတော့ တိတိ ကျကျဖြေရရင် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရအဖြေရှာနိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးနိုင် တဲ့အခြေ အနေပေါ်ကသာ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မယ် (တနည်း) ပြည်တွင်းစစ်ကို အဆုံး သတ်နိုင်မှာ ဖြစ်ပါတယ်။

ဗမာပြည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကပြဿနာဟာ ဘာလဲ။

(၁) ဗမာ့တပ်မတော်က ကနေ့ပြည်တွင်းစစ်ဖြစ်နေတယ်ဆိုတာကို လက်ခံဘို့လိုပါမယ်။ ပြည်တွင်းစစ်ဖြစ်နေ တာကို ပြည်တွင်းစစ်ဖြစ်နေတာ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ချဉ်းကပ်နေလို့ကတော့ တဘက်နဲ့တဘက် စစ်ရေး အသာစီးရမှု တွေကိုဘဲ ဥိးတည်စေမှာဖြစ်ပါတယ်။

(၂) ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တာဝန်ခံရမှာ အစိုးရဖြစ်ပြီး ဗမာ့တပ်မတော်က အစိုးရကို လုံးဝတာ ဝန်ခံ နိုင်တဲ့ အခင်းအကျဉ်းဖြစ်ဘို့လိုပါတယ်။

(၃) ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မလိုအပ်တဲ့ ငြိမ်းချမ်းရေးအကျိူးဆောင်တွေ (ငြိမ်းချမ်းရေးပွဲစား) တွေကို ဖယ်ထုတ်ပြီး အစိုးရက တိတိကျကျတာဝန်ပေးထားတဲ့ အဖွဲ့အစည်းတွေကသာ ဆောင်ရွက်သင့်ပါ တယ်။ဆိုလိုချင် တာက ယန္တယားက တအားကြီးသွားပြီး ရရှိချက်တွေက မဖြစ်စလောက်ဖြစ်တတ်ပါတယ်။ မလိုလားအပ်တဲ့ ခြေရှုတ်မှုတွေ လူများပြီး ပွဲမစည်တာတွေကိုလဲ တွေ့ရတတ်ပါတယ်။ ဗမာပြည် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြည့်ရင် ကုန်ကျစရိတ်တွေ ယန္တယားတွေများသလောက် တိတိကျကျ တာဝန် ခံဆောင်ရွက်မဲ့ အရေအတွက်က သိတ်နည်းနေပြီး ဝေလေလေဖြစ်နေတယ်လို့ မြင်ပါတယ်။

(၄) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်တပ်က ဝင်ရောက်ဖိအားပေးတာတွေဟာ ပြည်တွင်းငြိမ်းချမ်း ရေးအတွက် ကြိးစွာအဟန့်အတားဖြစ်စေတာဖြစ်ပါတယ်။

(၅) ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းမှာ လူထုရဲ့ပူးပေါင်းပါဝင်မှုတွေ ဖိအားပေးမှုတွေ အထူးလိုအပ်ပါတယ်။

ကနေ့ဗမာ့တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်စွက်ဖက်ပြီး သဘောထားတွေ မမှန်မကန်ပေးနေတာကိုက ငြိမ်းချမ်းရေးလုပ်ငန်းအဆင်မပြေနိုင်ခြင်းအကြောင်းတရားတခု ဆိုတာ ထင်ရှားလာပါ တယ်။(ဥပမာ စစ်မူ ၆ ချက်)

တကယ်တော့ ၂၁ ပင်လုံဆိုတာ နိုင်ငံရေးဖက်ရှင်တခုထက် မပိုပါဘူး။ ၂၁ ပင်လုံကနေ ငြိမ်းချမ်းရေးလဲရ ၂၀၀၈ခြေဥကိုလဲ ပြင်မယ်ဆိုတာကတော့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ ပြောတဲ့ပုဂ္ဂိုတွေကိုယ်တိုင် မလိမ်မညာ ရိုးရိုးသားသား သေချာစဉ်းစားပြီး ပြန်ပြင်ပြောစေချင်ပါတယ်။(နိုင်ငံရေးသမားအချင်းချင်းမို့ ဇွတ်တော့စွတ် စွဲပြောဆိုတာတွေ မလုပ်လိုပါဘူး။)

ပြီးခဲ့တဲ့ NLD အစိုးရ ၅နှစ်တာကာလတခုလုံး စစ်တပ်က ပက်ပက်စက်စက် ကန့်လန့်တိုက်ခဲ့တယ်။ ထော်လော် ကန့်လန့်တွေလုပ်ခဲ့တယ်။ဒီအတွက် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးမှာရော ပြည်တွင်းငြိမ်းချမ်းရေးမှာရော စိတ် ပျက်စရာကောင်းလောက်အောင် တိုးတက်မှုလုံးဝမရဘဲ ငွေကုန်လူပန်းဖြစ်ခဲ့တယ်။ ဒါကို စစ်တပ်က လွှတ်တော်မှာ ဂုဏ်ယူအောင်ပွဲခံနေကြတာမြင်ရတော့ လူထုစိတ်ထဲမှာ ဘယ်လိုတွေခံစားနေကြရမယ်ဆိုတာ တွေး ကြည့်နိုင် မယ် ထင်ပါတယ်။

တချိူ့စစ်ဗိုလ်ဟောင်းတွေပြောကြတဲ့ သမ္မတကြီးဦးသိန်းစိန်လက်ထက် မဖြစ်စလောက်ရတဲ့ ဇယားတချိူ့ ပြင်နိုင် တာကို ဂုဏ်ယူပြောဆိုနေတာကြားရတော့ ပျက်လုံးကောင်းတခုထက် မပိုဘူးလို့ဘဲ မှတ်ချက်ပေးလိုပါတယ်။ သမ္မတကလဲ စစ်ထွက်၊ ကာချူပ်ကလဲစစ်ဗိုလ်ချူပ်၊ အနိုင်ရပါတီဆိုတဲ့ ဖွတ်ဥက္ကဌကလဲ ဗိုလ်ချူပ်ဟောင်း ဘယ်သူ့ ဘယ်သူမှ ကန့်လန့်မတိုက်တဲ့ကာလမှာ မဖြစ်စလောက် ဇယားပြင်နိုင်တာ ဂုဏ်ယူစရာကိစ္စတခုလို့ တော့ ကျနော် တော့မထင်ပါဘူး။ တိုင်းပြည်ပေါ်တကယ်သာ စေတနာထားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံထဲက လူထုမကြိုက်မနှစ်သက် တာတွေကို အမှန်တကယ်ပြင်နိုင်တဲ့ အခြေအနေပါ။ သမ္မတဦးသိန်းစိန်လက်ထက် ဒီမိုကရေစီပြုပြင်မှုလုပ်ငန်း အချိူ့ အပေါ်မှာတော့ အသိအမှတ်ပြုရမှာပါ။

ဗမာပြည်မှာ စစ်တပ်နဲ့စစ်အုပ်စုရဲ့ ဆင်ခြင်တုံမဲ့ မိုက်ရိုင်း ရမ်းကားမှုတွေ အခွင့်ထူးခံမှုတွေ အလုပ်သမား လယ်သမား တွေအပေါ် အနိုင်အထက်ပြုကျင့်မှုတွေ တိုင်းရင်းသားတွေအပေါ် စော်ကား အနိုင်ကျင့်မှုတွေကြောင့် ၂၀၂၀ရွေး ကောက် ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရတာလို့ ကျနော်ထင်တယ်။ ပြိုင်ဘက် ပါတီကြိးဖြစ်တဲ့ ကြံ့ဖွတ် ပါတီအနေနဲ့ အရင်ကလဲသမိုင်းကြောင်းမကောင်းခဲ့ပါ။“သူခိုး သူခိုးဆိုတာနဲ့ ကိုယ့် များပြောသလားလို့” မယုံမရဲ ဖြစ်နေရတဲ့အထဲ ပြီးခဲ့တဲ့ လွှတ်တော် ၅နှစ်သက်တမ်းအတွင်း လူထုဆန့်ကျင် ရေး၊ဒီမိုကရေစီဆန့်ကျင်ရေးတွေကို ပက်ပက်စက်စက် လွှတ်တော်မှာ စစ်အမတ်တွေနဲ့ပေါင်း ကန့်လန့်တိုက် ခဲ့တော့ ဘယ်လိုလုပ်ရွေးကောက်ပွဲ နိုင် တော့မှာလဲဗျာ။ သိက္ခာမဲ့ချက်များ အပြတ်အသတ်ရှုံးနေတာတောင် ကလိမ်ကကျစ်တွေ ဂုဏ်သိက္ခာမဲ့တွေလုပ် နေတော့ မဲရော လူရော သိက္ခာရော ငွေရော အကုန်ရှုံးကုန်တော့ တာပေါ့။

(၁။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အရေအတွက် ၃၈ သန်းရှိပြီး မဲပေးသူ ၂၇ သန်းရှိရာ မဲပေးသူ ရာခိုင် နှုံး ၇၁% ရှိသည်။( ရွေးကော်ဥက္ကဌပြောကြားချက်အရ)

၂။ ၂၀၁၅ ရွေးကောက်ပွဲမှာ ခိုင်လုံမဲ ၂၂ သန်းရှိရာတွင် NLD ၁၃ သန်း၊ USDP ၆.၅ သန်း၊တိုင်းရင်းသား ပါတီ ၂.၅ သန်း ရရှိပါတယ်။

၃။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူ ၂၇ သန်းရှိရာ NLD ၁၇ သန်း(စီစစ်ဆဲ)၊ USDP ၅.၅ သန်း၊ UBP နှင့် အခြား ၅ သိန်းခန့်၊ တိုင်းရင်းသားပါတီများ ၄ သန်းဟုခန့်မှန်းရသည်။ ၂၀၂၀ တွင် ၂၀၁၅ ထက် USDP မဲ ၁ သန်းခန့်လျော့၊ NLD မဲ ၄ သန်းတိုး၊ တိုင်းရင်းသားပါတီများ မဲ ၁.၅ သန်းခန့်တိုးပါတယ်။ တိုင်းရင်းသားပါတီများမဲရနိုင်တဲ့ မကျင်းပနိုင်တဲ့ဒေသများမှာ မဲ ၁ သန်းကျန်ပါသေးတယ်။

ကိုမောင်မောင်စိုး facebook မှကူးယူဖေါ်ပြပါသည်။)


NLD ပါတီရဲ့ မဲ၁၃သန်းဟာ NLD ပါတီဝင်တွေရဲ့ မဲမဟုတ်တာသေချာပါတယ်။ ကျနော်ဆိုလိုချင်တာက အဖိနှိပ် ခံပြည်သူလူထုရဲ့ မဲတွေဆိုရင်မှားမယ် မထင်ပါ။အများစုကြီးက NLD ပါတီပေါ်လစီထက် လူထုကနေ့ ခံစား နေ ကြရတဲ့ဒုက္ခက ကယ်တင်နိုင်မဲ့သူကို ရှာဖွေတာဝန်ပေးခဲ့တာလို့ပြောရမှာပါ။နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံနေ ရတဲ့ဘဝတွေက တော်လှန်ရုန်းထွက်ကြတာပါ။

(မှတ်ချက်။ ။NLD ပါတီကိုမဲမပေးရင် ဘယ်ပါတီကိုမဲပေးရမလဲဆိုတာလဲ ကနေ့လူထုတွေမေးနေတဲ့ မေး ခွန်းဘဲဖြစ်ပါတယ်။ လတ်တလောလူထုတိုက်ပွဲကို ရွေးကောက်ပွဲဆိုတဲ့ အခင်းအကျဉ်းပေါ်က အစပြု စတင် လိုက် တာလို့ မြင်ပါတယ်။လူထုဟာ တိုက်ပွဲအသီးအပွင့်တွေကို ယုံကြည်လာကြသလို လူထုအင်အား ကို ယုံကြည်လာ ပြီဆိုတာနဲ့ လူထုတိုက်ပွဲဆိုတဲ့ မြင့်မြတ်ခြင်းကိုဖေါ်ဆောင်ကြတော့မှာပါ။ နိုင်ငံရေးသမား တွေအနေနဲ့ လူထုကိုယုံ ကြည်ရင် လူထုနဲ့အတူ လူထုတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဘို့ဘဲ ဖြစ်ပါတယ်။)

မြန်မာနိုင်ငံ တိုင်းရင်းသားလူထုအများစုကြီးက ပြည်တွင်းစစ်ရပ်စဲစေချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးရချင်တယ်။ ၂၀၀၈ခြေဥနဲ့တော့ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတာလဲ အသေအချာသိနေကြတယ်။ ကနေ့ ပွင့်လင်းမြင်သာ တဲ့ခေတ်ကြီးမှာ တောသူတောင်သားတွေကအစ တပ်မတော်မှာရှိတဲ့ အရာရှိအရာခံအကြပ် တပ်သားတွေအဆုံး သိနေကြတာကတော့ ကာချူပ်အပါအဝင် စစ်ဗို်လ်ချူပ်ကြီးတွေ စစ်ဗိုလ်ချူပ်ဟောင်း ကြီးတွေ ဘယ်လောက်ချမ်းသာ ကြွယ်ဝကြတယ်ဆိုတာပါဘဲ။လစာနဲ့တော့မဖြစ်နိုင်ဘူးဆိုတာ လစာဘဲစား နေရတဲ့သူအပေါင်း သိနေကြတဲ့ ကိစ္စ ကြီးပါ။ငါတို့ အဲလောက်မချမ်းသားပါဘူးလို့ ကာချူပ်အပါအဝင် ဘယ် စစ်ဗိုလ်ချူပ်တွေတရားဝင်ဖြေရှင်းရဲလဲ ဆိုတာကလဲ ကနေ့ကျနော်တို့နိုင်ငံမှာ စိမ်ခေါ်မှုတခုပါဘဲ။

လူထုက ၂၀၀၈ခြေဥကို လုံးဝမလိုလားကြပါဘူး။ ခက်တာက ကြံ့ဖွတ်အပါအဝင် စစ်ဗိုလ်ချူပ်ဟောင်းသစ်တွေက လူထုကို“နလပိန်းတုံးတွေ” လို့ထင်နေတဲ့ကိစ္စပါ။ တောသားတွေ ဆင်းရဲသားတွေ လမ်းဘေးက ကောင်တွေ ခြေဥ ဆိုတာ ဘာသိမှာလဲ။ နိုင်ငံရေးသမားတွေမြှောက်ပေးနေတာဆိုတဲ့ လောဂျစ်ကို ခုထက်ထိ သုံးနေကြဆဲဆိုတော့ ကျနော့်အမြင်က သူတို့သာတကယ့် “နလပိန်းတုံး”တွေဖြစ်နေတာပါလို့ ပြောပါရစေ။ လွှတ်တော်မှာ ၂၅%ကိစ္စကို ဘယ်တောသားမေးမေး။ ဝန်ကြိးဌာန ၃ခုကိစ္စကို ဘယ်ဆင်းရဲသားမေးမေး စစ်တပ်က သမ္မတလောင်းတင်မဲ့ကိစ္စ ကို ဘယ်လမ်းဘေးကလူထုကိုမေးမေး သိနေကြပါတယ်။အပြင်းအထန်လဲ ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

ကျနော့်အမြင်ကတော့ လူထုကြိးဟာ ၂၀၀၈ခြေဥကိုတိုက်ဘို့ အသင့်အနေအထားဖြစ်နေပြီဆိုတာပါဘဲ။ ၂၁ ပင်လုံဆို တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ နိုင်ငံရေးဘောင်တခုမဟုတ်ဘဲ စစ်ဘောင်တခုအဖြစ်ကျနော်တော့ ရှင်းရှင်း လင်း လင်းမြင်တယ်။လူထုကို လိမ်ဘို့ကွင်းရှာတာထက်မပိုပါဘူး။နိုင်ငံရေးဆိုတာလဲ ရိုးသား ဘို့နဲ့လူထုအကျိူးကိုဆောင်ဘို့ လိုပါတယ်။များသောအားဖြင့် နိုင်ငံရေးသမားတွေကျဆုံးရခြင်းဟာ မရိုးသား မှုတွေကြောင့်ဆိုတာတော့ အထူးပြော ဘို့လိုမယ်မထင်ပါ။

တကယ် အနှစ်သာရရှိရှိလုပ်ရမှာက ရှင်းရှင်းလင်းလင်းရှိပါတယ်။ လူထုအားကို အခိုင်အမာအသုံးချတဲ့ ခေါင်း ဆောင် မှုအနုပညာပါဘဲ။

(၁) လူထုအတွင်း ငြိမ်းချမ်းရေးလိုလားတဲ့ လူထုငြိမ်းချမ်းရေးကော်မတီတွေဖွဲ့ပြီး လူထုကိုငြိမ်းချမ်းရေးစင်ပေါ် တင်ရ ပါမယ်။(ဆရာကြီးသခင်ကိုယ်တော်မှိုင်းလုပ်သွားတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု)

(၂) အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကို ဦးဆောင်ဘို့ ပျက်ကွက်ရင်လဲ လူထုကကိုယ်လုပ်ရမဲ့ တာဝန် အရ လူထုငြိမ်းချမ်းရေးကော်မတီတွေဖွဲ့ပါ။ (ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ဘယ်အစိုးရကမှ တာဝန်ပေးတာမဟုတ်ပါဘူး။ လူထုအစီအစဉ်နဲ့ ဆောင်ရွက်ခဲ့တာပါ။)

(၃) ငြိမ်းချမ်းရေးလုပ်ငန်းဟာ သိတ်အရေးကြီးပါတယ်။ နောင်အနာဂါတ်မြန်မာနိုင်ငံတော်အတွက်ရော ကျနော် တို့ မျိူးဆက်တွေဖြစ်တဲ့ နောင်လာနောက်သားတွေအတွက်ရောဆိုတာကို လေးနက်ကြဘို့ အလွန်အရေးကြီး တဲ့ ကိစ္စ ကြီးဘဲဖြစ်ပါတယ်။

(၄) နိုင်ငံတကာအတွေ့အကြုံအရ လူထုအားမပါဘဲ ပြည်တွင်းငြိမ်းချမ်းရေးလုပ်မယ်ဆိုတာ စိတ်ကူးယဉ်တာ ဖြစ်ဖြစ် လိမ်တာညာတာဖြစ်ဖြစ် ခေတ်စကားနဲ့ပြောရရင် ဂျင်းအကြိးကြီးထည့်တာထက်မပိုပါဘူး။

(၅) သေချာတာက ကနေ့စစ်ဗိုလ်ချူပ်ဟောင်းသစ်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးမလိုချင်ကြပါဘူး။ ပြည်တွင်း စစ်ဟာ သူတို့အတွက် ၂၀၀၈ဖွဲ့စည်းပုံလိုဘဲ ဘုရားသခင်က ပေးထားတဲ့ ဆုလာဘ်ကြီး ဆိုတာပါ။ ခေါင်းကိုပန်း ဖြစ်အောင်လိမ်လို့ရတယ်။ လက်ရှိအစိုးရအပေါ်လဲ အေးအေးဆေးဆေး ပြည်တွင်းစစ်ကိုပြပြီး အကြပ်ကိုင်နိုင် တယ်။ စစ်လက်နက်ပစ္စည်းဝယ်ယူရေးအကြောင်းပြပြီး ဘဏ်စာရင်းထဲငွေထပ်ဖြည့်လို့ရတယ်။ မကြေနပ်ရင် မ ကြေနပ်သလို တိုင်းရင်းသားတွေကို နှိပ်ကွပ်လို့ရတယ်။ ပြောရရင်အများကြီးပါ။ဘာမဆိုလုပ်လို့ရတဲ့ လိုတာရ ဆေးကြီးပါဘဲ။ (ဗိုလ်မင်းအောင် ဂျင်းထည့်လေ့ရှိသလို ပြည်တွင်းငြိမ်းချမ်းရေးကို သူတို့အလိုချင်ဆုံးဆိုပြီး ပြောလေ့ရှိတာကို သတိထားမိပါတယ်။ပြောပြီးတော့မှ ဟိုအဖွဲ့ကို ရန်စလိုက် ဒီအဖွဲ့ကို အနိုင်ကျင့်လိုက် စစ် ပွဲတွေရပ်ချင်ရပ် လေ ျှာ့ချင်လေ ျှာ့ တင်းချင်တင်း ဗိုလ်မင်းအောင်လှိုင် အစွမ်းတွေပြတော့တာပါ။)

(၆) NLD ပါတီတခုထဲအနေနဲ့ လူထုမပါဘဲ လွှတ်တော်ထဲကဖြစ်ဖြစ်၊၂၁ပင်လုံက ဖြစ်ဖြစ် ၊ ပြည်တွင်းငြိမ်းချမ်း ရေးကိုဖြစ်စေ၊၂၀၀၈ခြေဥပြင်ဆင်ရေးကိုဖြစ်စေ ထိထိရောက်ရောက်လုပ်နိုင်ဘို့ သိတ်ကိုခက်ခဲပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဘို့အတွက် စစ်ဘောင်ကိုလေ ျှာ့ချင်ရင် လူထု ဘောင်ချဲ့ရုံမှတပါး အခြားမရှိကြောင်းပါဗျာ။


ကိုအောင်မှိုင်း
၂၁ရက် နိုဝင်ဘာလ ၂၀၂၀ခုနှစ်။