Breaking News

ကိုအောင်မှိုင်း - ဒုက္ခသည်တမ်းချင်း ...



ကိုအောင်မှိုင်း - ဒုက္ခသည်တမ်းချင်း ...

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၀


အိမ်ဆိုတာ
လူ့အဖွဲ့အစည်းအတွက်
ကြီးကျယ်ခန်းနားတဲ့ သင်္ကေတပေါ့။

နေ့စဉ်ခံစားနေရတဲ့
နှလုံးသားရဲ့ နာကျည်းမှုတွေအတွက်
အိမ်ဆိုတာ အိမ်မဟုတ်နိုင်တော့။

ဘဝတခု လုံခြုံဘို့အတွက်
အိမ်ဆိုတာ ဘဝထဲကနေ
လွင့်စင်ထွက်သွားခဲ့တော့တယ်။

အဖေမရှိတော့
အမေလဲမရှိတော့
ညီလေးလဲမရှိတော့
မေ့ခဲ့ရတာတွေ
မေ့ပစ်ခဲ့တာတွေ
မေ့ပျောက်ခဲ့ရတာတွေက များမှများ
ကိုယ့်နာမည်တောင် မေ့တေ့တေ့ရယ်။

အကြင်နာတရားတွေကို
အဓ္ဓမယူဆောင်သွားပြီးတဲ့နောက်
အနာဂတ်ဆိုတာလည်း
အနာဂတ်သက်သက်ပါဘဲ
အမေ့ခံပုံရိပ်များဆိုပြီး
နမိတ်ပုံပေါင်းများစွာသာ
သင်္ကေတတွေအဖြစ်ကျန်ခဲ့ပေါ့။

ဒီနောက်တော့
ငါ့တို့ကို ဒုက္ခသည်လို့
မင်းတို့ လွယ်လွယ်ခေါ်ခဲ့ကြတော့တယ်။

ကိုအောင်မှိုင်း
၂၇ရက် နိုဝင်ဘာလ ၂၀၂၀ခုနှစ်။