Breaking News

လွတ်လပ်မိုး - မိမိကိုယ်ကို အလောင်းဖျောက်ဖျက်မှု


မိမိကိုယ်ကို အလောင်းဖျောက်ဖျက်မှု

လွတ်လပ်မိုး

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၀


ဘဝရဲ့ဘယ်အစိတ်အပိုင်းက

ပုပ်သိုးဆွေးရိနေခဲ့လဲ

တမာရွက်ပြုတ်ရည်နဲ့ ဖန်ရည်ဆေးဖို့ လိုအပ်ပါတယ်


အပြင်မှာ နာရီအနည်းငယ် ဖြောင့်တန်း နောက်ကျ

အတွင်းမှာ နာရီများစွာ ကွေးကောက်

တရားဦးကို မီတယ်ဆိုရုံ ဘူးခံ

သူ့အတိုင်း ထားပါ

အဖုံး အကာ

လေသလပ် ခြောက်သွေ့

စိုထိုင်း သိပ်သည်းဆများ အရည်ပျော်


ရှေ့လာမယ့် အနာဂတ်နှစ် နှစ်ဆယ်က

လူသေအလောင်းဟာ

သွေးရိုးသားရိုး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ်


ဒီနေ့ထံ

အတွင်းသတင်းတခုလို ပေါက်ကြားလာ

ပုံသဏ်ဠာန်ပျက်နေတော့

ဘယ်သူ ဘယ်ဝါ ခန့်မှန်းစွပ်စွဲဖို့

လမ်းစပျောက်


စိတ်ကူးနဲ့ခန့်မှန်း ခဲခြစ်ပုံကြမ်းအရ

သက်ဆိုင်ရာက ငါ့ကိုပဲ ဖမ်းလိုက်ကြတယ်


မျက်မြင်သက်သေ မရှိ

ငါ့စိတ်ကွယ်ရာ၌ ငါမရှိ။  ။