ကိုသန်းလွင် - ပြင်သစ်ကျောင်းများနှင့် ယဉ်ကျေးမှု
ကိုသန်းလွင် - ပြင်သစ်ကျောင်းများနှင့် ယဉ်ကျေးမှု
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၀
(၁)
သူတို့သည်စာသင်ခန်းတစ်ခန်းထဲမှာ အလွယ်တကူဆုံမိနိုင်ကြပါသည်။ နိုင်ငံခြားမှပြောင်းလာသည့် ဆယ် ကျော်သက်အရွယ်နှင့် နိုင်ငံ၏ယဉ်ကျေးမှုရေးရာများကိုပို့ချသည့် ကျောင်းဆရာတို့ အချင်းချင်းတွေ့ဆုံကြရန်လွယ်ကူပါသည်။ သို့သော်သူတို့သည် ဤအခင်းမဖြစ်မီကအထိ မတွေ့ဘူးကြပါ။
၁၈ နှစ်အရွယ်ရှိပြီဖြစ်သော ကျောင်းသားအရွယ် အန်ဇိုရော့ (Abdoullakh Anzorov) သည် အသက် ၆ နှစ်အရွယ်မှစ၍ ပြင်သစ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ သူသည် ပြင်သစ်အစိုးရကျောင်းမှ ထွက်သည့် လူငယ်တစ်ဦး ဖြစ်ပါသည်။ ပြင်သစ်ပြည်၏ ယဉ်ကျေးမှုတန်ဖိုးများကို လစ်လျူရှုခဲ့ပြီး မဖော်ပြနိုင်လောက်အောင်ဆိုးရွားသည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါသည်။ ဆရာဖြစ်သူ ဆင်မြူရယ် ပေတီ (Samuel Paty) သည် အလယ်တန်းကျောင်းတစ် ကျောင်းမှ သမိုင်းဆရာဖြစ်ပြီးယေရှုခရစ်နှင့်တမာန်တော်မိုဟာမက်၏ “ကယ်ရီရေးချား”(Caricature)တကြောင်း ဆွဲ ပုံများဖြင့် ဘာသာရေးရာများကို ပို့ချခဲ့ပါသည်။ အန်ဇိုရော့ က အောက်တိုဘာလ ၁၆ ရက်နေ့က ဓါးရှည်ဖြင့် ခေါင်းဖြတ်သတ်ခဲ့ပြီး ရဲများရောက်လာသောအခါ ရဲတို့ ၏သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပါ သည်။
(၁)
သူတို့သည်စာသင်ခန်းတစ်ခန်းထဲမှာ အလွယ်တကူဆုံမိနိုင်ကြပါသည်။ နိုင်ငံခြားမှပြောင်းလာသည့် ဆယ် ကျော်သက်အရွယ်နှင့် နိုင်ငံ၏ယဉ်ကျေးမှုရေးရာများကိုပို့ချသည့် ကျောင်းဆရာတို့ အချင်းချင်းတွေ့ဆုံကြရန်လွယ်ကူပါသည်။ သို့သော်သူတို့သည် ဤအခင်းမဖြစ်မီကအထိ မတွေ့ဘူးကြပါ။
၁၈ နှစ်အရွယ်ရှိပြီဖြစ်သော ကျောင်းသားအရွယ် အန်ဇိုရော့ (Abdoullakh Anzorov) သည် အသက် ၆ နှစ်အရွယ်မှစ၍ ပြင်သစ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ သူသည် ပြင်သစ်အစိုးရကျောင်းမှ ထွက်သည့် လူငယ်တစ်ဦး ဖြစ်ပါသည်။ ပြင်သစ်ပြည်၏ ယဉ်ကျေးမှုတန်ဖိုးများကို လစ်လျူရှုခဲ့ပြီး မဖော်ပြနိုင်လောက်အောင်ဆိုးရွားသည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါသည်။ ဆရာဖြစ်သူ ဆင်မြူရယ် ပေတီ (Samuel Paty) သည် အလယ်တန်းကျောင်းတစ် ကျောင်းမှ သမိုင်းဆရာဖြစ်ပြီးယေရှုခရစ်နှင့်တမာန်တော်မိုဟာမက်၏ “ကယ်ရီရေးချား”(Caricature)တကြောင်း ဆွဲ ပုံများဖြင့် ဘာသာရေးရာများကို ပို့ချခဲ့ပါသည်။ အန်ဇိုရော့ က အောက်တိုဘာလ ၁၆ ရက်နေ့က ဓါးရှည်ဖြင့် ခေါင်းဖြတ်သတ်ခဲ့ပြီး ရဲများရောက်လာသောအခါ ရဲတို့ ၏သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပါ သည်။
(၂)
ပြင်သစ်တစ်နိုင်ငံလုံးက ဆရာလုပ်သူကိုလေးစား ဂုဏ်ပြုခဲ့ကြပါသည်။ ဤတိုက်ခိုက်မှုမှာ ပြင်သစ်ပြည်၏ အုတ်မြစ်ကိုတွန်းလှန်သည်နှင့်တူနေပါသည်။ ပြင်သစ်ပြည် ပြင်သစ်ကျောင်းသား ပြင်သစ်ကျောင်းမှာ ဤဖြစ်ရပ်များ ဖြစ်ပျက်ခဲ့ပါသည်။ ပြင်သစ်သမ္မတကြီးက ကျောင်းဆရာတို့၏ လုံခြုံမှု ၂ ဆတိုး၍ကာကွယ် ပေးသွားမည်ဟု ပြောပါသည်။ ပြင်သစ်တို့အဖို့ မိမိကျောင်းသားသည် တန်ဘိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်ပါသည်။
ပြင်သစ်ပြည်တွင် ဘာသာရေးနှင့် နိုင်ငံရေးမှာများစွာကွဲပြားပြီး ၄င်းတို့၏အချင်းချင်းဟန်ချက်ညီမျှစွာ ပူး ပေါင်းသွားရေးမှာ ပြင်သစ်ကျောင်းများ၏အဓိက သင်ကြားပို့ချချက်များလည်းဖြစ်ပါသည်။ မျိုးဆက်သစ် ၂ ခု သို့မဟုတ် ၃ ခုတို့မှာ ပြင်သစ်ပြည်၏ အဓိကလူနေမှုအဖွဲ့အစည်းအတွင်းသို့ စည်းကမ်းသေသပ်စွာဝင်ရောက်ခဲ့ ကြပါသည်။
သို့သော် ထို့အမြင်ကို ဘာသာရေး အစွန်းရောက် သူများကမှု ပြင်သစ်ပြည်၏ ပညာရေးစနစ်ကိုပြောင်းလဲခြင်း၊ Overhall လုပ်ခြင်းများလုပ်ရန်လိုသည်ဟု ပြောခဲ့ကြသည်။ ပညာသင်ကြားရာတွင် ဘာသာရေးခေါင်း ဆောင်များ၏ကယ်ရီကေးချားပုံများကိုအသုံးပြု၍ သင်ကြားခြင်းကို ပြင်ပကမ္ဘာတွင် အစာမကြေ နိုင်ဖြစ်နေပါသည်။ မွတ်စလင်နိုင်ငံများဖြစ်သော ကာတာ နှင့် ကူဝိတ်နိုင်ငံ အပါအဝင်နိုင်ငံပေါင်းများစွာတို့က ပြင်သစ်လုပ် ပစ္စည်းများကို သပိတ်မှောက်ကြသည်။ တူရကီသမ္မတ ဒက်ဒဝန် ကပြင်သစ်သမ္မတကြီးသည် ”စိတ်ဖောက်ပြန်သွားပြီး ဆရာဝန်များနှင့် ပြကြပါဦး” ဟုပြောရာ ပြင်သစ်က စိတ်ဆိုးမာန်ဆိုးဖြင့် ၄င်း၏သံအမတ်ကို ပြန်ခေါ်သည်။
မစ္စတာ အန်ဇိုရော့သည် ပြင်သစ်တို့၏ ကျောင်းပုံစံကို တော်လှန်လိုက်သောနောက်ဆုံး ပြယုဂ်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်က ညီအစ်ကိုနှစ်ယောက်သည် ကာတွန်း (Charlie Hebdo) ဟာသမဂ္ဂဇင်းကို ပရောဖက်မူဟာမက် ကို ကာတွန်းပုံဖြင့်ပြသောကြောင့်ဟု ဆိုကာ တိုက်ခိုက်ဘူးသည်။
ကျောင်းများသည် ပြင်သစ်ယဉ်ကျေးမှုကိုပြန့်ပွားအောင်လုပ်ရာတွင် အရေးပါသည်ဟု မစ္စတာအိုဘင် (Jean Pierre Obin) အမျိုးသားပညာရေးအရာရှိတစ်ဦးကပြောပါသည်။ တိုင်းပြည်ပေါင်းစုံမှလာသော ကျောင်းသားများ ကို ပြင်သစ်ယဉ်ကျေးမှုကို နားလည်လက်ခံလာစေရန်သင်ပြပေးသည်။ အီတာလီ၊ စပိန်၊ တူရကီ၊ ပိုလန်တို့မှ ဇာတိအမျိုးမျိုး ကွဲပြားကြသော်လည်း ပြင်သစ်ရောက်လျင် ပြင်သစ်လိုတွေးခေါ်ပြုပြင် နေထိုင်တတ်ကြစေရန်သင်ပြပေးသည်။ ဘုရားကျောင်း(Catholic Church) ယူနီယံနှင့် နိုင်ငံရေးပါတီတို့က ယခင်ကလုပ် ဆောင်ခဲ့ကြ သော်လည်း ယခုအခါ၄င်းတို့မှာ အားပျော့ကုန်ကြပြီး ယဉ်ကျေးမှုနှင့်ပါတ်သက်၍ ကျောင်းများကသာကိုင်တွယ် သည် ဟုပြောနိုင်ပါသည်။
ယခုအခါ ပြင်သစ်ပြည်သို့သွားကြသူများသည် ဥရောပတိုက်သားများမဟုတ်တော့ဘဲ၊ လူဖြူလည်း မဟုတ်၊ ရိုမင်ကတ်သလစ်လည်းမဟုတ်တော့သဖြင့် ပြဿနာတက်လာပါသည်။ လူဦးရေ၏ ၁၀% သည် မွတ်စလင်များ ဖြစ်နေပါသည်။ သူတို့၏ ဇာတိနိုင်ငံအဖြစ် ပြင်သစ်ပြည်ကိုယူရန် အစွမ်းကုန်ကြိုးစားသည့်တိုင် အများစုမှာ နိုင်ငံ မရှိသလိုပြုမှုနေကြပါသည်။
ထိုကလေးငယ်များကို လူထုအကြားဝင်နိုင်ရန် ကျောင်းများက အစွမ်းကုန်ကြိုးစားကြပါသည်။ မဒမ်၊ မွန်စီ ယာ စသည်ဖြင့် အချင်းချင်း ခေါ်တတ်စေရန် ယဉ်ကျေးပျူငှါသောဘာသာစကား ကိုကျွမ်းဝင်စေရန်သင်ကြားကြ ပါသည်။ အစကကြည့်ရသည်မှာ အန်ဇိုရော့ သည်လည်းပြင်သစ်လူနေမှုအသိုင်း အဝိုင်းသို့ဝင်တော့မည့်လူငယ် တစ်ဦးကဲ့သို့ ထင်ရပါသည်။ ရုရှားနိုင်ငံချက်ညား (Chechen) မှလာခဲ့ပြီး ၁၀ နှစ်အရွယ်မှာသူတို့ လူမျိုးများနေ ထိုင်ရာ မိသားစု ၅၀ ခန့်ရှိသည့် ပဲရစ်မြို့အနောက်ဘက် ၅၅ မိုင်အကွာမှ Evreus အရပ်သို့ ပြောင်းသွားခဲ့သည်။
ချက်ညားများမှာများသောအားဖြင့် မိမိဖာသာနေတတ်ကြသည်။ သူတို့သည်ပြင်သစ်ကိုလိုနီနယ်များမှ ရွှေ့ ပြောင်းလာကြသည့်သူများနှင့် အတူတကွနေထိုင်သည်။ အလယ်တန်းကို Pablo Neruda ကျောင်းတွင်တက်ခဲ့ ပြီးမိသားစုနှင့်အတူ အထပ် ၅ ထပ်ရှိ တိုက်ခမ်း တခုမှာနေထိုင်သည်။ ၄င်းသည်အကျဉ်းထောင်ကို အပေါ်မှစီးပြီး မြင်နေရသည်။ ချက်ညားစပို့ကလပ် (Spor Club) တွင်အသင်းဝင်ဖြစ်ခဲ့ပြီး စကားများစွာမပြော တိတ်တိတ် ဆိတ်ဆိတ်နေတတ်သည့် ကလေးတစ်ယောက်ဖြစ်သည်။
ဇွန်လအတွင်း တွစ်တာအကောင့်တစ်ခုဖွင့်ခဲ့ပြီး ၄င်းမှနေ၍ ဂျူးများ၊ ခရစ္စယာန်များ၊ ဆော်ဒီအာရေးဗီး ယားမှ အုပ်ချုပ်သူများကိုတိုက်ခိုက်ခဲ့သည်။ သူ့အကောင့်မှာ သူသေပြီး ဖျက်သိမ်းလိုက်သည်။
မစ္စတာပက်တီမှာ ပဲရစ်မြို့အနီးအလယ်တန်းကျောင်းမှ ဆရာ သမိုင်းဆရာတစ်ယောက် ဖြစ်သည်။ သူသည်ယဉ်ကျေးပျူငှါသော လူကြီးလူကောင်းဆန်သည့် လူတစ်ဦးဖြစ်သည်။ သူသည် ပဲရစ်မြို့ တောင်ဘက် ကျေးရွာတစ်ရွာမှ အလယ်တန်းကျောင်းတွင် (၂၀၁၁မှ ၂၀၁၈) ဆရာလုပ်ခဲ့ပြီး စိတ်ထားရှင်းသည်။ သမိုင်း သင်ရာတွင်လက်ရှိရနိုင်သော ဥပမာများဖြင့်သင်ကြားပေးရခြင်းများပါဝင်ပါသည်။ သမိုင်းကိုသင်ရသည်မှာ သေသွားပြီးသူတို့၏အကြောင်းသာမကဘဲ သမိုင်းသင်ကြားရာတွင် တိုင်းသူပြည်သားကောင်း တစ်ယောက်ဖြစ် လာစေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားရခြင်းဖြစ်ပါသည်။ သူသည် နိုင်ငံရေးနှင့် ဘာသာရေးကို ခွဲခြားသင်ပေးပြီး တိုင်း ပြည်နိုင်ငံရေးတွင်ဘာသာရေးက ဝင်မရှုပ်မိစေရန် သင်ကြားပြသသူဖြစ်သည်။ တခါကကျောင်းသူတယောက်သည် ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်ကို လည်ပင်းတွင်ချိတ်လာရာ၄င်းက ဖြုတ်ခိုင်းခဲ့ဘူးသည်။
ကက်သလစ်ဘုရားရှိခိုးကျောင်းများနှင့်ယှဉ်တွဲပြီး ဒီမိုကရေစီပေါက်ဖွားလာရာ နိုင်ငံများသည် ဘာသာရေး ကို မထိခိုက်စေဘဲ သင်ကြရပါသည်။ သမိုင်းသင်ရာတွင် (Freedom Of Expression) ကိုသင်ကြားရာ၌လည်း ဘာသာရေးကိုမထိခိုက်စေဘဲ သင်ကြားပို့ချရပါသည်။ ပို့ချချက်တိုင်းတွင် မည်သူ့ကိုမှပုတ်ခတ်ခြင်းမရှိဘဲ အကယ်၍ ကျောင်းသားများအနေဖြင့် နားမထောင်လိုပါက တစ်ခြားကိုကြည့်နေရန် (သို့မဟုတ်) ထွက်ခွာလိုက ထွက်ခွာသွား နိုင်ကြောင်းခွင့်ပေးထားပါသည်။
(၃)
အသုံးပြုသော ကယ်ရီကေးချားပုံများမှာ Charlie Hedbo မဂ္ဂဇင်းမှပုံများ ဖြစ်ပါသည်။ ယခုလတွင်အသုံး ပြုခဲ့သောမိုဟာမက်ပုံတွင်အဝတ်အစား ဝတ်မထားပါ။ ထို့ကြောင့် များစွာသောကျောင်းသားများနှင့် ၄င်းတို့၏ မိဘများမှာ စိတ်ဆိုး စိတ်ပျက်ကြရပါသည်။
မစ္စတာပတ်တီက ထိုသို့ဖြစ်ရခြင်းအတွက် များစွာစိတ်မကောင်းကြောင်း ကျောင်းသားများကိုတောင်းပန် ပြီးဖြစ်ပါသည်။ ဆရာကတပည့်များကို သင်ကြားပို့ချနေပုံများကို ဆိုရှယ်မီဒီယာများမှတဆင့် ကျောင်းသားမိဘများကတွေ့သွားကြသည်။
မစ္စတာအန်ဇိုရော့မှာ ထိုမီဒီယာကိုကြည့်ပြီး စိတ်ဆိုးလွန်းသဖြင့်သူနေထိုင်ရာ Evreux မှ ၆၀ မိုင်ခရီးကိုလာ ပြီး မစ္စတာပေတီ ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။
ကိုသန်းလွင်
Ref: A Challenge to France’s Core Value Of Assimilation By, Constant Meheut New York Times October 27 2020