ဂျိုးဘိုင်ဒင်ကို အမေရိကန်တွေက သမ္မတအသစ်အဖြစ် တခဲနက် တင်မြှောက်လိုက်ပြီ
ဂျိုးဘိုင်ဒင်ကို အမေရိကန်တွေက သမ္မတအသစ်အဖြစ် တခဲနက် တင်မြှောက်လိုက်ပြီ
မောင်လူပေ ။ (မိုးမခ)၊ နိုဝင်ဘာ ၇၊ ၂၀၂၀
အမေရိကန်ပြည်ထောင်စု၏ (၄၆)ယောက်မြောက် သမ္မတအဖြစ် Joseph R. Biden Jr ကိုရွေးကောက်တင်မြှောက်ခံရသည်ဟု FOX အပါအဝင် သတင်းဌာနအားလုံးက ကြေညာလိုက်သည်။
သမ္မတအဖြစ်တင်မြှောက်ခံရခြင်းကို ဝမ်းမြောက်စွာလက်ခံကြောင်း ဂျိုးဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သမ္မတထရန့်ကမူ ရှုံးနိမ့်မှုကို အလွယ်တကူ လက်ခံမည့်ပုံမရှိပဲ တရားရုံးချုပ်တက်မည်ဟု ဆိုသည်။ Pennsylvania တွင် မဲသုံးသောင်းကျော်ဖြင့် ဂျိုးဘိုင်ဒင်က အသာရပြီး အနိုင်ရသည့်အပြင် Arizona နှင့်Nevada တွင်လည်း သောင်းနှင့်ချီကာ အသာရခဲ့သည်။ ထို့ကြောင့် တရားစွဲမှုများသည် အရာရောက်မည်မဟုတ်ဟု တရားရေးကျွမ်းကျင်သူများက ဆိုသည်။
ရွေးကောက်ပွဲကို လုယက်ခံရသည်၊ ခိုးယူသွားသည် စသည်ဖြင့် စွတ်စွဲနေသော သမ္မတထရန့် ၏ စကားများသည် အခြေအမြစ်မရှိဟု သူ၏ပါတီဖြစ်သော ရီဗာဗလစ်ကင်ပါတီ၏ အထက်လွှတ်တော်အမတ်နှစ်ဦးက ပြောသည်။ အထက်လွှတ်တော်အမတ် မစ်ရော်မနီကလည်း 'သမ္မတအနေဖြင့် တရားရေးအရ တရားစွဲနိုင်သော်လည်း ပြည်သူအများသွေးကွဲစေမည့် စကားလုံးများ မသုံးသင့်' ဟု ပြောကြားသည်။
နေပြည်တော် DC ရှိ အိမ်ဖြူတော်ရှေ့အပါအဝင် နိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ပြည်သူအများက ဂျိုးဘိုင်ဒင်အတွက် အောင်ပွဲခံနေကြသည်။ မြို့တော် DC တွင် သမ္မတသည် ၅% သာ မဲရရှိခဲ့သည်။
သမ္မတထရန့်သည် ၂၀၂၁ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ သမ္မတတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
သမ္မတထရန့်သည် ၂၀၂၁ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ သမ္မတတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။