Breaking News

တိုးနှောင်မိုး - မရယ်ချင်ရယ်ချင်

မရယ်ချင်ရယ်ချင်

တိုးနှောင်မိုး

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၀


သိုးမည်းကရှေ့ကပြေးတယ်

ရန်သူကရှေ့ကပန်းလိုက်တယ်

မုဆိုးကခုမှတောထဲကိုထွက်လာပြီ

အရက်ဆိုင်မှာအမြည်းကိုစောင့်ကြလို့

ခွေးကလှေခါးရင်းမှအိပ်နေတုန်း

ဘင်ခရာတီးဝိုင်းကမြို့ကမုဒိမ်းကျင့်ပြီးပြန်လာတယ်

ဂျစ်ကားရှိတယ်

ဓာတ်ဆီမရှိဘူး

ခြင်္သေ့တွေဂူထဲကထွက်လာပေါ့

ဘုရားရှေ့ကခြင်္သေ့ကဘယ်ရောက်သွားလဲ

ဒေါင်းတွေမကဖို့မှာရတာအမော

နှင်းဆီသည်မှာအခင်းလိုက်ပိုးထိ

မြွေကသူမဟုတ်ကြောင်းအဆိပ်တွေပြန်အန်ကျ

ကြောင်ဟာကြောင်အိမ်ထဲကငါးကြော်ကိုမေ့ထားတယ်

ဝံပုလွေနဲ့ရန်ဖြစ်လိုစပျစ်သီးပြန်ချိုမှာလား

မြေခွေးကဆီးသီးကိုစားနေတယ်

မီးကျောင်းတွေတံတားလုပ်ထားတာလှလိုက်တာ

ရေဘဲတွေထမပြန်သေးဘူး

မန်ဒါလီကစစ်ချီတေးဆိုနေတယ်

ဘဲငန်းတွေလေဖြတ်သွားတာမြင်လိုက်လား

စက်ရုံထဲမှာကျားသစ်လုပ်တဲ့စက်ရှိတယ်

ဆေးရုံကထွက်လာတဲ့ဇီးကွက်တွေကဝပ်ကီတော်ကီနဲ့

ဖုန်းထဲကကျီးကန်းတွေအာလိုက်တာ

အကောင့်တုနဲ့ဇရက်တွေပေါက်ပင်နားရစ်သီရစ်သီ

လက်ပံပင်မှာဥသြကတစ်ကောင်တည်း

ဝက်ဝံတွေသဘောင်္ပြန်တက်ကြတယ်

တောဝက်ကလက်ခမောင်းခတ်

တောကြောင်ခမျာရထားမရှိတဲ့ဘူတာကိုစောင့်လို့

ကိတ်မုန့်ကိုနွားတွေစားနေတယ်

ကျွဲကနိုက်ကလပ်တက်လို့

ဆိတ်ကစိတ်ပျက်နေသလား

သိုးမဲကပြေးနေတယ်

ရန်သူကအရက်ဆိုင်မှာ

မုဆိုးကယုန်ရလာပါတယ်

အရက်ဆိုင်ထဲဘင်ခရာတီးဝိုင်းရောက်လာပြီ

အဲ့ဒီမှာမြို့ကကြေငြာချက်ထုပ်တယ်

ဘုရားကျောင်းကမြက်တွေဘယ်သူရှင်းမှာလဲတဲ့

မိန်းခလေးတစ်ယောက်ရဲ့အော်သံအဲ့လောက်မကျယ်သင့်ဘူး

ကြက်တူရွေးကသာလိကာစိတ်ပေါက်နေပြီး

သာလိကာကကြက်တူရွေးစိတ်ပေါက်နေတယ်

ရွှေငါးတွေအကောင်ပေါက်လာပြီ

နှင်းကျနေလား

စောက်ရူးရောဂါဆိုတာကိုယ်ဖြစ်နေတာလားသူများဖြစ်တာလား

ရောဂါရှိသူကိုပြုစုဖို့ခေါ်သွားတယ်

ရောဂါမရှိသူတွေဒုက္ခများစွာဖြင့်ရှင်သန်ကြ

လမ်းပေါ်မှာခွေးကအူနေတယ်

လှေခါးရင်းကခွေးကအိပ်လို့

ကြွက်သေလည်းအရင်းမပြုနိုင်ဘူး

ပုဇင်ရင်ကွဲအစားလူတွေဝိုင်းအော်နေကြတယ်

အလံကသေမင်းကိုအလေ့ပြုလို့

မောင့်အချစ်မြားကစူးပြီးရင်းစူးနေတယ်

ဓာတ်ပြားဟောင်းမှာကြာနီကန်ဆရာတော်အသံက

ကဲလိုက်ဆို။

15 October 2020

You sent October 15