မောင်စွမ်းရည် - ဦးနု စာစုစာရင်း

မောင်စွမ်းရည် - ဦးနု စာစုစာရင်း
(မိုးမခ) နို၀င်ဘာ ၁၇၊ ၂၀၂၀
ဦးနုကိုတော့ မြန်မာနိုင်ငံ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လို့ လူတိုင်း သိကြမှာပါ။ ဒါပေမဲ့ ‘စာစုစာရင်း’ ဆိုတဲ့ ဝေါဟာရက ပေါ်ပေါက်လာတာ သိပ်မကြာသေးဘူးဆိုတော့ လူတိုင်း သေချာသိကောင်းမှ သိကြပါမယ်။ ဟုတ်ကဲ့၊ ဦးနု စုဆောင်းထားတဲ့ စာတွေလည်း ပါနိုင်ပါတယ်။ အမှန်ကတော့ ဦးနု ရေးတဲ့ ‘စာ’တွေကို စုထားတဲ့ စာရင်းပါ။ စာအုပ်၊ စာရွက်စာတမ်း၊ ပုံနှိပ်စာ၊ ပုံမနှိပ်ရသေးတဲ့ လက်ရေးစာ။ သူ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီ စသဖြင့် အကုန်ပါနိုင်ပါတယ်။
ဒီစာတွေကို ဘယ်မှာ ရှာရမလဲ။ စာကြည့်တိုက်တွေမှာလည်း ရှာရတယ်။ သူ့အိမ်မှာ သူ့ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာလည်း ရှာရမယ်။ သူ ရေးဖူးတယ်လို့ ကြားသိရသမျှ စာနယ်ဇင်းတွေမှာလည်း ရှာရမယ်။ သူ ရေးဖူးတယ်လို့ ကြားသိရသမျှ စာနယ်ဇင်းတွေမှာလည်း ရှာရမယ်။ သူ စာရေးပေးပို့ဖူးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီမှာလည်း ရှာရမယ်။ သူက ဝန်ကြီးချုပ် ဆိုတော့ သူ ပြောဖူးသမျှ မိန့်ခွန်းတွေကိုလည်း စာအုပ်စာပေထဲမှာသာမက တိပ်ခွေတွေထဲမှာလည်း ရှာဖွေကူးယူရမှာ ဖြစ်ပါတယ်။ သူ့စာတွေကို ဘယ်လို လူတွေက လိုက်ရှာမှာလဲ။ သူ့စာအကြောင်း အတ္ထုပ္ပတ္တိရေးဖူးသူတွေနဲ့ သူ့စာတွေကိုချည်း တမင်တကာ လိုက်လံစုဆောင်းသူတွေ ရှိပါတယ်။ သူတို့က လိုက်လံရှာဖွေ စုဆောင်းကြပါလိမ့်မယ်။
သူ့စာတွေကို သူ့တာဝန်အရ လိုက်လံစုဆောင်းရသူ၊ စာရင်းပြုလုပ်သူကတော့ ‘စာကြည့်တိုက်ပညာရှင်’ ဖြစ်ပါတယ်။ စာကြည့်တိုက်မှာ ‘ပညာရှင်’လို့ ခေါ်ရသူ ရှိသေးလို့လားလို့ တချို့က မေးနိုင်ပါတယ်။ စာကြည့်တိုက် ဆိုတာ စာအုပ်တွေကို စုထားတဲ့ အဆောက်အအုံလို့သာ သိထားသူကတော့ အဲသလို ထင်မှာပဲ။ စာကြည့်တိုက်မှာ စာအုပ်တွေက ရာချီ၊ ထောင်ချီ၊ သောင်းသိန်းချီပြီး ရှိနိုင်တယ်ဆိုတော့ ဒီစာအုပ်တွေထဲကနေ ကိုယ် ဖတ်ချင်တဲ့စာအုပ်စာတမ်းတခုကို ချက်ချင်း ရရှိအောင် ဘယ်လို ရှာဖွေထုတ်ယူမှာလဲ။ စာအုပ်စင်တွေ၊ စာအုပ်ဗီရိုတွေ အများကြီးထဲမှာ ဘယ်လို ရှာရမလဲ။ စာရေးဆရာက နာမည်တူလည်း ရှိနိုင်သေးတယ်။ စာအုပ်နာမည်တူလည်း ရှိနိုင်သေးတယ်။
ဒီစာရေးဆရာကလည်း တခြားစာအုပ်တွေ အများကြီး ရေးထားတာလည်း ရှိနိုင်သေးတယ်။ အဲဒါတွေကို အမြန်ရှာလို့ လွယ်အောင် စီစဉ်ထားရှိတဲ့ ပညာဟာ စာကြည့်တိုက်ပညာပါပဲ။ မြန်မာလူမျိုးက တဲငယ်လေးတခုအတွင်းမှာ စာအုပ်ဗီရို လေး ငါး ဆယ်လုံး ရှိရင် များလှပြီ ထင်နေကြတာ။ ဘုန်းကြီးကျောင်းတွေမှာ အလွန်ဆုံး စာအုပ်ဗီရို ဆယ်လုံးလောက် မြင်ဖူးကြမှာပေါ့။ ဒါလောက်ကိုတော့ ကိုယ့်အမှတ်အသားနဲ့ကိုယ် ရှာလို့ လွယ်တာပေါ့။ စာကြည့်တိုက်ကြီးတွေမှာတော့ ဒီလောက် မလွယ်ဘူး။ အမျိုးသားစာကြည့်တိုက်ကြီးကို မဆိုထားနဲ့။ တက္ကသိုလ်စာကြည့်တိုက်ကိုပဲ အလွယ်တကူ သွားကြည့်ပါ။ အထပ် သုံး လေး ငါးထပ်မှာ တထပ် တထပ်စီအတွင်း စာအုပ်ဗီရိုက လေး ငါးဆယ်ဆိုရင် ရှာလို့ ခက်သွားပြီ။ အဲဒီလို စာအုပ်တေွ ရာထောင်သောင်းချီပြီး စီစဉ်ထားရှိတဲ့ပညာကို စာကြည့်တိုက်ပညာ ခေါ်တာပါ။
တချို့တက္ကသိုလ်က ဆရာတချို့ဟာ ဘွဲ့ရသူဖြစ်ပေမဲ့ တက္ကသိုလ်စာကြည့်တိုက်ကိုတောင် အထဲကို ဝင်ကြည့်ဖူးကြတာ မဟုတ်ဘူး။ ရောက်သွားရင်လည်း စာကြည့်တိုက်မှာ စာအုပ်တွေကို ဘယ်လိုရှာရမှန်း မသိဘူး။ ဗီရိုတွေက လိုက်ကြည့်ရတယ်။ မှတ်ထားတဲ့ ကက်တလောက် ဗီရိုအံဆွဲလေးတွေထဲမှာ ကက်တလောက် ကတ်ပြားလေးတွေကို သီတဲ့ သံချောင်းနဲ့ သီထား စီထားတာကို မရှာတတ်ဘူး။ အဲဒါ ဆရာနော်။ တချို့ ပါမောက္ခတွေက စာကြည့်တိုက်မှူးတွေဟာ ဝတ်လုံကြီးတွေ ဝတ်ပြီး သူတို့နဲ့အတူ အခမ်းအနားကြီးတွေမှာ တက်ရောက်တာကို အတူယှဉ်သွားရတာ သနတယ်၊ ဂုဏ်ငယ်တယ် ထင်မှတ်ကြသေးတာ။ ရန်ကုန်တက္ကသိုလ်မှာ စာကြည့်တိုက်ပညာဌာနလို့ ရှိလာတာ မကြာသေးဘူး။ အဲဒီဌာနက ဘွဲ့ပေးတာလည်း မသိကြဘူး။ ဒီသင်တန်းကို ဘီအေ၊ ဘီအက်စ်စီ အောင်ပြီးမှ တက်ရတယ်ဆိုတာလည်း မသိကြဘူး။ ဒီဘွဲ့ယူဖို့ ကျမ်းပြုရတယ်ဆိုတာကိုလည်း မသိကြသေးပါဘူး။ အခုလို ပြောတာ လွန်တယ်ထင်ရင် စုံစမ်းကြည့်ပါ။
စာကြည့်တိုက်ပညာ ဘွဲ့ယူဖို့ ကျမ်းနှစ်မျိုးမှာ တမျိုးမျိုး ကျမ်းပြုရပါတယ်။ တမျိုးက ‘စာစုစာရင်းကျမ်း’ပါ။ နောက်တမျိုးက စာရင်းပြုစုရုံ မဟုတ်ဘူး။ စာပေသမိုင်း ရေးရတာ။ သို့မဟုတ် စာဆိုတော် အတ္ထုပ္ပတ္တိလည်း ရေးနိုင်မယ်။ ဦးနု စာစုစာရင်း ဆိုတာက ဦးနု ရေးသမျှ စာအုပ်၊ စာတမ်းတွေ စာရင်းပါ။ ကတ်ပြားတခုစီအပေါ်မှာ ဦးနုရဲ့ စာအုပ် တအုပ်စီအကြောင်း ပြုစုပြီးသားကို စာကြည့်တိုက်မှာ ရှိရင်တော့ စာစုစာရင်းလုပ်ရတဲ့လူက တနေရာတည်း ရှာရတာ လွယ်တာပေါ့။ ကတ်ပြားကတော့ အဓိက နှစ်မျိုးပဲ ရှိတာပါ။ ဦးနု နာမည် (စာရေးသူအမည်) ကတ်ပြားနဲ့ စာအုပ်စာတမ်း အမည်ကတ်ပြားတွေ ဖြစ်ပါတယ်။ ဦးနု(နု၊ ဦး) ဆိုတဲ့ အမည်နဲ့ ရှာလို့ရနိုင်သလို လူထုအောင်သံ၊ မိတ္တဗလဋီကာ (လူပေါ်လူဇော်လုပ်နည်း) ဆိုတဲ့ စာအုပ်အမည်တွေနဲ့လည်း ရှာလို့ရပါတယ်။
ကတ်ပြားပေါ်မှာ စာရေးဆရာအမည်၊ စာအုပ်စာတမ်းအမည်၊ ထုတ်ဝေတဲ့ ခုနှစ်၊ မြို့၊ နိုင်ငံ၊ စာမျက်နှာများ ဖော်ပြထားတဲ့ စာမြည်းအကြောင်းအရာ အကျဉ်းချုပ်၊ အကြောင်းရေ ၄-၅ ကြောင်းနဲ့ အကျဉ်းချုပ် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ အဲဒီကတ်ပြားပေါ်မှာ ဘာတွေ ပါရမယ်။ ဘာကို အရင်ရေး၊ ဘာကို နောက်ရေး ဆိုတာလည်း ကတ်ပြားရေးသူက သိရပါတယ်။ ကတ်ပြားတပြား ကြည့်ရုံနဲ့ စာအုပ်သတင်းကို အပြည့်အစုံ သိသွားပါတယ်။ အဲဒီကတ်ပြားကို ကတ်တလောက်လို့ ခေါ်တယ်။ ကက်တလောက် ထားတဲ့ ဗီရိုတွေကို ကတ်တလောက်ဗီရိုပဲ ခေါ်ပါတယ်။ အဲဒီကတ်ပြားလေးထဲက စာကို ကူးပြီး စာကြည့်တိုက်ဝန်ထမ်း (စာအုပ်ရှာပေးသူ)ထံကို သွားပြရပါတယ်။ သူက ရှာပေးလိုက်ရင် ကိုယ့်ရဲ့ မှတ်ပုံတင်(ကျောင်းသား/ဆရာ) ကတ်ပြားကို သူက ကူးယူထားပြီး စာအုပ်ကို ငှားလိုက်ပါလိမ့်မယ်။
စာကြည့်တိုက်မှာ စာကူးစက် ရှိပါတယ်။ ဦးနုရဲ့ မိန့်ခွန်းတခု၊ ကဗျာတပုဒ် စသည် ကူးယူနိုင်ပါတယ်။ ဦးနု စာစုစာရင်းကို စာကြည့်တိုက်ပညာဒီပလိုမာဘွဲ့ယူသူတဦးက ပြုစုပါတယ်။ မျိုးသန့်ထွန်း တဲ့။ သူက ဦးနုရဲ့ စာစုစာရင်း ပြုစုရင်းက ဦးနုရဲ့ မိသားစုနဲ့ ဆက်သွယ်မိပြီး ဦးနုရဲ့ အိမ်မှာ ဦးနုရဲ့ ဘုရားခန်း၊ ဦးနုရဲ့ အိပ်ခန်း၊ ဦးနုရဲ့ စာဖတ်ခန်း စတာတွေကို တွေ့မြင်ရပြီး သူ့ရဲ့ စာကြည့်တိုက်ပညာရှင် မျက်စိနဲ့ ဦးနုရဲ့အိမ်ကို ဦးနုရဲ့ ပြတိုက် လုပ်ရရင် ကောင်းမယ်လို့ အကြံရပြီး ဦးနု မိသားစုနဲ့ တိုင်ပင်ကာ ဦးနုပြတိုက် ဖြစ်လာခဲ့ပါတယ်တဲ့။ ပြတိုက်ကို လာကြည့်ရင် ကြည့်သူ၊ ဧည့်သည်တွေကို လိုက်ပြရတာ အလုပ်တခု မဟုတ်လား။ ဒါကြောင့် သူကလည်း တခြားအလုပ် မရှိသေးတော့ သူပဲ ဦးနု ပြတိုက်မှူးတာဝန်ကို ယူလိုက်ပါတယ်။ ဦးနုရဲ့ ဝင်ဒါမီယာ အိမ်မှာပဲ ပြတိုက် လုပ်ထားတာပါ။ ဦးနု အိမ်က ရိုးရိုးတထပ်အိမ်ပါပဲ။ သူ စာမူခရတဲ့ငွေနဲ့ ဆောက်ထားတဲ့အိမ်လို့ ဆိုပါတယ်။ ခုခေတ် ဝန်ကြီးချုပ်တို့၊ သမ္မတတို့လို ဟိုတယ်ကြီးတမျှ ကြီးကျယ်တဲ့ သုံး လေးထပ် အုတ်တိုက်ကြီး မဟုတ်ရှာပါ။ မြေကွက်လပ်လည်း မရှိပါ။ ဦးနုရဲ့ သမီး ဒေါ်စန်းစန်းနုနဲ့ ဒေါ်သန်းသန်းနုတို့ နေကြပါတယ်။ အသက် ၈၀ ကျော်တွေပေါ့။ သူတို့က လိုက်မပြနိုင်လို့ ပြတိုက်မှူး ခေါ်ထားပြီး လခပေးထားရသတဲ့။
ကျွန်တော် သွားပြီး ဦးနုပြတိုက်ကို ကြည့်တော့ ပြရုံ ပြထားတာပဲ ရှိပါသေးတယ်။ ပြတိုက်ပညာရှင်၊ စာကြည့်တိုက်ပညာရှင်ရဲ့ လက်ရာ ခြေရာ မတွေ့ခဲ့ရသေးပါ။ မူလကအတိုင်း ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း စသည် ဒါပဲ ရှိပါတယ်။ အနည်းဆုံး စာအုပ်တွေကိုတောင် စာစုစာရင်း ပြုစုပြီး စနစ်တကျ မထားရသေးပါ။ ဦးနု ဖတ်ရှုဖို့ ဝယ်ထားတဲ့ အင်္ဂလိပ်လို စာအုပ်တွေက အပေါ်ထပ်မှာတဲ့။ ပြမထားသေးပါ။ အဲဒါတွေကိုလည်း အမည်စာရင်းနဲ့တကွ ကက်တလောက် တင်ထားသင့်ပါတယ်။
ကျွန်တော် သွားတော့ ပြတိုက်ရယ်လို့ လုပ်ခါစဖြစ်လို့တဲ့။ ဘာစာရင်းမှ မပြုစုရသေးပါ။ ဘုရားစင်၊ ဘုရားခန်းမှာတော့ ဘုရားဆင်းတုတော်အမျိုးမျိုး ရာထောင်ချီပြီး ရှိမယ် ထင်ပါတယ်။ အဲဒါတွေလည်း ဖြစ်နိုင်ရင် အမျိုးအစားခွဲထားရမှာပဲ ဖြစ်ပါတယ်။ အနည်းဆုံး သစ်သားဆင်းတုနဲ့ ကျောက်ဆင်းတုတော့ ခွဲနိုင်ပြီပေါ့။ ဆင်းတု ဘယ်နှဆူလဲ မေးတော့ မရေမတွက်ရသေးပါတဲ့။
မျိုးသန့်ထွန်းဟာ တက်ကြွတဲ့ လူငယ်စာကြည့်တိုက်မှူး ဖြစ်ပါတယ်။ ဦးနု စာစုစာရင်းပြုစုသူ ဦးနုပြတိုက်မှူး ဖြစ်နေတာဆိုတော့ ဦးနုအကြောင်းကို အထူးသိသူ၊ ပညာရှင်သိနဲ့ သိသူ ဖြစ်ပါတယ်။ စာရေးဆရာတဦးရဲ့ စာစုစာရင်းများ ထုံးစံအတိုင်း စာရေးသူရဲ့ အတ္ထုပ္ပတ္တိအကျဉ်း လေး ငါးမျက်နှာ၊ စာရေးသူရဲ့ ဘဝဖြစ်စဉ် ရက်စွဲစဉ်က လေး ငါးမျက်နှာ ပါရှိပြီး စာစုစာရင်းမှာတော့ ဦးနု ရေးတဲ့ စာအုပ်စာပေ ၁၂၂ ခု ရှိပါတယ်။ အဲဒါက မြန်မာဘာသာနဲ့ပါ။ အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ စာအုပ်စာတမ်းအမည် ၁၆ ခု ပါဝင်ပါတယ်။ မိန့်ခွန်း၊ ဆောင်းပါးတွေပါဆိုရင် ၁၂၈ ပုဒ် ပါဝင်ပါတယ်။
ဦးနုအကြောင်းကို သူများတွေ ရေးထားတာတော့ ပုဒ်ရေ ၆၀ လောက်ပဲ ရှိပါတယ်။ ဆရာကြီးရွှေဥဒေါင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးသိန်းဖေမြင့်၊ အိုးဝေဦးညိုမြ၊ ဒဂုန်တာရာ၊ တက္ကသိုလ်စိန်တင်၊ သန်းဝင်းလှိုင် စတဲ့ စာရေးဆရာတွေ ရေးကြတဲ့ စာရင်းကို တွေ့ရပါတယ်။ နောက်ဆုံးပိုဒ်မှာ ထုံးစံအတိုင်း အက္ခရာစဉ်အညွှန်းများလည်း ပါရှိပါတယ်။ စာမူအက္ခရာစဉ် အညွှန်းတွေမှာ စာမျက်နှာတွေ မပါတာတော့ ပြဿနာပါပဲ။
ဦးနု ဆိုတာ စာရေးဆရာ၊ ဝန်ကြီးချုပ် ဖြစ်လို့ နာမည်ကြီးပါတယ်။ ကမ္ဘာကျော်သူပါ။ ဒါပေမဲ့ သူ့ရဲ့ စာစုစာရင်း စာအုပ်က စာမျက်နှာ ၁၆၅ မျက်နှာပဲ ရှိပါတယ်။ ဓာတ်ပုံအနည်းငယ် ပါရှိပါတယ်။ ဦးနုရဲ့ ကလောင်အမည်ခွဲ ၁၈ ခုတောင် ရှိကြောင်း သိရတာတော့ အံ့ဩပါတယ်။ ဒီလို စာစုစာရင်းကို စာအုပ်အဖြစ် ပုံနှိပ်တာ ဒါဟာ ပထမဆုံး ဖြစ်မယ် ထင်ပါတယ်။
မောင်စွမ်းရည်ရဲ့ စာကြည့်တိုက်၊ သင်တန်းဘွဲ့ယူစာတမ်းကတော့ စာစုစာရင်း မဟုတ်ပါ။ ‘စာပေ ဝေဖန်ရေးသမိုင်းကျမ်း’ တဲ့။ ဘွဲ့ယူကျမ်း နှစ်စောင် ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တာပါ။
မျိုးသန့်ထွန်းရဲ့ စာအုပ်မှာ စာကြည့်တိုက်ပညာ ဌာနမှူး ပါမောက္ခဦးသော်ကောင်းရဲ့ အမှာစာနဲ့ မောင်စွမ်းရည်ရဲ့ အမှာစာ ပါရှိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးလှ၊ ဒေါ်အမာ၊ ဒဂုန်တာရာ၊ ဒေါင်းနွယ်ဆွေ တို့ စာစုစာရင်းများနဲ့အတူ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ရဲ့ စာစုစာရင်းများလည်း ပြုစုပြီးပြီလို့ သိရပါတယ်။
တချို့ဆို့ လူထုတိုက်က ယူပြီး ထုတ်ဝေသင့်ပါတယ်။ သက်ဆိုင်ရာကို ခွင့်တောင်းရပါမယ်။ မျိုးသန့်ထွန်းရဲ့ ဦးနု စာစုစာရင်းနဲ့ မောင်စွမ်းရည်ရဲ့ စာပေဝေဖန်ရေးသမိုင်းကျမ်းကို မဟာဘွဲ့ယူစာတမ်းများထဲက ပထမဆုံးကျမ်းတွေ ဖြစ်ပါတယ်။ နောက်ထပ် ဒီလိုစာအုပ်တွေ ထွက်ပေါ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါကြောင်း။
မောင်စွမ်းရည်
၄ နိုဝင်ဘာ ၂၀၂၀
နယူးယောက်