Breaking News

တည်ဘွားဦး - ကောင်းကင်နီနီ


 ကောင်းကင်နီနီ

တည်ဘွားဦး

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၀


ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရှိပါ့မလား။ 


သားကောင်တွေတိုင်း

ထွက်ပြေးနေတာမဟုတ်ဘူး

မုဆိုးလည်း ထွက်ပြေးရတာပဲ။


မုသားသုံးတိုင်း မှန်တယ်ထင်နေသလား။ 


တရားကိုလည်း နတ်က မစောင့်ရှောက်နိုင်

နတ်ကိုလည်း တရားက မစောင့်ရှောက်နိုင်။ 


ငရဲနဲ့ နိဗ္ဗာန်ဆိုလည်း ငရဲနဲ့ နိဗ္ဗာန်လိုက်

မှားနေတာတွေကိုတော့

ဘယ်တော့မှ မှန်ပါတယ်လို့မပြောဘူး။


သံသရာက တိုတိုလေးပါ

ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောဘူး

မိုးကောင်းကင်ကြီးက နီေနေပြီ။ ။ 


အောက်တိုဘာ ၁၉၊ ၂၀၂၀

ည- ၉း ၂၆