ဇင်လင်း - ၂၀၂၁ နှစ်သစ်တွင် တိုက်ပွဲများ လုံးဝရပ်စဲနိုင်ပါစေ

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၂၀
ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ် ရထားကြီးသည် သူ၏ ခရီးလမ်းဆုံးဘူတာသို့ ရောက်တော့မည်။ ဤရထားပေါ်မှ ဆင်းသူ များလည်း ဆင်းသွားခဲ့ပြီ။ တက်သူများလည်း တက်လာခဲ့သည်။ ချရမည့် ကုန်စည်များကိုလည်း ချထားခဲ့ပြီးဖြစ်သကဲ့သို့ တင်ဆောင်ရမည့် ကုန်စည်များကိုလည်း တင်ဆောင်လာခဲ့သည်။ ဤသို့ဖြင့် ဒီဇင်ဘာ-ဇန္နဝါရီ လမ်းဆုံဘူတာသို့ ရောက် လျှင် လိုက်ပါလာသည့် ခရီးသည်များနှင့် တင်ဆောင်လာသည့် ကုန်စည်များကို ၂၀၂၁ ရထားအသစ်ပေါ်သို့ လွှဲပြောင်း တင်ပေးရတော့မည်။ ၂၀၂၀ ပြည့်နှစ်က ၂၀၂၁ ခုနှစ်ထံ လွှဲပြောင်းပေးမည့် အရာကိစ္စများစွာအနက် အရေးအကြီးဆုံး ကိစ္စ ကို ပြောပါဆိုလျှင် “ပြည်တွင်းစစ်ရပ်စဲ၍ ငြိမ်းချမ်းရေးဖေါ်ဆောင်ရန်” ဖြစ်သည်။
နှစ်သစ် ၂၀၂၁ အဖွင့်တွင် ရ၃ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနှစ်ပတ်လည်နေ့ အခမ်းအနားကို တွေ့ရမည်။ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ် ပဋိပက္ခက ယခုတိုင် နိဂုံးမသတ်နိုင်သေး။ အဘယ်ကြောင့် ဆိုသော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အကောင်အထည်ဖေါ်ရာတွင် ဆွေးနွေးပွဲများအတွင်း ကြိုတင်စည်းကမ်း ကန့်သတ်ချက်မူဘောင် တင်းကျပ်လွန်းသည်ဟု ဝေဖန်သံများရှိနေသည်။ အပြန်အလှန် ယုံကြည်မှု ခိုင်မာရေးတည်ဆောက်သင့်ကြောင်း သိကြသော် လည်း တာဝန်ရှိ ဘက်အသီးသီးက တရားသေအစွဲများကို လက် မလွှတ်နိုင်ကြသဖြင့် ယုံကြည်မှု မရနိုင် ဖြစ်နေသည်။ လက်ရှိ ဖြစ်စဉ်များကို လေ့လာကြည့်ပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs) ဘက်က အချုပ်အချယ်များလွန်း သည့် မူဘောင်အကျဉ်းအကျပ်အတွင်းမှ ထွက်၍ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းလိုပုံရသည်။
အပြန်အလှန် ယုံကြည်မှု ကင်းမဲ့နေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးသွားသော်လည်း သေနတ်သံများ ဆက်လက် ပေါ်ထွက်နေဆဲ ရှိသည်။ အချိန်ကုန် ဘဏ္ဍာငွေကြေးကုန်ကြရခြင်းထက် စစ်ပြိိုင်ဘက် အသီးသီးမှ စစ်သည်များ သေကျေ အနာတရဖြစ် ခြင်းကြောင့်လည်းကောင်း၊ စစ်ဖြစ်ရာဒေသများမှ ဒေသခံများ စစ်ရှောင်ဒုက္ခသည်များ သေကျေအနာတရ ဖြစ်ရခြင်းကြောင့်လည်းကောင်း၊ ပြည်သူအများ စိတ်ဆင်းရဲဒုက္ခ ရောက်ကြရသည်။ ဆယ်စုနှစ်များစွာအတွင်း ကုန်ကျခဲ့ရ သော စစ်အသုံးစရိတ်များကို နိုင်ငံတော်၏ ပညာရေး ကျန်းမာရေးကဏ္ဍများ၌သာ သုံးစွဲခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံသည် အနည်းဆုံး အာဆီယံ ဒေသအတွင်းတွင် လူနေမှုအဆင့်အတန်း မြင့်မားသော ပြည်ထောင်စု တစ်ခု ဖြစ်နေလောက်ပေပြီ။
၂၀၂၀ ရွေးကောက်ပွဲအလွန်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့သဖြင့် ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာသည်ကို မြင်နေရသော်လည်း၊ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး က အဆိုးမြင်ဖြင့် ငြိမ်းချမ်းရေးပြဿနာကို မချဉ်းကပ်မိရန် သတိထားသင့်ကြသည်။ ယခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သည့် နိုင်ငံတော် သမ္မတ ၏ သဝဏ်လွှာတွင် တိုင်းရင်းသား အခွင့်အရေးတောင်းဆိုမှုနှင့် ပတ်သက်၍ သမ္မတဦးဝင်းမြင့်က “မိမိတို့တိုင်းရင်းသားများ အခွင့်အရေးအတွက် လက်နက် ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများအား အထိအခိုက် အနစ်နာဆုံး ဖြစ်စေသည်ကို သက်ဆိုင်သူ များအားလုံး သတိပြုသင့်ပါသည်” ဟု ဖေါ်ပြထားသည်။
ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားများအနေဖြင့် မိမိတို့လိုလားချက် ကို ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် လွှတ်တော်အတွင်း တင်ပြတောင်းဆိုနိုင်သကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးများတွင်လည်း တွေ့ဆုံညှိနှိုင်းသည့် နိုင်ငံရေးလမ်းကြောင်းများ ဖွင့် ပေးထားပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်မည့် အခြေအနေတစ်ခုသို့ ရောက်ရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထူးမေတ္တာရပ်ခံ တိုက်တွန်းထားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပခြင်း မလုပ်နိုင်ခဲ့သည့် ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ်များတွင် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးစေလိုကြောင်း၊ ရခိုင့်တပ် AA အဖွဲ့ ၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နေ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားကြောင်း မဇ္ဈိမသတင်းအရ သိရသည်။ ရခိုင်ပြည်နယ်သည် နိုင်ငံ့စီးပွားရေး၊ လူမှုရေး၊ ပထဝီ အနေအထားအရ အရေးပါသည့် ဒေသတစ်ခု ဖြစ်သည် နှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို သတိမူ၍ နိုင်ငံတော်၏ အကျိုးစီးပွားသည်သာ ပထမဆိုသည့် အသိတရားကို လက်ကိုင်ထားရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ ဖြစ်ပွားခဲ့သည့် နှစ်နှစ်နီးပါးကြာ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ နှစ်သိန်းကျော် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည်။ လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်နေသည့်အတွက် ဒေသခံ အချို့ နေရပ်သို့ ပြန်နေကြပြီ ဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ကြွေးကြော်နေသည့် ဖက်ဒရယ်ပြည်ထောင်စု လမ်းစဉ်ကို အကောင်အထည်ဖော်ပြီး တိုင်းရင်းသား တန်းတူ ညီမျှရေးနှင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်မှသာ ငြိမ်းချမ်းရေးကို ဦးတည်နိုင်လိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“အစိုးရရယ်၊ တပ်မတော်၊ AA ရယ် အဲဒီလိုမျိုး သုံးဦး၊ သုံးကိုယ်စားလှယ် ဆွေးနွေးမှုတွေ လုပ်ပြီးမှ မြန်မြန်ဆန်ဆန် ဒေသဖွံ့ဖြိုးရေးကို လုပ်နိုင်လာမယ်၊ ဒေသဖွံ့ဖြိုးရေးကို လုပ်နိုင်လာလေ၊ ပြည်သူတွေက ငါတို့လည်း အခွင့်အရေးရလာ နေပြီ၊ တန်းတူညီတူ ရလာနေပြီဆိုတဲ့ ခံစားမှုတွေ မြန်မြန် ပေါ်ပေါက်လာမှာပေါ့။ အဲဒါဆိုရင် လက်နက်ကိုင်ချင်စိတ် သိပ်ပြီးတော့ ရှိကြမှာ မဟုတ်ဘူး။ ဥပဒေဘောင်ထဲက ပြောလို့ရရင် လက်နက်မကိုင်ဘူး။ ဥပဒေဘောင်ထဲက ပြောလို့ မရရင် လက်နက်ကိုင်ကြမယ်။ ဒါက သဘာဝပါပဲ။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖေသန်းက မဇ္ဈိမသို့ ပြောသည်။
ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုထားခဲ့ရာ၊ ထိုသဘောထားကို တပ်မတော်က ကြိုဆိုခဲ့သဖြင့် နောက်ပိုင်း နှစ်ဘက်အပြင်းအထန် တိုက်ခိုက်မှုများ ချက်ချင်း ရပ်သွားခဲ့သည်။ ဆက်လက် ၍ နှစ်ဘက် ခေါင်းဆောင်များ အွန်လိုင်းပေါ်၌ ပဏာမဆွေးနွေးကြသည်။ ထို့နောက် ‘၀’ ဒေသ ပန်ဆန်းတွင် ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ စစ်ရေးခေါင်းဆောင်များ ကိုယ်တိုင်က နိုင်ငံရေးဘောင်ချဲ့ရေး တောင်းဆိုလာခြင်း ကို အလေးထားရမည်ဟု ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြောင်း RFA သတင်း၌ ဖေါ်ပြသည်။
"သူတို့ဟာ စစ်ရေးသမားတွေပါ၊ ဒီရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်တစ်ခု ဆုံမှတ်တစ်ခု အောက်မှာ တပ်မတော်နဲ့ အေအေ သဘောတူညီချက်ရပြီးတော့ ဒီအပေါ်မှာ ကြေညာချက် စထုတ်တယ်။ တစ်ဘက်ကလည်း ဒီအပေါ်မှာ စပြီးတော့ ထောက် ခံတယ်။ ဒါကိုကျွန်တော်တို့ အလေးထားရမယ့်ကိစ္စ ဖြစ်တယ်။ ဒါ နိုင်ငံရေးဘောင်ကို ချဲ့ဖို့အတွက် စစ်ရေးသမားတွေ ကိုယ်တိုင်က တောင်းဆိုတာကို အလေးမထားလို့မရဘူး။" ဟု ဦးဖေသန်းက ဆိုသည်။
၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပေးပို့သည့် တပ်မတော်၏ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲလုပ်လျှင် လုံခြုံရေး တာဝန်ယူပေးနိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားသကဲ့သို့၊ နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင်လည်း ရခိုင်ပြည်နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲများ လုပ်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ကူညီပေးကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ရရှိရေးအထိ လုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောခဲ့သည်ဟု သိရသည်။
"တပ်မတော်အနေနဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနေတဲ့အချိန် ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနေတဲ့ အချိန်မှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာစေဖို့ တိုက်ပွဲတွေ မရှိစေဖို့အတွက် လိုအပ်တဲ့ ဆက်လက် ဆောင်ရွက်မှု တွေ ရှိနေမှာပဲဖြစ်ပါတယ်။ တပ်မတော်က အဓိကထားပြီး ဆွေးနွေးတာကတော့ နှစ်ဘက်တပ်များ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ အဲဒီကနေတဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ဖို့အတွက်ပဲ အဓိကရည်ရွယ်ပြီးဆွေးနွေးနေတာ ဖြစ်ပါ တယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ ဒီတိုက်ပွဲများ မဖြစ်ပွားစေရေး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနေတာ ပိုခိုင်မာလာစေရေး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လျှောက်လှမ်းနိုင်ရေးအတွက်ပဲ ကျွန်တော်တို့ ဦးတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။" ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်များတွင် အစိုးရနှင့် တပ်မတော်တို့၏ လုံခြုံရေး အကြံပြုချက်အရ ရွေးကောက်ပွဲ မကျင်းပ သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် ရွေးကောက်ပွဲအမြန် လုပ်ရန် နိုင်ငံတော် သမ္မတက တိုက်တွန်းနေသကဲ့သို့၊ တပ်မတော်ကလည်း လုံခြုံရေးယူပေးမည်ဟု ပြောထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဘက်က သဘောထား ထွက်မလာသေးဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရမည့် ကိစ္စသည်ဟု ဒီဇင်ဘာ ၁၁ ရက်နေ့က RFA သတင်းသို့ ပြောကြားခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အမြန်ကျင်းပပေးလိုက်ခြင်းအားဖြင့် အပစ်အခတ် ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းသွားဖွယ်ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး ကိစ္စ၌ ထဲထဲဝင်ဝင် ပါဝင်ကူညီနေသည့် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ (Mr. Sasakawa) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယခင်လက အကြံပေး တိုက်တွန်းထားသည်ဟု ဆိုသည်။
အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၂၅-၂၆ ရက်နေ့များမှာ ကျင်းပခဲ့ သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှတဆင့် တိုင်းရင်းသားပါတီများအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း၊ အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အတူတကွ လက်တွဲ၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု အလေးအနက် ယုံကြည်ကြောင်း နိုဝင်ဘာ ၂၆ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။ အလားတူ NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များကလည်း ရွေးကောက်ပွဲ ပြီးသည့်နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု UWSA " ဝ" တပ်ဖွဲ့ အပါအဝင် ရက္ခိုင့်တပ်တော် AA တို့က ထုတ်ပြန်ကြေညာထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများ ပြန်လည် ဖြစ်ပွားခြင်း မရှိပါက၊ ၂၀၂၁ အစိုးရသစ်လက်ထက်၌ ငြိမ်းချမ်းရေး ပြဿနာ အဖြေရှာနိုင်ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ လက်ရှိ စစ်ပွဲများ ရပ်စဲနိုင်ရေးအတွက် အရေးအကြီးဆုံးကိစ္စမှာ ပြည်သူလူထုအများစုကြီး၏ ထောက်ခံမှု အပြည့်အဝ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်တို့အကြား ဘုံရည်မှန်းချက် သဘော ထားတစ်စုံ ကြိုတင် တည်ဆောက်ထားသင့်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဆွေးနွေးမီ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် တစ်သံတည်း ထွက်ဖို့လိုသည်။ အစိုးရနှင့် တပ်မတော်တို့ တစ်သံတည်း မထွက်နိုင်သမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ယုံကြည်လေးစားမှုကို ရနိုင်မည်မဟုတ်ပေ။ ၂၀၂၁ ခုနှစ်တွင် ဆက်လက် ကျင်းပမည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် အစိုးရနှင့် တပ်မတော် တစ်သားတည်းကျရေးသည် ပဓါန ကိစ္စဖြစ်သည်။ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် တစ်ယောက်တစ်မျိုး ပြောနေကြ သမျှ တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းရလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ၂၀၂၁ ခုနှစ် ခရီးစဉ် အဖွင့်တွင် တိုက်ပွဲရပ်ရေးနှင့် ငြိမ်းချမ်းရေးကို အလေးထားလျှက် တပ်မတော်နှင့် အစိုးရသစ်တို့၏ အမျိုးသားညီညွတ်ရေး သဘောထားကို ပြသရန် အချိန်သင့်ပြီဟု ယေဘုယျသုံးသပ်မိပါသည်။။။
ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၉၊ ၂၄ - ၁၂ -၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။