Breaking News

ကိုသန်းလွင် - ထိုင်းဘုရင် နှင့်ပြည်သူ

ကိုသန်းလွင် - ထိုင်းဘုရင် နှင့်ပြည်သူ

(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၀

(၁)
ဘန်ကောက်မြို့တွင်လွန်ခဲ့သော စနေနေ့က (၅-၁၂-၂၀) ထောင်ပေါင်းများစွာသော လူအုပ်ကြီးသည် တော်ဝင်မိသားစုနှင့်ဆက်စပ်လျက်ရှိသည့် အဝါနှင့်အနီရောင်ရှပ်အကျီများကိုဝတ်ဆင်ခါ နန်းတော် (Grand Palace) ရှိရာ လမ်းတစ်လျှောက်စုဝေးခဲ့ကြပါသည်။ သူတို့သည် ၂၀၁၆ ခုနှစ်က ကွယ်လွန်ခဲ့သောထိုင်းဘုရင် ဘူမိဘော (Bhumibol Adulyadej) ၏မွေးနေ့ကို အောက်မေ့ဘွယ် အခမ်းအနားအဖြစ်ဆင်ယင်ကျင်းပခဲ့ကြ ခြင်းဖြစ်ပါသည်။

ပိုမိုကြီးသော လူအုပ်သည် မကြာမီကဆန္ဒပြပွဲများတွင် စုဝေးခဲ့ကြပြီး ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကိုပြုပြင် ရန်အကြံပေးခဲ့ကြပါသည်။ နိုဝင်ဘာ ၂၅ ရက်နေ့က ဆန္ဒပြပွဲမှာထိုင်းဘုရင်၏စည်းစိမ်ဥစ္စာ များကိုစီမံ ခန့်ခွဲသော ဘုရင်၏ စည်းစိမ်ဥစ္စာဗျူရို (Crown Property Bureau) တည်ရှိရာ အဝါရောင် အဆောက်အဦး၏ရှေ့တွင်ဖြစ် ပါသည်။

၂၀၁၈ ခုနှစ်တွင် လက်ရှိဘုရင် သားဖြစ်သူ Maha Vajiralongkorn Bodindrade bayavarangkun က ထိုင်းဘုရင်၏ ဥစ္စာပစ္စည်းများကို သူ၏ထိမ်းချုပ်စီမံခန့်ခွဲမှု အောက်တွင်ရှိသည်ဟုကြေညာခဲ့ပါသည်။ ၄င်းတို့၏ တန်ဘိုးမှာ ဒေါ်လာ ၃၀ မှ ၆၀ ဘီလီယံတန်ဖိုးမျှရှိမည်ဟုခန့်မှန်းကြပါသည်။

သို့သော် သံဆူးကြိုးနှင့်လမ်းပိတ်သော ဗလော့များဖြင့်ကာရံထားသောကြောင့်ဆန္ဒပြသူများသည် ဘုရင် ၏တဦးတည်း ရှယ်ယာများပိုင်ဆိုင်သော ထိုင်းကော်မာရှယ်ဘဏ် (Siam Commercial Bank) သို့ပြောင်း ၍ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ဆန္ဒပြပွဲခေါင်းဆောင်တဦးကသူတို့ကဲ့သို့ဆန္ဒပြရခြင်းမှာပြည်သူများထံမှကောက် ယူသော ပိုက်ဆံကို ပြန်လည်တောင်းယူခြင်းဖြစ်သည်ဟုဆိုပါသည်။ သြဂုတ်လတုန်းက အချက်အလက် ၁၀ ချက်ပါသော အချက်များဖြင့် ဆန္ဒပြသူများကတောင်းဆိုခဲ့ကြပါသည်။ သူတို့ကဘုရင်ကို နိုင်ငံရေးနှင့်ကင်းရှင်း စွာနေစေလိုပြီး နိုင်ငံရေးအာဏာမှာ သူနှင့်မဆိုင်ဟုယူဆကြပါသည်။

(၂)
ထိုင်းပြည်သူများသည် ယခုဘုရင်ကိုအဘယ့်ကြောင့်ဒီမိုကရေစီရေးရာများကို တောင်းဆိုနေကြပါသနည်း။ ယခင် ဖခင်ဘုရင်ကြီးလက်ထက်က ဒီမိုကရေစီရေးအများတွင် ပိုမို၍မလွတ်မလပ်နေခဲ့ကြရပါသည်။

လက်ရှိဘုရင်သည်သူ၏တော်ဝင်ဘုရင်အာဏာများကို လက်ရှိဥပဒေများနှင့်ဆန့်ကျင်၍ ကျင့်သုံးခဲ့ပါသည်။ ထိုင်းဘုရင် ဘူမိဘော လက်ထက်ကနိုင်ငံရေးတွင် အကြိမ်မများ လှသော်လည်းအရေးကြီးသောကိစ္စများ တွင် သာ ဝင်၍စွတ်ဖက်ခဲ့သည်များရှိပါသည်။ ထိုစဉ်က ထိုင်းဘုရင်သည် နိုင်ငံရေးသမားတို့အပေါ်တွင်ရှိနေသည်ဟု ဝေဖန်ခဲ့ကြပါသည်။ သို့ပါသော်လည်း ထိုအချက်ကို ထိုင်းတစ်နိုင်ငံလုံးက လက်ခံထားခဲ့ကြပါသည်။

ရာဇဝင်ဆရာတို့က ဘုရင်ဘူမိဘောသည်နိုင်ငံရေးနှင့်ကင်းကင်းမနေဘဲ ဘုရင်၏အခန်းကဏ္ဍကိုအဓိပ္ပါယ် အသစ်ဖွင့်ခဲ့သည်ဟုဆိုပါသည်။ ဘုရင်၏ပြောစကားကိုသာ နိုင်ငံရေးသမားတို့က လက်ခံခဲ့ကြပါသည်။ နိုင်ငံရေး အရ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် တခါတရံ ထိုင်းလူမျိုးတို့၏ ဆန္ဒကိုလစ်လျူရှုခဲ့ပါသည်။ နှစ်ပေါင်း ၇၀ ကြာ ကာလအတွင်း စစ်တပ်ကအကြိမ်ကြိမ်အာဏာသိမ်း ခြင်းကိုလည်းလက် ခံခွင့်ပြုခဲ့ပါသည်။ သူသည် “ဓမ္မရာဇာ” ဟူသောအဆင့်အတန်းနှင့် မြင့်မြတ်သောခေါင်း ဆောင်၊ ဘုရားသခင်က ဖန်တီးသောဘုရင်အဖြစ်နှင့်အဆင့်ရှိခဲ့ ပါသည်။ ထိုသို့လုပ်နိုင်လောက်အောင်လည်း ပေါ်ပြူလာဖြစ်ခါ နေရာအမျိုးမျိုး၊ နယ်အမျိုးမျိုးတိုးတတ်ရေးပရော ဂျက်များတွင် ပါဝင်ခဲ့ပြီး တိုင်းသူပြည်သားများ အပေါ်တွင် (Spiritual Power) နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လွှမ်းမိုးမှု များရှိခဲ့ပါသည်။

ယခုသားတော်ဘုရင်မှာ ဘုရင်ကြီး၏အမွေခံ၍ ရာထူးနေရာရထားသော်လည်း ဘုရင်ကြီး၏သြဇာမျိုးမရှိသူ ဖြစ်ပါသည်။ လုပ်နည်းလုပ်ဟန်ကလည်း ခြားနားနေပေရာပြည်သူတို့၏အမြင်တွင် ဘုရင်ကောင်းကဲ့သို့ကြည် ညိုရိုသေလေးစားခြင်းမရှိကြပေ။

ဘုရင်ကြီးသည် သူ၏ရည်ရွယ်ချက်များကို အနည်းငယ်သွေဖယ်ရုံဖြင့် သူ၏အကြံပေးကောင်စီ (Privy Council) ၏အကြံဉာဏ်ကိုယူ၍ဆက်လက်ဆောင်ရွက်သည်။ ၂၀ဝ၆ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ရန် အတွက်မှု တရားရေးဌာန၏အကူအညီကိုယူခဲ့သည်။

ယခုဘုရင်အသစ်သည် မိမိနှင့်မဆိုင်သည့်ကိစ္စများတွင် ပါဝင်လုပ်ကိုင်လေ့ရှိသည်။ ၂၀၁၆ ခုနှစ် တွင်နန်း တက်ပြီးနောက်စစ်တပ်က ရေးဆွဲသည့် တစ်တိုင်းပြည်လုံးကအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ အဓိကအချက်မှာသူသည် ယမန်နှစ်တစ်နှစ်လုံးဂျာမနီနိုင်ငံတွင်နေထိုင် ပြီးထိုင်း နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ ထိုအချက်ကိုခွင့်ပြုရန်နှင့် သူ့အတွက်ကိုယ်ပိုင်စစ်တပ်အဖြစ် တပ်ရင်း ၂ ရင်း ကို သူ၏ အုပ်ချုပ်ခန့်ခွဲမှုအောက်တွင်ထားရှိရန်ဖြစ်သည်။

၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမတိုင်မီကာလက ယခင်ဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ နောက်လိုက်များကဖွဲ့ စည်းသော Thai Raksa Chart ပါတီက ဝန်ကြီးချုပ်အဖြစ် ဘုရင်၏ အမတော်ကို (Ubolratana Rajakanya Sirivadhana Varnavadi) ရာထားခဲ့သည်။ ဘုရင်က အမိန့်တော်ပြန်တမ်းထုတ်၍ ထိုအဆိုပြုချက်ကိုပယ်ချခဲ့ရ သည်။ မစ္စတာတပ်ဆင်သည် “ဘုရင်တို့သည်နိုင်ငံရေးနှင့်မပါတ်သက်ရ” ဟူသောမှုကိုသိလျှက်နှင့်လုပ်ဆောင် ခြင်းဖြစ်ကြောင်း စွတ်စွဲခဲ့သည်။ ထိုပါတီကိုပါတီအဖြစ်မှရပ်စဲကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာသည် ။

ယမန်နှစ်ကဘုရင်သည် သူ၏ကိုယ်ရံတော်အဖွဲ့မှ Sineehat Wongvajirapakdi ကို (Royal Noble Consort) တော်ဝင်သူအဖြစ် တိုးမြင့်ပေးကြောင်းကြေညာခဲ့သည်။ ထိုအစီအစဉ်မှာ နှစ်ပေါင်းရာချီ၍ကြာပြီဖြစ် သော ဓလေ့တခုကို အစွဲပြုထားသည်။ လအနည်းငယ်ကြာသောအခါ သူ၏အဆောင်အယောင်များကိုရုတ်သိမ်း ခဲ့သည်။ ထိုသို့ရုတ်သိမ်းရခြင်းမှာ သူသည် သစ္စာမဲ့သူတစ်ယောက်ဖြစ်ကြောင်း၊ ဘုရင်၏ ဇနီးဖြစ်သူ Suthida Vajiralongkorn Na Aydhya ကိုမထေမဲ့မြင်ပြုခဲ့သည်ဟုဆိုသည်။ သူသည်အများမြင်ကွင်းမှပျောက်ကွယ်သွား ပြီး ထောင်ကျနေသလိုလို တချို့ကလည်းသေပြီဟုပြောနေကြသည်။ ထို့နောက် စက်တင်ဘာလတွင်သူ့ အဆောင်အယောင်များကို ပြန်လည်ပေးပြီး သူ့အမှုအရာမှာ “Flawless” ဖြစ်သည်ဟု ဘာမှအပြစ်ဆိုစရာ မရှိကြောင်းကြေညာခဲ့ပြန်သည်။

၂၀၁၆ ခုနှစ်မှစ၍ အမျိုးသားဂေဇက်ဖြင့် ရာထူးမှပြုတ်ကျသူ၊ ရာထူးချထားခြင်းခံရသူ၊ အကျဉ်းကျခံရသူ တို့ကို အပြစ်ကျခံရသူများမှာ လူ ၂၀ဝ ကျော်ရှိသည်။ သူတို့၏ တရားရေးဆိုင်ရာ ထုချေပိုင်ခွင့်မပေးခဲ့ပေ။ ထိုသူ များကို အရေးယူခြင်းမှာလည်း သူ၏နုတ်မိန့်ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်၏ (Lese Majestic Law) ဘုရင်ကို မရိုသေမလေးစားမှုဥပဒေမှာ ဘုရင်၏မေတ္တာရပ်ခံချက်အရ အသုံးမပြုဘဲနေခဲ့သည်မှာကာလအတန် ကြာခဲ့ပါပြီ။ ဤဥပဒေဖြင့် အရေးယူခံရသည်မှာ မရှိခဲ့ပါ။ သို့သော် တစတစဆူပူဆန္ဒပြသူများ များပြားလှခြင်း ကြောင့် ဤဥပဒေကို အသုံးပြု၍ အရေးယူမှုများရှိလာခဲ့သည်။

ဤကဲ့သို့ ပြည်သူပြည်သားများနှင့် ပြဿနာဖြစ်ရသည်မှာ ဘုရင်၏ရွေးချယ်မှုအရဖြစ်သည်။ တိုင်းသူပြည် သားများက ဘုရင်၏ ဝတ္တရားများပျက်ကွက်ရခြင်းသည် ဘုရင်နှင့် တိုင်းသူပြည်သားများအကြားရှိနေကြသော နားလည်မှု လွှဲမှားခြင်းကြောင့် ဖြစ်သည်ဟုယူဆကြသည်။

(၃)
ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများမှာ ၅ လကြာလာသည့်တိုင် အဖြေလည်းမထွက် ဆုံးမည့်အရိပ်အယောင် လည်း မပြဘဲ အရှိန်အဟုန်သည်တဖြေးဖြေးတိုး၍လာနေပါသည်။ ထိုင်းလူမျိုးတို့၏ကြွေးကြော်သ့မှာ 3Rs ဖြစ်သည်။ Resign, Rewrite and Reform ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ရေးပါ၊ ဘုရင်စနစ်တွင်ပြုပြင်ရေး လုပ်ငန်းများကိုလုပ်ပါဟူ၍ဖြစ်သည်။

ထိုင်းစစ်တပ်တွင် ဂျင်နရယ်ပေါင်း ၂၆၀ဝ ကျော်ခန့်ရှိ၍ ၄င်းတို့ပိုင်ဆိုင်သောမြေများမှာ ထိုင်းနိုင်ငံတွင် လက်ညှိုးထိုးမလွဲဟုဆိုရလောက်သည်။ ထိုင်းဆီးနိပ်တွင် လူ ၂၅၀ ကျော်မှာ ထိုင်းစစ်တပ်ကခန့်ထားသည်။ ထို လူအုပ်ကိုနှိမ်နင်းရန်မှာ အုတ်အော်သောင်းနင်းမဖြစ်ဘဲမဖြစ်နိ်ုငပေ။ ဘုရင်သော်လည်းကောင်း စစ်တပ်ကသော် လည်းကောင်းစိတ်ကောင်းကလေးဝင်လာရုံနှင့် ပြုပြင်ရေးလုပ်ငန်းများမှာမဖြစ်နိုင်ပေ။ အရေးကြီးသောပြောင်း လဲမှုတစ်ခုခု မလုပ်ဘဲမဖြစ်နိုင်ပါချေ၊

ကိုသန်းလွင်

Ref: A King Above and Beyond politics By Pavin Chachavalpongpun New York Times December 7 2020.