Breaking News

ဆောင်းယွန်းလ - "မျက်နှာဖုံးတွေအောက်က နှစ်တနှစ် "



ဆောင်းယွန်းလ - "မျက်နှာဖုံးတွေအောက်က နှစ်တနှစ် "

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၀

မျက်နှာပေါ်မှာ
လုံခြုံရေးတပ်ဖွဲ့တွေ အပြည့်နေရာယူထားကြလို့
ပါးစပ်နဲ့ ပြောတဲ့စကားလုံးတွေက မပီသနိုင်ခဲ့ဘူး
မျက်လုံးတွေနဲ့
ထပ်ဆင့်ပြောဆိုနေရတဲ့ ဘာသာဗေဒ
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စ
အသက်ကို ချွေတာပြီး ရှူနေရတဲ့ ကာလကြီး
စစ်မီးထက်ပူတယ်
ဒီလိုနဲ့
နှစ်တနှစ်ကုန်ဆုံးဖို့လည်း သိပ်မလိုတော့ ပြန်ဘူး။
ဆောင်းယွန်းလ