မောင်စွမ်းရည် - "တကသယူနီယန်နဲ့ ဉီးချစ်လဖက်ရည်ဆိုင်”
မောင်စွမ်းရည် - "တကသယူနီယန်နဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်”
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၀
(နေရာတကာမီဒီယာဖေ့စ်ဘွတ်ကနေ ကူးပါတယ်)
ယနေ့မျက်မှောက်ကာလမှာ ကိုဗစ်ရောဂါကပ်ကြီးကျရောက်နေဆဲကာလဖြစ်ပါတယ်။ ဒီရောဂါ လူချင်းနီးနီး ကပ်ကပ် တွေ့ဆုံတိုးဝှေ့လို့မရပါဘူး။ အလွန်ကူးစက်လွယ်ပြီး ထိလွယ်ရှလွယ် အန္တရာယ်များတဲ့ ကပ်ရောဂါ ကြီးပါ။ ဒီလိုကာလကြီးမှာကိုပဲ တက္ကသိုလ်ထဲမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေက ခြိမ့်ခြိမ့်သဲတိုးဝှေ့ပြီး ရာပြည့်ပွဲကြီးကို ပါဝင်ဆင်နွှဲနေကြတာ အဝေးကကို အားကျစရာကောင်းလှပါတယ်။ ဒီနေ့ ကျောင်းသားကျောင်းသူတွေ ပြောကြဆိုကြရေးသားကြတဲ့ အကြောင်းအရာထဲမှာ ထိပ်ဆုံး က ပါလာတာက “စေတနာကဖေး ခေါ် ဉီးချစ်” လက်ဖက်ရည်ဆိုင်ပါပဲ။ တက္ကသိုလ်ကျောင်းဆိုတာ စာသင်တာထက် ပေါင်းသင်းဆက်ဆံ တာက ပိုမိုကျယ်ပြန့်ပေါ်လွင်တဲ့ နေရာဖြစ်ပါတယ်။ အရွယ်ရောက်စမှာ လွတ်လပ်တဲ့လူငယ်တွေ လွတ်လွတ်လပ်လပ် တွေ့ဆုံ ဆက်ဆံခွင့်ရတဲ့ နေရာဖြစ်ပါတယ်။ လွတ်လပ်သန့်ရှင်း ပျော်ရွှင်စွာ ဆက်ဆံကြတာပါ။
ကျောင်းသားကျောင်းသူတွေဟာ တခါတရံ စိန်ပန်းပင်ရိပ်၊ တခါတရံ ကံ့ကော်ပင်ရိပ်၊ တခါတရံ အင်းလျားကန်ဘောင်၊ တခါတရံလက်ဖက်ရည်ဆိုင် .. စသဖြင့် နာရီပေါင်းများစွာထိုင်ပြီး စကားလက်ဆုံပြောမကုန်ဖြစ်နေခဲ့ကြတာပါ။ တခါတလေ မိတ်ဆုံပွဲတွေ တက်ကြ၊ တခါတရံ ကပွဲတွေကကြ၊ တခါတလေ ပြေးခုန်ပစ်ပွဲ နွဲကြ၊ ရုပ်ရှင်အတူကြည့်ကြ၊ လှေအတူတူလှော်ကြ၊ စာအတူဖတ်ကြ၊ လွတ်လပ်ပျော်ရွှင်မှုနဲ့တွဲနေတဲ့ပေါင်းသင်းဆက်ဆံရေးကာလဖြစ်ပါတယ်။ စစ်အစိုးရမတက်မီ (၁၉၆၂ မတိုင်မီ) နှစ်များအတွင်းက ဖြစ်ပါတယ်။ တက္ကသိုလ်စစ်စစ်အရသာပါ။
ကျောင်းသားကျောင်းသူဆိုတာ ပညာသင်ယူရင်း တနေရာတည်းမှာ လာရောက်စုဝေးနေကြတာဖြစ်ပါတယ်။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါလို့ ဆိုသမှုတ်လား။ ဒါကြောင့် ဝါသနာတူ စိတ်တူကိုယ်တူသမားတွေ စုစည်းမှုဆိုတာလဲ လိုအပ် ပါတယ်။ အားကစားသမားအချင်းချင်း စုဝေးကြတယ်။ စာပေအနုပညာသမားအချင်းချင်း စုဝေးကြတယ်။ လှေလှော်သင်းရှိသလို ကလောင်ရှင်အသင်းလဲရှိမယ်။ လက်ဝှေ့အသင်းရှိသလို ပန်းချီအသင်းလဲရှိမယ်။ ခြေလျင်တောင်တက်အသင်းရှိသလို ဘာသာရပ်အသင်းတွင် ရခိုင်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းရင်းသားအသင်းတို့ဆိုတာမျိုးတွေလဲ ရှိပါတယ်။ ဝါသနာတူ၊ စရိုက်တူ၊ ဒေသတူတာတွေ စုကြသလို အားလုံးနဲ့ ဆိုင်တဲ့ အသင်းအဖွဲ့ကြီးတခုလဲ ရှိရပါတယ်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂဆိုတာ တက္ကသိုလ်ကျောင်းသားတို့ရဲ့ လှုပ်ရှားမှုအားလုံးနဲ့ သက်ဆိုင်အကျုံးဝင်တဲ့ ကျောင်း သားအဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတကာတက္ကသိုလ်များရဲ့ အစဉ်အလာတရပ်ဖြစ်သလို ဗြိတိသျှ လက်အောက်ခံတက္ကသိုလ်များရဲ့ အစ ဉ်အလာတရပ်လဲ ဖြစ်ပါတယ်။ တခြားတခြားသော ကျောင်းသားအဖွဲ့အစည်များဖြစ်ကြတဲ့ အားကစား၊ စာပေ၊ အနုပညာစတဲ့ အဖွဲ့အစည်းလုပ်ငန်းများအားလုံးနဲ့လဲ ကျောင်းသားသမဂ္ဂက သက်ဆိုင်အကျုံးဝင်ပါတယ်။ ဗြိတိသျှအစိုးရက တက္ကသိုလ်ကြီး စတင်တည်ထောင်တာနဲ့အတူ တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းတရပ် (သမဂ္ဂ) ကိုလဲ တပါတည်းဖွဲ့စည်းတည်ထောင်ပေး ရပါတယ်။ ကျောင်းသားတိုင်းဟာ သမဂ္ဂအဖွဲ့ဝင်ဖြစ်ရပါမယ်။ တက္ကသိုလ်ကျောင်းဝင်ကြေးနဲ့အတူ အားကစားကြေး၊ စာကြည့်တိုက်ကြေး၊ သမဂ္ဂအသင်းဝင်ကြေးများကိုလဲ တက္ကသိုလ်မော်ကွန်းထိန်းရုံးက ကောက်ခံထိန်းသိမ်းပေးထားရပါတယ်။ သမဂ္ဂ အဆောက်အဦကိုလဲ တက္ကသိုလ်အာဏာပိုင်များက တပါတည်းဆောက်လုပ်ပေးရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာတော့ ကုသိုလ် ရှင်ပေါ်ပေါက်လာလို့ သူဌေးတဦးကပဲ အစအဆုံး အကုန်အကျခံပြီး သမဂ္ဂရုံးကို ဆောက်လုပ်ပေးခဲ့ပါတယ်။
သမဂ္ဂအဆောက်အဦးကို အစဉ်အလာအရ အင်္ဂလိပ်လို ယူနီယန်အဆောက်အဉီလို့ပဲ ခေါ်ခဲ့ကြပါတယ်။ ဒီအဆောက်အဦမှာ တက္ကသိုလ်ကျောင်းသားအားလုံး စုဝေးနိုင်ကြပါတယ်။ ဒီအဆောက်ဦထဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့အစည်း ရုံးခန်းရှိသလို စာကြည့်ခန်း၊ စည်းဝေးခန်း၊ စားသောက်ဆိုင်ခန်း၊ ဆံပင်ညှပ်ဆိုင်ခန်းစသည်တို့လဲ ရှိပါတယ်။ “ကျောင်းသားသမဂ္ဂ” အမှု ဆောင်အဖွဲ့ကို ကျောင်းသားတရပ်လုံးက မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ပေးရပါတယ်။ သမဂ္ဂ ဥက္ကဋ္ဌနဲ့အဖွဲ့ကို တက္ကသိုလ်အဓိပတိကျောင်းအုပ်ဆရာကြီးက သစ္စာခံယူပွဲပြုလုပ်ပေးရမြဲဖြစ်ပါတယ်။ သမဂ္ဂအဖွဲ့အစည်းအထဲကနေ ဦးနု၊ ဦးအောင်ဆန်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ ဦးကျော်ညိမ်း၊ ဦးဗဟိန်း၊ ဦးဗဆွေ၊ ဒေါ်အုန်း၊ လူထုဒေါ်အမာ၊ ဦးဝင်းတင်၊ ဒဂုန်တာရာ၊ ဉီးဘကြည်၊ ဦးထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း စတဲ့ ထူးချွန်ထင်ရှား ပုဂ္ဂိုလ်ကျော်များကို မွေးထုတ်ပေးခဲ့တာမဟုတ်ပါလား၊ ဝန်ကြီးချုပ်၊ စစ်ဗိုလ်ချုပ်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ သတင်းစာဆရာ အကျော်အမော်၊ အချွန်အမွန်တွေ၊ အဆိပ်အတောက်မပါတဲ့ ထိပ်ရောက်လာတဲ့ သူ တွေချည်း။
သမဂ္ဂအဆောက်အဦးထဲကိုရောက်လာရင် “သမဂ္ဂနံ တပေါ သုခေါ” ဆိုတဲ့ ဘုရားဟောအတိုင်းပါပဲ။ အဖွဲ့အစည်းလိုက်၊ အဖွဲ့အစည်းအတွင်းကနေ၊ အဖွဲ့အစည်းဝင်အားလုံး၊ ကျောင်းသားအားလုံးရဲ့ အကျိုးရှိရာ ရှိကြောင်း၊ ကောင်းရာ ကောင်းကြောင်း တွေကို ပြောဆိုကြတယ်။ ကြားနာကြတယ်၊ စ ဉ်းစားဆင်ခြင်ကြပါတယ်။ စုပေါင်းအကျိုးကို စုပေါင်းစ ဉ်းစားကြတဲ့ နေရာအဖြစ်နဲ့ အေးရိပ်သာယာ အစဉ်အလာဖြစ်နေခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်စတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ငြိမ်းချမ်းရေးတရားနဲ့ အနုပညာတရားတွေ၊ ဘဝနေနည်း အမွန်အမြတ်တရားတွေကို နာယူမှတ် သား၊ အသိပညာတိုးပွားကြရတဲ့ နေရာဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာ စာသင်ခန်းတွေကနေ စာသင်ပေးရာသာ မဟုတ်ပါ၊ နိုင်ငံတကာက အတွေးအခေါ် အတွေ့အကြုံတွေကို စူးစမ်းစစ်ထုတ်ယူတဲ့နေရာ၊ နိုင်ငံ တနိုင်ငံလုံး တောင်ပေါ် မြေပြန့်၊ ရေပြင်မြေပြင်အနှံ့က အတွေ့အကြုံ အတွေးအခေါ်တွေနဲ့ စူးစမ်းစစ်ထုတ်ပြီး လူ ကောင်း လူချွန်၊ လူအမွန်တွေ မွေးထုတ်ပေးတဲ့ နေရာဖြစ်ပါတယ်။
ယနေ့ခေတ် ၁၉၆၂ နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂလဲ မရှိတော့ သမဂ္ဂအဆောက်အဦလဲ မရှိတော့။ သမဂ္ဂရဲ့ အစဉ်အလာ နိုင်ငံသားကောင်း လူချွန်လူမွန်တွေ မွေးထုတ်ပေးတဲ့ အစဉ်အလာမရှိတော့ပါ။ လက်ဖက်ရည် ဆိုင် အစဉ်အလာပဲ ရှိပါတော့တယ်။ လက်ဖက်ရည်ဆိုင်ဆိုတာကတော့ အပြင်မှာလဲ ရှိတာပါပဲ။ တက္ကသိုလ်ထဲမှာလဲ အရင်ကလိုပဲ တက္ကသိုလ်လက်ဖက်ရည်ဆိုင်ဆိုတာ ရှိမှာပါပဲ။ ရှိတာပါပဲ။ ဒါပေမယ့် လဖက်ရည်ဆိုင်ဆိုတာ လဖက်ရည်ရောင်းဖို့ပဲ ဖွင့်ထားတဲ့ဆိုင်ပဲ။ လက်ဖက်ရည်မှာရင် လက်ဖက်ရည် ချပေးပါတယ်။ ကော်ဖီမှာရင် ကော်ဖီချပေးမယ်။ ပြီးရင် ကျသင့်တဲ့ လက်ဖက်ရည်ဖိုးငွေကြေးကို တောင်းယူထားလိုက်မယ်။ အလုပ်သမားဆီက ဘာမှ ရစရာမရှိ။ ဦးချစ်လဖက်ရည်ဆိုင်က ဦးချစ်ပဲဖြစ်ဖြစ်၊ ဦးမုန်းပဲဖြစ်ဖြစ် လဖက်ရည်နဲ့ ငွေကြေးဖလှယ်ပေးတာလွဲပြီး ဘာမှ လုပ်မပေး။ ကျောင်းသားအချင်းချင်းကလဲ စာသင်ခန်းအတွေ့အကြုံ ကျောင်း သားအချင်းချင်း ဆက်ဆံရေးအတွေ့အကြုံများ ဖလှယ်ရုံပဲပေါ့။ ကိုနု၊ ကိုအောင်ဆန်းတို့၊ ကိုဗဟိန်း၊ ကိုဗဆွေတို့၊ ကိုကျော်ညိမ်း၊ ကိုသိန်းဖေတို့၊ မအုန်း၊ မအမာတို့အတွေ့အကြုံတွေ၊ ခံစားမှုတွေ နှီးနှောဖလှယ်စရာမရှိ။
သမဂ္ဂမြက်တောကြီးကို ဘယ်သူမြက်ရှင်းမှာလဲ။ သမဂ္ဂအဆောက်အ ဉီ ဆောက်ဖို့ခွင့်ပြုပြီးသား ငွေကို ဘာလုပ်ထားပါသလဲ။ အဓိပတိလမ်းက ဝင်ဝင်ချင်း ညာဘက်ဘေးမှာ မြက်တောကြီး “အဓိပတိမြက်တောကြီး” ခေါ်ရမလား၊ “သမဂ္ဂမြက်တောကြီး” ခေါ်ရမလား။ ဦးချစ်လက်ဖက်ရည်ဆိုင်ကို ဒီမြက်ခင်းမှာ ရွှေ့ပြီး ဖွင့်ခွင့်ပေးရတော့ မလား။ သမဂ္ဂဘာလဲ၊ ဘယ်လဲ။
ဝင်းဖေ
မန်းတက္ကသိုလ် အမှုဆောင်ဟောင်း
၂၀၂၀ ဒီဇင်ဘာ (၁)။
ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာ ရန်ကုန်တက္ကသိုလ်အဖို့ နှစ်ထူးနှစ်မြတ် မင်္ဂလာအခါတော်ကြီးဖြစ်ပါတယ်။ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ ဒီနှစ်မှာ နှစ်ပေါင်း ၁ဝဝ ပြည့်ခဲ့ပါပြီ။ လူ့သက်တန်းဟာ အသက် ၁၂၀ ရှည်စေသော်လို့ ဇာတာထဲမှာ ဆုပေးပေမယ့် ၁၂၀ နေရတဲ့လူမဆိုထားနဲ့ အသက် ၁ဝဝ ပြည့်နေရတဲ့ လူတောင် အလွန် ရှားလှပါတယ်။ အခုလောလောဆယ်မှာ တယ်လီဖုန်းစာမျက်နှာပေါ်မှာ တင်လိုက်လို့သိရတာကတော့ သချင်္ာပါမောက္ခကြီး ဉီးဘတုတ်နဲ့ စာရေးဆရာကြီး ဉီးသိန်းဖေ (မြင့်) ရဲ့ ဇနီး ဒေါ်ကြည်ကြည် ဒီနှစ်ယောက်ပဲ တွေ့လိုက်မိပါတယ်။

ဒီနေ့ “ဖ-ဘ”ပေါ်တက်လာတဲ့ ရာပြည့် စကားတွေ နားဆင်ကြည့်ပါ။ ဦးချစ်နဲ့ ဦးချစ်လက်ဖက်ရည်ဆိုင်အတွေ့ အကြုံပဲကြားနာဖတ်ရှုကြရပါလိမ့်မယ်။ သမဂ္ဂထဲမှာလို ဗမာ့နိုင်ငံရေး၊ ကမ္ဘာနိုင်ငံရေး၊ ကမ္ဘာ့စာပေ၊ ဗမာ့ စာပေတွေ ဘယ်နှစ်ယောက်က ဘယ်လောက်များ ဆွေးနွေးနေနိုင်မှာလဲ။ ကျောင်းသားတွေဆီက သမဂ္ဂဝင် ကြေး ရန်ပုံငွေရော ဘာတွေ သုံးနေကြပါသလဲ၊ ဘယ်သူတွေ သုံးနေကြပါသလဲ။