ဇင်လင်း - အမျိုးသားအောင်ပွဲနေ့ မှ ငြိမ်းချမ်းရေးအောင်ပွဲနေ့ဆီသို့
![]() |
MMTime Photo |
ဇင်လင်း - အမျိုးသားအောင်ပွဲနေ့ မှ ငြိမ်းချမ်းရေးအောင်ပွဲနေ့ဆီသို့
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၀
မြန်မာ့သမိုင်းတွင် ထူးထူးခြားခြား မှတ်မှတ်ထင်ထင်ရှိသော နေ့ကြီးရက်ကြီးများအနက် အမျိုးသားနေ့သည် ထိပ်ဆုံး က ဖြစ်သည်ဟု ဆိုချင်သည်။ အကြောင်းမှာ ဖက်ဆစ်တော်လှန်ရေးနေ့၊ လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့တို့ထက် အမျိုးသားနေ့က ၀ါကြီးသောကြောင့်ဖြစ်သည်။ ထို့အပြင် အမျိုးသားနေ့မှ စတင်နိုးထလာသော မြန်မာပြည်သူတို့၏ ဇာတိသွေး ဇာတိမာန် နှင့် သွေးစည်းညီညွတ်ရေးစိတ်ဓါတ်တို့ကြောင့် တော်လှန်ရေးအဆက်ဆက် အောင်မြင်ကာ လွတ်လပ်ရေး ရယူနိုင်ခဲ့ပေသည်။ ယခု ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် ဆိုလျှင် အမျိုးသားနေ့၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ရာတိုင်ခဲ့ပြီ။
ယခုနှစ်၏ ဆောင်ပုဒ်မှာ “ရာပြည့်အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံးပူးပေါင်ဆောင်ရွက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်စို့” ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၀)ကျော်ခဲ့ပြီဖြစ်သော်လည်း ငြိမ်းချမ်ရေး ရယူနိုင်ခြင်း မရှိသေးပေ။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာက တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်မှု ခိုင်ခိုင်မာမာဖြင့် နယ်ချဲ့စနစ်ကို တွန်းလှန်နိုင်ခဲ့သော အမျိုးသားအောင်ပွဲနေ့ စိတ်ဓါတ်အားမာန်မျိုးဖြင့် ငြိမ်းချမ်းရေးကို ရယူကြရမည့် အချိန်ဖြစ်သည်။
အမျိုးသားနေ့၏ မြစ်ဖျားခံရာကို လေ့လာမည်ဆိုပါက၊ ၂၀ ရာစု မြန်မာ့သမိုင်းကို ပြန်ကြည့်ဖို့လိုသည်။ ၁၉၀၆ ခုနှစ် မေလ(၁၀)ရက်တွင် ပေါ်ပေါက်ခဲ့သော YMBA ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း၏ ဆော်သြမှုကြောင့် ပြည်သူ တို့၏ နိုင်ငံ့အရေး စိတ်ဝင်စားမှုစတင်နိုးကြားခဲ့သည်။ နိုင်ငံရေး နိုးကြားမှု ရေချိန်သည် ၁၉၁၇-၁၈ ခုနှစ် နောက်ပိုင်းမှ စတင်၍ တရိပ်ရိပ်တက်လာခဲ့သည်။ ၁၉၁၇ ခုနှစ် ဗြိတိသျှပါလီမန် (ဥပဒေ ပြုလွှတ်တော်) ၌ အိန္ဒိယရေးရာဝန်ကြီး မွန်တေဂူ (Edwin Montagu) က လက်အောက်ခံ ကိုလိုနီနိုင်ငံများတွင် တဖြည်းဖြည်းချင်း အုပ်ချုပ်ရေးအဆင့် တိုးမြှင့် ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။
ယင်းကြေညာချက်၏ နောက်ခံအကြောင်း ကို ပြန်ကြည့်လျှင် ထိုအချိန်က ပထမကမ္ဘာစစ်ဖြစ်နေသည်။ ဂျာမနီနှင့် မဟာ မိတ်တို့က တဖက်၊ အင်္ဂလန်နှင့် ၎င်း၏ မဟာမိတ်များက တဖက် စစ်ဖြစ်နေသည်။ အင်္ဂလန်ရှု့ံးပါစေဟု လက်အောက်ခံ ကိုလိုနီများက ဆုတောင်းကြသည်။ တချိန်တည်း အင်္ဂလိပ် ကိုလိုနီ အိုင်ယာလန်နှင့် အိန္ဒိယတို့ တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) တောင်းဆိုမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် ဂျာမနီကို အနိုင်တိုက်ရေးအတွက် စစ်သည်အင်အားနှင့် စစ်စရိတ်ငွေကြေးအတွက် ကိုလိုနီ နိုင်ငံများထံမှ ကောက်ခံနေရသည်။ ထို့ကြောင့် လက်အောက်ခံ ကိုလိုနီနိုင်ငံများ ကျေနပ်စေရန် အုပ်ချုပ်ရေးအဆင့် တိုးပေးမည့်အကြောင်း မွန်တေဂူက ပါလီမန်၌ ကြေညာခဲ့သည်။ သို့ရာတွင် အုပ်ချုပ်ရေးအဆင့် တိုးပေးမည့် စာရင်းတွင် မြန်မာနိုင်ငံ မပါ၀င်ခဲ့ပေ။
ထိုအခြေအနေကို ထိုစဉ်က YMBA ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းဝင် မြန်မာလူငယ်တို့ အခွင့်ကောင်းယူဖို့ ဖြစ်လာသည်။ မြန်မာနိုင်ငံကို အိန္ဒိယအင်ပါယာမှ ခွဲထွက်ရန် အကြံပေါ်ခဲ့ကြသည်။ သို့မှသာ အိန္ဒိယဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်မည်။ မြန်မာ့စီးပွားရေးကို ကုလားများ လက်ဝါးကြီးအုပ်ထားမှု အောက်မှ လွတ်မြောက် နိုင်မည်။ ရန်ကုန်တက္ကသိုလ် နှင့် ဂျပ်ဆင်ကောလိပ်တို့ကိုလည်း ကာလကတ္တားယူနီဗာစတီ၏ လက်အောက်ခံဘဝမှ လွတ်မြောက်စေမည် စသည်ဖြင့် YMBA လူငယ်ပိုင်းက ယုံကြည်ခဲ့ကြသည်။ ထိုစဉ်က မြန်မာပြည်ကို အုပ်ချုပ်သည့် မင်းတိုင်ပင်ကောင်စီသည် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် (Sir Reginald Craddock) ၏ ရုပ်သေးကောင်စီ ဖြစ်နေသည်။ ထို့ကြောင့် မြန်မာကို အိန္ဒိယမှ ခွဲထွက်ခွင့်ကိစ္စကို အိန္ဒိယရေးရာဝန်ကြီး မွန်တေဂူအား တိုက်ရိုက် တင်ပြနိုင် ရန် ၀ိုင်အမ်ဘီအေ က သူရိယသတင်းစာမှ ဦးဘဘေ၊ ၀တ်လုံတော်ရ ဦးပုနှင့် မန္တလေးမှ ဗုဒ္ဓသာသန နုဂ္ဂဟကျောင်းအုပ် ဦးထွန်းရှိန် (ဘေ-ပု-ရှိန်) ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။ ဘေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်၌ ၅ လကြာမျှ နေထိုင်၍ မြန်မာပြည်အား အိန္ဒိယမှခွဲထွက်ခွင့်နှင့် က်ုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အိန္ဒိယရေးရာဝန်ကြီး မွန်တေဂူအား တင်ပြ ခဲ့သည်။ သို့သော် ပါလီမန် အစည်းအဝေးပတ်မမှီ၍ဟုဆိုကာ ဆိုင်းငံ့ထားခဲ့သည်။

၁၉၂၀ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့တွင် ဂျူဗလီခမ်းမ၌ YMBA က ပြည်လုံးကျွတ် လူထုအစည်းအဝေးကြီးကျင်းပ၍ ဘေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့က သူတို့တင်ပြခဲ့ပုံ အခြေအနေအရပ်ရပ် ကို လူထုအားရှင်းပြခဲ့သည်။ ထိုလူထုအစည်းအဝေးကြီး ၌ ၀တ်လုံတော်ရ သာယာဝတီဦးပုက မြန်မာတိုင်းရင်းသားတို့ကိုယ်ပိုင်အုပ်ချုပ်ရေး Home Rule ကိုသာ လိုလားကြောင်း အဆိုတင်ခဲ့ပြီး အများဆုံးဖြတ်ချက်ဖြင့် အတည်ပြုခဲ့သည်။ မေလ ၂ ရက်နေ့လူထုအစည်းအဝေးတွင် ကရက်ဒေါက်၏ မြန်မာပြည်အုပ်ချုပ်ရေး ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ ကြပြီး၊ အိန္ဒိယမှ ခွဲထွက်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းရန် ဟူသော နိုင်ငံရေး ဦးတည်ချက်ကို ထပ်မံအတည်ပြုခဲ့သည်။ ထို့သို့ အမျိုးသားရေး နိုးကြားမှုများ ပိုမိုထက်သန်လာရာမှ ၁၉၂၀ ဒီဇင်ဘာလ ၅ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်) တွင် ယူနီဗာစတီ ဘွိုင်ကောက်ဟု ခေါ်သော တက္ကသိုလ်ကျောင်းသားများ၏ အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။
ယူနီဗာစတီ ဘွိုင်ကောက်ဟု ခေါ်သော တက္ကသိုလ်ကျောင်းသားများ၏ အထွေထွေသပိတ်ကြီး အဘယ်ကြောင့် ဖြစ်ပွားရ သနည်း။ ယင်းကစ္စ၏ နောက်ခံသမိုင်းအကျဉ်းမှာ ဗြိတိသျှ ပညာမင်းကြီး မတ်ဟန်းတား (Mark Hunter)၏ ယူနီဗာစီတီ အက်ဥပဒေ (University Act) အရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်)ကောလိပ် ကျောင်းသားများက ၁၉၂၀ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကန့်ကွက် သပိတ်မှောက် ဆန္ဒပြ ခဲ့ကြသည်။
နယ်ချဲ့ဗြိတိသျှ အစိုးရက ၄င်းတို့၏ နယ်ချဲ့ရာ၌ အဆင်ပြေချောမွေ့စေရန် ပညာရေးစနစကို် လက်နက်သဖွယ် အသုံးပြုခဲ့ သည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို ၁၉၂၀ ဇူလိုင်လ(၁၂)ရက် ဘုရင်ခံကောင်စီအစည်းအဝေးတွင် တင်သွင်း အဆိုပြုခဲ့ရာမှ မြန်မာတစ်နိုင်ငံလုံး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ကြသည်။ ထို့နောက် ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံပြုပြင်ရေး အသင်းကြီးသည် အစည်းအဝေးကို ချက်ချင်းခေါ်ယူကာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ခဲ့ကြလေသည်။ မန္တလေးမြို့တွင်လည်း လူထုအစည်းအဝေးကြီးက နယ်ချဲ့အစိုးရ မတ်ဟန်းတား၏ ခေတ်နောက်ပြန်ဆွဲသော လုပ်ဆောင် ချက်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆို ဆန္ဒပြကြသည်။
၁၉၂၀ ဇူလိုင်လ (၃၁) ရက်နေ့တွင် YMBA ခေါ် ဗုဒ္ဓ ကလျာဏယုဝအသင်းကြီးက ကြီးမှူး၍ ဂျူဗလီဟောတွင် ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီး ကျင်းပခဲ့သည်။ ယင်းအစည်းအဝေး၌ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အများပြည်သူတို့မကြိုက်ကြသောကြောင့် ၁၉၂၀ သြဂုတ်လတွင်ကျင်းပမည့် ဥပဒေပြုအဖွဲ့က ဒိုင်အာခီအုပ်ချုပ်ရေးစနစ် စတင်မည့် ၁၉၂၃ အထိ ဆိုင်းငံ့ထားရန်။ (၂) နောင် အခါ ပညာတတ်များနည်းပါးစေရန်ရည်စူး၍ ထိုဥပဒေကို ထုတ်ခဲ့သော ဗြိတိသျှ ပညာမင်းကြီး မတ်ဟန်းတားအား မြန်မာနိုင်ငံမှ ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် ၁၉၂၀ခုနှစ် ဒီဇင်ဘာလ(၃) ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသားများ ဖြစ်သော ကိုဘခင်၊ ကိုဘိုးကွန်း၊ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊ ကိုဖေသိန်း၊ ကိုဘရှင်(သံတွဲ)၊ ကေညီပိတ်၊ ကိုဘရှင်(ထားဝယ်)၊ ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီတော် စနေထောင့် ညောင်ပင်အောက်တွင် စုဝေး၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။ ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ (၅) ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသားသပိတ် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။
၁၉၂၀ပြည့် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် GCBA ဝံသာနုအသင်းချုပ်ကြီးက အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ (၁) မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။ (၂) ရန်ကုန် မြို့၌ အမျိုးသားတက္ကသိုလ် ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။ (၃) အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထား သော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်။ (၄) အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊ လိုအပ်သော စီစဉ်ညွှန်ကြားချက်များ ပြုလုပ်နိုင်ရေးအတွက် အမျိုးသား ပညာရေး ဦးဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းထားရှိရန်။ အထက်ပါဆုံးဖြတ်ချက်များနှင့်အညီ အမျိုးသားကျောင်းများကို ကြီးကြပ် ရန် ဥက္ကဋ္ဌ ဦးမောင်ကြီး(M.A)နှင့် အတွင်းရေးမှူး ဦးမောင်မောင်အုန်းခိုင်တို့ပါဝင်သည့် ၃၂ ဦးကို အလုပ်အမှုဆောင်အဖွဲ့ အဖြစ် ရွေးချယ် ဖွဲ့စည်းခဲ့သည်။ ဤသို့ဖြင့် ၁၉၂၁ခုနှစ် သြဂုတ်လ(၂၄) တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာ များမကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် အမျိုးသားကျောင်းပေါင်း ၁၄၀ ခန့်ဖွင့်လှစ်နိုင်ခဲ့ သည်။
နယ်ချဲ့အင်္ဂလိပ်က မြန်မာနိုင်ငံကို ရေရှည် ကျွန်ပြုထားနိုင်ရန် ပညာရေးကို လက်နက်အဖြစ် အသုံးပြုခဲ့သည်။ မြန်မာတို့ ကလည်း ပညာရေးကိုပင် လက်နက်အဖြစ် ပြန်လည်အသုံးချကာ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့သည်။ ဗိုလ်ချုပ် အောင် ဆန်းအပါအဝင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခေါင်းဆောင်များသည် အမျိုးသားကျောင်း များမှ ဆရာ များနှင့် ကျောင်းသားများဖြစ်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသားပညာရေးက နိုင်ငံရေးနိုးကြားမှုနှင့် လွတ်လပ်ရေး တိုက်ပွဲအတွက် ကြီးမားစွာ အထောက်အကူဖြစ်ခဲ့ကြောင်း သမိုင်းက သက်သေပြနေ ပေသည်။
၁၉၂၁ ခုနှစ် မန္တလေး၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေအသင်းကြီး ကွန်ဖရင့်မှစတင်၍ အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စ စတင်ဆွေးနွေးခဲ့ကြသည်။ သီပေါမင်းပါတော်မူသော တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အချို့က အကြံပြုသည်။ အချို့က ဦးဥတ္တမထောင်ကျခဲ့သော ၁၂၈၃ ခုနှစ် နယုန်လ ကွယ်နေ့ကို အကြံပြုကြသည်။ သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့သည် မင်္ဂလာ မရှိ၍ နယ်ချဲ့ဗြိတိသျှအား ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုသည်။ ၁၉၂၂ ခုနှစ် ဇွန်လ ၁၇/၁၈ တွင် ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်တွင် အများ သဘောတူညီထောက်ခံခဲ့ကြ၍ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ ကို အမျိုးသားနေ့ဟု စတင်သတ်မှတ်ခဲ့လေသည်။
ဤသို့ဖြင့် ခေတ်အဆက်ဆက်မှ လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်သူရဲကောင်း၊ အမျိုးသားကျောင်းထွက် ကျောင်းသားကြီး များ အသက်သွေးချွေး ပေးဆပ်၍ ကျားကုတ်ကျားခဲ တိုက်ယူခဲ့ရသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထဝီနယ်နိမိတ် ရေမြေတောတောင်၊ စာပေယဉ်ကျေးမှု အနုပညာစသည်တို့နှင့်တကွ တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးစိတ်ဓါတ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ကြရန် လက်ရှိ တိုင်းရင်းသားလူငယ်ခေါင်းဆောင်များ၌ တာဝန်ရှိပေသည်။
ထူးထူးခြားခြား တိုက်ဆိုင်မှုတစ်ခုမှာ ယခု အမျိုးသားနေ့ နှစ်ပေါင်းတစ်ရာပြည်ချိန်သည် ရန်ကုန်တက္ကသိုလ်ရာပြည့်နှစ် ဖြစ်သကဲ့သို့၊ ၂၀၂၀ ပြည့်နှစ် အေထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီကိုယ်စားပြုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား ပြည်သူလူထုက တစ်ညီတစ်ညွတ်တည်း အုပ်ချုပ်ရေးတာဝန်လွှဲအပ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ အမျိုးသားအောင်ပွဲနေ့မှစတင် မြစ်ဖျားခံလာသော အမျိုးသားညီညွတ်ရေး စိတ်ဓါတ်ဖြင့် နယ်ချဲ့ တော် လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ စသည့် လူမှုတော်လှန်ရေးများကို ဆင်နွှဲခဲ့ကြပေ သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် အမျိုးသားအောင်ပွဲနေ့ ညီညွတ်ရေးစိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်၍ တိုင်းရင်း သားပြည်သူအားလုံး မျှော်မှန်းသည့် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးတို့နှင့်ပြည်စုံသော၊ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၇၊ ၁၀ - ၁၂ -၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။