Breaking News

ဆောင်းယွန်းလ - "ပတ်လည်ပွဲ"



ဆောင်းယွန်းလ - "ပတ်လည်ပွဲ"

(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၁

သမ္မတကြီး ရောဂါထတော့
နိုင်ငံရေးသမားတွေက ရောဂါခေါင်းစဉ် ရှာကြတယ်
ဘယ်ကုထုံးနဲ့ ကုရမလဲတဲ့

နိုင်ငံရေးသမားတွေ ရောဂါထတော့
ပြည်သူတွေက ရောဂါခေါင်းစဉ်ရှာကြတယ်
ဘယ်နေရာမှာ ခိုရပုန်းရမလဲတဲ့

ပြည်သူတွေ ရောဂါထတော့
ရောဂါခေါင်းစဉ်ရှာဖို့ လူမရှိဘူး

အခေါင်းစျေးမတက် အသုဘစရိတ်သက်သာဖို့အတွက်
ဆုတောင်းရုံမှတပါး အခြားမရှိ

ဒီပတ်လည်ပွဲမှာ
ရမှတ်သုညနဲ့
ဥုံဖွတွင်းထဲ ခုန်ချနေရသူဟာ ပြည်သူဘဲ

ငရဲကိုပဲဖြစ်ဖြစ် နိဗ္ဗာန်ကိုပဲဖြစ်ဖြစ်
အမြန်ဆုံးလစ်နိုင်မှ
အဖြစ်ဆိုးတွေနဲ့လွဲမယ့် ကမ္ဘာ။

ဆောင်းယွန်းလ