Breaking News

ထွန်းဝင်းငြိမ်း - အထူးသတင်း



ထွန်းဝင်းငြိမ်း - အထူးသတင်း

(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၁

ပေါက္ခရဝဿမိုးတွေ
စွေနေတုန်းပဲ။
သင့်မြတ်ရေးလေညှင်းမှာ
ယမ်းနံ့တွေသင်းတယ်။
မျှော်လင့်ချက်တွေက
ကောင်းကင်တဝက်ကို
ထွန်ယက်ခဲ့ပြီ။
နောက်တခြမ်းအတွက်
ပုခုံးတွေနဲ့ ထမ်းရမလား
လက်ရုံးတွေနဲ့ ဆန့်တန်းရမလား။
တစ်တီတူးလိုအတွေးက
ကာကွယ်ဆေး မရှိဘူး။