Breaking News

ထွန်း၀င်းငြိမ်း - အလွတ်တည်ကန် ဘောများ



ထွန်း၀င်းငြိမ်း - အလွတ်တည်ကန် ဘောများ

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၁

ပွဲသိမ်းခရာလည်း
မှုတ်ပြီးပြီ။

ကားလိပ်ကြီးလည်း
ချလိုက်ပြီ။

မီးတွေတောင်
ပိတ်လိုက်ပြီ။

ဆက်ရန်ရှိသည်လို့
ဘာသာပြန်နေတာ
လက်တွဲချင်တာလား
ဝှက်ဖဲဆင်တာလား။

တုတ်ဆွဲ ဒါးဆွဲသူက
မလုပ်ရဲတာ ဘာမှ မရှိဘူး ဆိုပဲ။

ငါ့လှေ ငါထိုး
ရွာသာကြီးရောက်ရောက် ဆိုပေမယ့်။

ခြောက်ခရိုင်တ၀ိုက်မှာ
ဗျောက်ကိုင် မိုက်ပြီး
ကျောက်တိုင် စိုက်ရမယ့်
ခေတ်လည်း မဟုတ်ဘူး။

ရောင်နီလည်းပျို့ပြီ
ဇာတ်ပို့လုပ်တဲ့သူက
ဗိုလ်အောင်ဒင်လို
လွမ်းပြနေတာ
ရီစရာမှ မကောင်းတာ။ ။

ထွန်း၀င်းငြိမ်း
၂၅၊ ၁၊ ၂၀၂၁