Breaking News

ကိုအောင်မှိုင်း - UEC မဲစာရင်းပြဿနာ နဲ့ အာဏာသိမ်းခြင်း



ကိုအောင်မှိုင်း - UEC မဲစာရင်းပြဿနာ နဲ့ အာဏာသိမ်းခြင်း

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၁

ကနေ့ဗမာပြည်နိုင်ငံရေးကတော့ ကိုလိုခေတ်တုန်းက ပုလိပ်တွေဘိန်းပစ်ဖမ်းတဲ့နိုင်ငံ ရေးမျိူးလိုဖြစ်နေတော့တာပါဘဲဗျာ။ သေနတ်ကိုင်ထားပြီး သွေးရူးသွေးတန်း မဆင်မခြင် တွေပြော မဆင်မခြင်တွေလုပ်နေသလိုပါဘဲ။ မဲစာရင်းပြဿနာဆိုရင် ဥပဒေရှိပြီးသားဖြစ် လို့ ဥပဒေအရ ဖြေရှင်းရမဲ့ကိစ္စပါ။ဥပဒေဆိုတာကလဲ စစ်တပ်က ၁၅နှစ်တိုင်တိုင် ယုတ်ယုတ်မာ မာရေးဆွဲခဲ့ပြီး ဧရာဝတီတိုင်းမှာနာ၈စ်ဖြစ်လို့လူတွေသိန်း ချီသေကြေ ပျက်စီးချိန်မှာ အဆော တလ ျှင်ပြဌာန်းခဲ့တဲ့ ၂၀၀၈ခြေဥပါဘဲ။တည်ဆဲဥပဒေဖြစ်လို့ မကြိုက်ပေမဲ့ လိုက်နာနေကြရ တဲ့ ဥပဒေဆိုရင်မမှားပါဘူး။

၂၀၂၀ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်လို့ပြောရလောက် အောင်မဲ ရှုံးခဲ့တဲ့အချိန်မှာ စစ်တပ်ကမဲမသာမှုဖြစ်တယ်ဆိုတဲ့ အသုံးအနှံးနဲ့ စတင်ပြဿနာဖန်တီး လာရာက အခုနောက်ဆုံးစစ်အုပ်စုက အာဏာသိမ်းတယ်ဆိုတဲ့ စကားကိုအလွယ်တကူ ပြောဆိုလာခဲ့တာပါ။ကာချူပ်ဆိုတဲ့ ပုဂ္ဂိုလ်ကလဲ ၂၀၀၈ခြေဥဖျက် သိမ်းရေးဆိုတာထိပြော လာခဲ့ပါတယ်။ဆိုလိုတာက ၂၀၀၈ခြေဥကိုဖျက်သိမ်းဘို့ဆိုတာ စစ်တပ်ကအာဏာသိမ်းမှ ဖြစ်မဲ့ကိစ္စဆိုတော့ စစ်အာဏာသိမ်းတယ်ဆိုတဲ့ ကိစ္စကို အတည်ပြုပေးတယ်လို့ ယူဆရ မှာဖြစ်ပါတယ်။ ဖြစ်စဉ်တခုလုံးက အသေအချာပြင် ဆင် လုပ်ကြံဖန်တီးမှုလို့ပြောရတော့ မယ်ထင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် UEC ကိုဆန်းစစ်ခြင်း

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်သမိုင်းကိုကြည့်ရင် မြန်မာနိုင်ငံမှာ ရွေး ကောက်ပွဲ တွေကို ဗြိတိသ ျှကိုလိုနီခေတ်ကစပြီးကျင်းပခဲ့ပါတယ်။ ကာလအပိုင်း အခြားအရဆိုရင် ခေတ် ၄ ခေတ်ကို ဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။

(၁) ဗြိတိသ ျှကိုလိုနီခေတ် (၁၉၂၂ - ၁၉၄၇)
(၂) လွတ်လပ်ရေးရပြီးခေတ် (၁၉၄၈ - ၁၉၆၂)
(၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂ - ၁၉၈၈)
(၄) ပါတီစုံဒီမိုကရေစီခေတ် (၁၉၈၉ - ယနေ့ထိ)

ဆိုပြီးခွဲခြားထားတာတွေ့ရနိုင်ပါတယ်။ကျနော်တို့ကနေ့ဆန်းစစ်ကြည့်ကြမှာက အနီး ခေတ် ရွေးကောက်ပွဲကော်မရှင်တွေရဲ့ဖြတ်သန်းမှုတွေဖြစ်မှာပါ။ ပါတီစုံဒီမိုကရေစီ ခေတ်လို့သတ် မှတ်ထားတဲ့ ၁၉၈၉ က ကနေ့ထိ ရွေးကောက်ပွဲကော်မရှင်တွေ ရဲ့ အမှန်တကယ်ဖြတ်သန်း မှုတွေနဲ့ တာဝန်ခံဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွ ေအ ကြောင်းဘဲဖြစ်ပါတယ်။

နအဖက ၂၀၀၈ခုနှစ်၊မေ (၂၉)ရက်စွဲနဲ့ ၂၀၀၈ ခြေဥကို အတည်ပြုပြဌာန်းကြောင်း ကြေ ငြာခဲ့ပါတယ်။၂၀၁၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ခြေဥ ပုဒ်မ ၄၄၃၊ နအဖ ဥပဒေအမှတ် (၁/၂၀၁၀)ဖြင့်ပြဌာန်းထားသော ၂၀၁၀ပြည့်နှစ်ရွေး ကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၃ တို့အရ အောက်ပါပုဂ္ဂိုလ်များဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ဥက္ကဌအဖြစ် ဗိုလ်ချူပ်ကြီးဟောင်း ဦးသိန်းစိုးကတာဝန် ခံပြီး စုစုပေါင်း ၁၇ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါတယ်။၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲပြီးတဲ့နောက် နိုင်ငံတော်သမ္မတရုံးရဲ့ ၂၀၁၁ ခုနှစ်၊မတ်လ(၃၀) ရက်စွဲပါကြေငြာချက်အမှတ် ၅/၂၀၁၁ဖြင့် အောက်ဖေါ်ပြပါပုဂ္ဂိုလ် များကို ရွေးကောက်ပွဲ ကော်မရှင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။ဥက္ကဌအဖြစ် ဗိုလ်ချူပ် ကြီးဟောင်းဦးတင်အေးက တာဝန်ခံပြီး စုစုပေါင်း ၈ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။၂၀၁၅ပြည့်နှစ်ရွေးကောက်ပွဲပြီးတဲ့နောက် နိုင်ငံတော် သမ္မတရုံးရဲ့၂၀၁၆ခုနှစ်၊မတ်လ(၃၀) ရက်စွဲပါ ကြေငြာချက်အမှတ် ၄/၂၀၁၆ ဖြင့် အောက်ဖေါ်ပြပါပုဂ္ဂိုလ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။ ဥက္ကဌအဖြစ် ဦးလှသိန်း B.Sc(Q),M.Sc,DGS (Netherlands) ပါမေက္ခချူပ်ဟောင်း၊ မိတ္ထီလာတက္ကသိုလ်ကတာဝန်ခံပြီ စုစုပေါင်း ၁၅ဦး နဲ့လက်ရှိရွေး ကောက်ပွဲကော် မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လက်ရှိရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဇန်နဝါရီလ ၁ရက် ၂၀၁၇ခုနှစ်မှာ ကြေငြာချက် ၁/၂၀၁၇ကို စတင်ထုတ်ခဲ့တာတွေ့ရပြီ။၂၀၁၇ခုနှစ်မှာကြေငြာချက် ၃၂စောင် ၊၂၀၁၈မှာ ကြေငြာချက် ၁၆၆စောင်၊ ၂၀၁၉ မှာကြေငြာချက် ၂၃၆စောင်၊နဲ့ ၂၀၂၀ခုနှစ်မှာ ကြေငြာ ချက်ပေါင်း ၂၈၆စောင် ၊ထုတ်ပြန်ကြေငြာခဲ့တာတွေ့ရပါတယ်။ ကြေငြာချက်အားလုံးပေါင်း ၇၀၂ စောင်တိတိ ကြေငြာထားတာတွေ့ခဲ့ရပါတယ်။ဒီအပြင် အမိန့်ကြေငြာချက်ပေါင်း၄၁ ခုကိုလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။ လက် ရှိ ရွေးကောက်ပွဲကော်မရှင်ရဲ့ထူးခြား ချက်ကတော့ ၁။အရပ်သားတွေဖြစ်ခြင်း ၂။ဥပဒေပ ညာရှင်အများစုဖြစ်ခြင်းဘဲဖြစ်ပါတယ်။ ကျနော်အမြင်ကတော့ အားလုံးဟာဥပဒေနဲ့ အညီ စနစ်တကျတွေ့ရတာဖြစ်ပါတယ်။

ကျနော်ထောက်ပြချင်တာက ကနေ့အများစုပြောနေတဲ့ UEC ရဲ့အမှားတွေကြောင့်ဖြစ် တယ်ဆိုတဲ့ ပြစ်တင်ရှုတ်ချပြောဆိုနေမှုတွေကိုတော့ အတော်စိတ်ပျက်မိပါတယ်။ ဖြစ်စဉ် ကိုသေချာ ဃဃနန လေ့လာသိရှိဘို့လိုပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တခုကို ကျနော် တင်ပြချင်ပါတယ်။ အဲဒါကတော့ UEC ရဲ့ ဒီဇင်ဘာလ ၃၀ရက် ၂၀၂၀ခုနှစ် မှာ ထုတ်ပြန်ကြေငြာခဲ့တဲ့ “၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ မဲစာ ရင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်”ဆိုတဲ့ ထုတ်ပြန်ချက်ကို အသေအချာလေ့လာပြီးမှ ပြော ကြပါလို့မေတ္တာရပ်ခံလိုပါတယ်။

အဲဒီစာတမ်းမှာ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အခြေခံထုတ်ပြန်သည့် မဲစာ ရင်းမှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင်မဲပေးသည့် နောက်ဆုံး မဲစာရင်းမဟုတ် ပါ” လို့အတိအလင်း ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။UEC က ဘာမှမဖြေဘူး ဆိုတာမျိူး သူတို့လုပ်ချင်တာလုပ်တယ်ဆိုတာမျိူးတွေ စွတ်စွဲပြောဆိုနေ တာတွေကတော့ အတော်ကို လူမဆန်ဘူးလို့ဘဲ သုံးသပ်လိုပါတယ်။ ဗမာလိုရေးထား တာတွေ ဗမာလိုပြော ထားချက်တွေကိုတော့ တပ်မတော်အနေနဲ့ သေချာနားလည်သ ဘောပေါက်အောင်ဖတ်ရှု လေ့လာစေလိုပါတယ်။ကာချူပ်မိန့်ခွန်းလို ခဏခဏမှား နေတာမျိူးဟာ အလွန်အန္တရယ်ကြီး ပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်လို့ ပြောတာဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့ အစည်းတခုရဲ့အမှားဟာ တိုင်းပြည်နဲ့ လူမျိူးအတွက် ခုကာလတင်မကဘဲ နောင်အနာဂါတ် အတွက်ပါ ထိခိုက်စေနိုင်လို့ဖြစ်ပါ တယ်။

နောက်တချက်ကတော့ တပ်မတော်အနေနဲ့ လိမ်မယ်ဆိုရင်လဲ ယုတ္တိရှိရှိလိမ် ဘို့လိုပါတယ်။ လူ၁၀သန်းလောက်မဲစာရင်းမှားနေတယ်ဆိုရလောက်အောင် မဲ စာ ရင်းပြုစုသူအများစုက တပ်မတော်က ဆိုတာတော့သတိပြုစေချင်ပါတယ်။ ၂နှစ်ကလေး တွေ အသက်၁၀၀ပုဂ္ဂိုလ် တွေ မဲစာရင်းမှာတွေ့တယ်ဆိုတာနဲ့ သူတို့မဲလာပေးကြတာ မဟုတ်ပါဘူး။ကိုဗစ်ကာလမှာ လူတယောက်မဲစာရင်းထပ်နေလို့ အခြားနေရာတွေ လိုက်မဲထပ်ပေးဘို့ဆိုတာလဲ အတော် ခက်ခဲပါတယ်။လက်သန်းကမင်ကလဲ ၂လ လောက်ခံတယ်ဆိုတော့ကာ အတော်ခက်မယ် ထင်ပါတယ်။ကြံ့ဖွတ်ကလူတွေလုပ် သလို တံဆိတ်တုန်းအတုယူလာတာကမှ နီးစပ်ဦးမှာ ပါ။အဲဒါလိုဟာမျိူးကမှ ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ကျနော်တော့ထင်တယ်။မဲပေးတဲ့စနစ် မှာ အမှားအယွင်းအချိူ့ရှိတတ်တာ သဘာဝကျပါတယ်။အခုလိုသိန်းချီသန်းချီ ရည်ရွယ် ချက် ရှိရှိလုပ်ဘို့ဆိုတာ ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာလောက်တော့ စစ်ဗိုလ် တွေ တောင်ဖြစ်နေပြီဘဲဗျာ။စဉ်းစားလို့ရမယ်ထင်ပါတယ်။ကလေးတွေပြောသလို ထ္မင်း စားနေ ကြတဲ့လူတွေချည်းပါဘဲ။UEC ပြောပြီးဖြစ်လို့ ဘာမှထပ်ပြောစရာမလိုဘူးလို့ ကျနော်တော့ ရှင်းရှင်းလင်းလင်းမြင်တယ်။UEC မှန်တယ်။

ဒုတိယတချက်ကတော့ အခုလိုတက္ကသိုလ်ပါမောက္ခတယောက်ဦးဆောင်ပြီး ဥပဒေပ ညာရှင် တွေကိုယ်တိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွေလုပ်နေကြတာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အကျိူးအကြောင်းမခိုင်လုံဘဲ အခုလိုပက်ပက်စက်စက် တွေလုပ်နေတာ ကိုမြင်ရတာ နာနာကျည်းကျည်းဖြစ်မိတယ်။စစ်တပ်က စစ်ခဲ့တယ်ဆို တဲ့မဲစာရင်းအမှားတွေ ဆိုတာ သေချာလားဆိုတော့လဲ မရေမရာပြန်ပြောပြီး အဲဒါတွေကို စစ်စေချင်တာဆိုတော့ လဲ ပြောစရာကုန်သလောက်ပါဘဲ။ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ၈ ရက်နေ့က မဲစာရင်းမဟုတ် ဘဲ ဘယ်မဲစာရင်းကိုပြန်စစ်ရမှာလဲ။ ၂၀၀၈ခြေဥကို အ တည်ပြုထားတဲ့ မဲစာရင်းကြီးကအမှား ကြီးမိုလို့ပြန်စစ်ချင်တယ်ဆို ရမလား။ ရွေးကော က်ပွဲဥပဒေနဲ့အညီ ကာလစည်းကမ်းသတ် မှတ်ချက်အရလုပ်နိုင်တယ်။ သတ်မှတ် ရက်ကျော်ရင် ခြေဥမဲစာရင်းကြိးလိုပါဘဲ။ သေသွား တဲ့ လူတသိန်းကျော်အတွက် ပြန်စစ် လို့မရနိုင်ပါဘူး။အရပ်စကားနဲ့ပြောရရင် နာဂစ်မှာလူ သိန်းချီသေသွားတာကလဲ အခိုင် အမာပါဘဲ။

ကျနော့်အမြင်ကတော့စစ်တပ်အနေနဲ့ဘာလိုချင်တာလဲ။ဘာဖြစ်ချင်တာလဲ။ရိုးရိုးသားသား ပြောပေါ့ဗျာ။အခုဟာက UEC လိုရိုးရိုးသားသား တာဝန်ယူဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ် တွေကိုတော့ ပက်ပက်စက်စက်တွေလုပ်ပြီး ဂျောက်တွန်းချတာမျိူးမလုပ်စေချင်ပါဘူး။ စစ်တပ်က UEC ကိုပြဿနာရှာမရရင် အခြားအကြောင်းတခုခုနဲ့ပြဿနာရှာဘို့ ရည်ရွယ် ထားပုံ ပါဘဲ။အခုပြောနေတဲ့ မဲအမှားရှိလို့အာဏာသိမ်းမယ်ဆိုတာကတော့ ခုတ်ရာတ ခြား ရှရာတ ခြားလို့ဘဲပြောရတော့မှာပါ။ဒီလောက်အောက်တန်းကျတဲ့အလုပ်ကို လူ သိန်းချီရှိတဲ့ စစ်တပ် ကြီးတတပ်လုံးကတော့ လုံးဝလုပ်ကြလိမ့်မယ်လို့ကျနော်မယုံ ကြည်ပါဘူး။နောက်ဆုံးတော့ လဲ သမ္မတဘဲဖြစ်ဖြစ် ဝန်ကြီးချူပ်ဘဲဖြစ်ဖြစ် ကာချူပ်ဘဲ ဖြစ်ဖြစ် ကိုယ့်သမိုင်းကိုယ်ရေးကြရ တာပါဘဲ။နောင်တရတဲ့အချိန်မှာ ပြန်မပြင်နိုင် တော့တဲ့ အချိန်ဖြစ်မှာကိုဘဲ ကျနော်တော့စိုးရိမ်မိပါတယ်။

လူထုကတော့ အခုလဲဆင်းရဲတွင်းနက်နေရတဲ့ဘဝပါ။ ကိုဗစ်ရောဂါအတွက်လူတွေ အလွန် စိတ်ညစ်ညူးနေချိန်မှာ စစ်တပ်ရဲ့ကနေ့လုပ်ရပ်တွေကတော့ အတော်ကို လူထုအတွက် စိတ်သောကဖြစ်ရတာကတော့သေချာပါတယ်။လူထုမှာ နှေင်ကြိုးက လွဲပြီး အခြားဆုံးရှုံးစ ရာမရှိပါဘူး။အဓ္ဓမတွေကိုတော့ လူထုကလုံးဝမကြိုက် တာ သေချာပါတယ်။

တိုင်းပြည်ခေါင်းဆောင်ဆိုသူတွေ ဆင်ခြင်နိုင်ဘို့ပါ။

လေးစားစွာဖြင့်

ကိုအောင်မှိုင်