Breaking News

ကိုအောင်မှိုင်း - ပြည်ပန်းညို

Art - Than Htay Maung


ကိုအောင်မှိုင်း - ပြည်ပန်းညို

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၁

ရေးတေးတေး
အရေးတော်ပုံတခုအတွက်
အိပ်မက်တွေကိုအားပြုရင်း
တင်းနေတဲ့မေးရိုးကြီးကို
အားနာမိတယ် ပြည်ပန်းညို။

စားမဲ့ထ္မင်းလုပ်တွေကို
ပုတ်ထုတ်လိုက်လို့
ရလာမဲ့အသပြာတွေနဲ့
တံတားတစင်း လမ်းတခင်းကို
လဲဘို့ဆိုတာ ငါတို့အတွက်တော့
ဝန်လေးမိတယ် ပြည်ပန်းညို။

ရူးသွတ်မှုအတွက်
တန်ဘိုးဆိုတာတွေကို
ရေတွက်နေရမှတော့
မျက်ရည်တွေရဲ့တန်ဘိုးက
အနိုင်အထက်ပြုခြင်းနဲ့
အခွင့်ထူးခံခြင်းဆိုတဲ့ဒဿနဟာ
လမ်းဆုံးမှတ်တိုင်လား ပြည်ပန်းညို။

သေနတ်ကိုင်ပြီးရူးရူး
သံလျှက်ကိုင်ပြီးရူရူး
အာဏာကိုင်ပြီးရူးရူး
ဘဝင်ကိုင်ပြီးရူးရူး
သောက်ဆေးနဲ့စားဆေးက
အတူတူပါဘဲ ပြည်ပန်းညို။

ညပေါင်းများစွာမှာ
ဘဝပေါင်းများစွာဟာ
ဝေဒနာပေါင်းများစွာကို
သခင်လို့မှတ်ခဲ့ရတော့
ကြပ်မပြည့်လှတဲ့
ခေါင်းဆောင်ဆိုသူတွေအတွက်
ပါရမီဖြည့်ခဲ့ရတာလား ပြည်ပန်းညို။

လူမဟုတ်တော့တဲ့လူတွေနဲ့
မျက်နှာပျက်စရာတွေမဖြစ်အောင်
မျက်နှာပေးတွေပြင်စေချင်ရင်တော့
မျက်နှာမရ ခြေထောက်ရလိမ့်မယ်
ရှက်စရာကိုရှက်ပါ ပြည်ပန်းညို။

ပြည်ပန်းညို ဆေးဖက်ဝင်လျှက်
ဒဿနကဖျက်။

ကိုအောင်မှိုင်း
ဒီဇင်ဘာလ ၁၆ရက်နေ့