Breaking News

ကျော်ဟုန်း - တလွဲ မပြောင်း

ပန်းချီ သန်းဌေးမောင်


ကျော်ဟုန်း - တလွဲ မပြောင်း

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၁

သူက
မျက်စိကို ပဝါစီး
ပစ်မှတ်တွေလွဲအောင်
လေ့ကျင့်ထားတဲ့
ဆပ်ကပ်ထဲက
ဓားပစ်ကျွမ်းသူပေါ့။

တသက်လုံး
အလွဲတွေ လုပ်ရင်း
ဝမ်းစာဖြည့်ခဲ့တဲ့ကောင်
ကြာလာတော့
ဘာမဆို
အလွဲပဲ လုပ်တတ်လာ
အလွဲလုပ်တာ
သူ့ အခြေခံဥပဒေ
သူ့စောင့်ရှောက်ကာကွယ်ရာပေါ့။

ဒီလိုနဲ့
တလွဲမပြောင်း
အမြဲကောင်းတယ် ယုံရင်း
ရဲရဲကြီး ကျူးရင့်

" ငါ့ အမည်းထုထဲ
အဖြူတစက်မှ
အစွန်းမခံနိုင်ဘူးဟေ့ "တဲ့။

ကျော်ဟုန်း
၂၀၂၁ ၀၁ ၁၃