Breaking News

ကိုသန်းလွင် - ပီရူးနိုင်ငံ သည်အုပ်ချုပ်မရနိုင်တော့ပြီလော



ကိုသန်းလွင်  - ပီရူးနိုင်ငံ သည်အုပ်ချုပ်မရနိုင်တော့ပြီလော

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၁

(၁)
နိုဝင်ဘာလတုန်းက ပီရူးနိုင်ငံတွင် ၁၀ ရက်အတွင်း သမ္မတ ၃ ယောက်ပြောင်းခဲ့ပါသည်။ ပထမ တစ် ယောက်မှာ ၆ ရက်ခံပါသည်။ ယခုလက်ရှိသမ္မတမှာဘယ်နှစ်ရက်ခံမည်လဲ ကျွန်တော်တို့မသိရပါ။ ဆာဂတ်စတီ (Francisco Sagasti) သည်ဧပြီလရွေးကောက်ပွဲများကျင်းပချိန်အထိတော့ခံမည်ဟု ယူဆရပါသည်။ သူသမ္မတ အဖြစ် ဆက်လက်တည်ရှိလျင်ကောသူ့နောက်ကဘယ်သူများလိုက်ကြပါမည်နည်း။ ပီရူးသည် အုပ်ချုပ်ရန်ခက်ခဲ နေပြီ လော။

ပီရူးတွင် ၂၀ ရာစုနှစ်အတွင်း စစ်တပ်က ရှစ်ကြိမ်အာဏာသိမ်းခဲ့ပါသည်။ သို့သော်နောက်ဆုံးဆယ်စုနှစ် နှစ်ခုအတွင်း တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာခဲ့ပါသည်။ ဆင်းရဲမှုများလည်းလျော့နည်းလာခါ စီးပွား ရေးတိုးတက်မှုများကိုမြင်ခဲ့ကြပါသည်။ သို့ပါသော်လည်းအကျင့်ပျက်ခြစားခြင်းများက အမြစ်တွယ်နေခဲ့ပါသည်။ ပြီးခဲ့သော သမ္မတ ၄ ယောက်သည် ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီ (Odebrecht) မှ လာဒ်စားခဲ့ကြသည်ဟု သံသယဖြစ်၍ အစစ်ဆေးခံနေကြရပါသည်။ ဘရာဇီးကုမ္ပဏီမှာ ဒေသတွင်းနိုင်ငံများစွာတို့တွင်လာဒ်ပေး မှုများရှိ ခဲ့သည်ဟုနာမည်ကြီးနေပါသည်။ ခြစားမှု ပပျောက်ရေးစီမံချက်များကြောင့် တိုင်းပြည်ဆူပူမှု မဖြစ်ခဲ့သော်လည်း တိုင်းပြည်သူ ပြည်သားအချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ခြင်းများများလာ၍ စိတ်ပျက်နေကြရပါသည်။

(၂)
ထိုအရှုတ်အထွေးများကို ရှင်းလင်းသုတ်သင်နေရသဖြင့် အဖြစ်အပျက်များမှာ ရှုတ်ထွေးလျက်ရှိပါသည်။ နိုင်ငံရေးမြင်ကွင်းတခုလုံးတွင် ထိုလာဒ်စားမှုများ ပပျောက်သွားအောင် မည်သူမျှရှင်းလင်း နိုင်ခြင်းမရှိခဲ့ပါ။ နိုင်ငံ ရေးအရ ကြီးလေးသောတာဝန်ကြီးများကိုယူပြီး ခြစားမှုကိုရှင်းလင်းရမည့်သူများကပါ ခြစား နေကြသောအခါ ဖြေရှင်းရန်ခက်သော ပြသနာကြီးဖြစ်လာပါသည်။ ထို့ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာသော အခါ ပြသနာကို မရှင်းဘဲနေတာက ကောင်းဦးမည်ဟုပြောဆိုသူများရှိလာပါသည်။

နိုင်ငံရေးအရကြည့်လျင် လွန်ခဲ့သည့် သုံးလအတွင်း တဦးနှင့်တဦး ပုတ်ခတ် အပုတ်ချပွဲများမှာ အမြင့်ဆုံး အခြေအနေသို့ရောက်ခဲ့ပါသည်။ နိုင်ငံရေးအရပြိုင်ဘက်များကိုတိုက်ခိုက်ရာတွင်ဘာကိုမှ အကန့်အသတ်မထား တော့ဘဲ လုပ်နိုင်လာပါသည်။ သမ္မတတဦးကိုဖြုတ်ချရန်အတွက် စစ်တပ်ကိုခေါ်နေစရာမလိုပါ။ လူတစ်ဦး သည် အုပ်ချုပ်ရန်မသင့်လျော်ဘူးဆို၍ ဖြုတ်ချနိုင်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားပါသည်။ သမ္မတသည် (Permanent Moral Incapacity) ဖြစ်ပါသည် ဟုပြော၍ဖြုတ်ချနိုင်ပါသည်။

ပထမကူချင်စကီ (Pedro Pablo Kuczynski) သည်ဝေါစထရိမှ အငြိမ်းစားယူလာသည့်ဘဏ်လူကြီးတစ် ယောက်ဖြစ်ပါသည်။ သူ့ကို၂၀၁၆ ခုနှစ်ကသမ္မတ အဖြစ်ငါးနှစ်ကြာတာဝန်ထမ်းဆောင်ရန် ရွေးကောက်တင် မြှောက်ခဲ့ပါသည်။ သူ့သမ္မတလုပ်၍နှစ်နှစ်ခန့်ရှိလာချိန်တွင် သမ္မတအလုပ်နှင့် မသင့်လျော်ဘူးဆိုခါ (Impeach) လုပ်၍ဖြုတ်ချခဲ့ပါသည်။

ကိင်ကို ဖူဂျီမိုရီ (Keiko Fujmori) သည် ယခင်သမ္မတဟောင်း ဖူဂျီမိုရီ၏သမီးဖြစ်ပြီး ရွေးကောက်ပွဲ တွင် ရှုံးနှိမ့်ခဲ့သည်။ သို့သော်ရှုံးပါသည်ဟုဝန်မခံဘဲပါလီမန်တွင်အမတ်များသည်ကို အကြောင်းပြုပြီး မစ္စတာကူချင်စကီ ကို အကျင့်ပျက်ခြစားပါသည်ဟုစွတ်စွဲခဲ့သည်။ အသက် ၈၂ နှစ်ရှိပြီဖြစ်သော သမ္မတအဟောင်းမှာ ထောင်မကျ သော်လည်း မိမိအိမ်အကျယ်ချုပ်ဖြင့်နေရတော့သည်။

ဗစ်ကာရာ (Martin Vizcarra) မှာ မစ္စတာကူချင်စကီ ၏ လက်ထောက်၊ ဒုသမ္မတဖြစ်ပြီး သူ၏ သမ္မတ ကိုဖြုတ်ချရန် ကြံစည်သူများနှင့်ပူးပေါင်းခဲ့သည်။ မစ္စတာ ဗစ်ကာရာမှာ ပဌမ မစ္စဖူဂျီပူရီ၏ စစ်သားသဖွယ်ဖြစ်ခဲ့ ပြီး နောင်သော အခါခြစားသည်ကို တိုက်ဖျက်သည့်အနေဖြင့် ဖူဂျီမိုရီ၏ပါတီကိုကျဆုံးစေခဲ့သည်။ သူ့ကိုတိုင်း ပြည်ကအကြိုက်နှစ်သက်ဆုံးအချိန်မှာ ၂၀၁၉ စက်တင်ဘာလတွင်အမြင့်ဆုံးရောက်ခဲ့ပြီးကွန်ဂရက်ကိုဖျက်သိမ်း ခဲ့သည်။ ထို့ကြောင့် အတိုက်အခံပါတီအဖို့နေရာပျောက်သွားခဲ့ပြီးမစ္စတာဗစ်ကာရာသည် ၆ လကျော်ကြာအောင် အောင် အစိုးရကိုထိန်းသိမ်းထားနိုင်ခဲ့သည်။

မစ္စတာဗစ်ကာရာ၏ အာဏာသိမ်းခြင်းမှာ တိုင်းပြည်တွင် တိုးတက်မှုများရလာခဲ့ပြီး ခြစားမှုကို ကာကွယ် ရေးလုပ်ငန်းများလည်းအောင်မြင်ခဲ့ပါသည်။ တိုင်းပြည်၏ အမြင့်ဆုံးလွှတ်တော်ကလည်း မဲ ၄-၃ ဖြင့်အာဏာ သိမ်း မှုကိုအတည်ပြုပေးခဲ့သည်။ ကွန်ဂရက်လွှတ်တော်ကို မတ်လတွင်မဲဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြ သည်။ သို့ပါသော်လည်း ကွန်ဂရက်ရှိ လူများမှာ ယခင်ကွန်ဂရက်အဟောင်းကဲ့သို့ အကျင့်ပျက်ခြစားမြဲပင်။

နိုဝင်ဘာလတွင် မစ္စတာဗစ်ကာရာကိုယ်တိုင် သူတောင်ပိုင်း Moquegua မြို့တွင်အုပ်ချုပ်ရေးမှုး လုပ်ခဲ့စဉ် က လာဘ်ယူခဲ့သည်ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ကွန်ဂရက်ကသူ့ကို ကံတရား၏နိယာမအတိုင်းဖြုတ် ချခံခဲ့ရသည်။ ရက်အနည်းငယ်အကြာတွင်သူ့ကို နိုင်ငံမှပြင်ပသို့ထွက်ခွါခွင့်ကို ၁၈ လကြာပိတ်လိုက်ပြီး ခြစားမှု စွတ်စွဲချက်များကို ဖြေရှင်းရန်ဖြစ်သည်။

ထိုအခါ မစ္စတာ ဗစ်ကာရာက အံ့အားသင့်စရာကြေညာခဲ့သည်မှာ လာမည့်ရွေးကောက်ပွဲတွင် သူ့ကို ဖြုတ်ချခဲ့သောပါတီအတွက် အရွေးခံမည်ဟူ၍ဖြစ်သည်။ သူ၏အများနှင့်မတူသော ပေါ်ပြူလာဖြစ်မှု၊ ခြစားမှု ကိုဆန့်ကျင်မှုတို့ကြောင့် သူသည် ကွန်ဂရက်လူကြီးအဖြစ်အရွေးခံရဖွယ်ရှိနေပါသည်။ အနည်းဆုံး ကွန်ဂရက် လူကြီးဖြစ်နေပါက ထောင်သွင်းအကျဉ်းချခြင်းမှ အနည်းဆုံး နှစ်အနည်းငယ် လွတ်ကင်းနေမည်ဖြစ်သည်။ သူသမ္မတဖြစ်စဉ်က ဤအလေ့အကျင့်ကို အပြင်းအထန် ကန့်ကွက်ဆန့်ကျင်ခဲ့သည်။

ဆယ်စုနှစ် နှစ်ခုမျှကြာအောင် ပီရှုး၏စီးပွားရေးသည် ၄.၅% မျှတိုးတက်ခဲ့ပါသည်။ မစ္စတာ ဗစ်ကာရာ လက်ထက်တွင် ၂.၃% အထိလျှော့ကျသွားခဲ့ပြီး ယခုရောဂါပြန့်ပွားမှုကပီရှုးနိုင်ငံသို့ကူးစက်လာပါသည်။ စီးပွား ရေးသည် ၁၁.၅% သို့လျှော့ကျသွားခဲ့ပြီးဒေသတွင်းအထိခိုက်ဆုံးဟုဆိုနိုင်ပါသည်။ ဆင်းရဲမွဲတေမှုနှုန်းမှာ အနှစ် ၂၀ ခန့် လျှော့ကျနေခဲ့ရာမှ တိုးလာခဲ့ပြန်ပါသည်။ ပီရှုးတွင် ရောဂါပြန့်ပွားမှုကြောင့် သေနှုန်းမြင့်မားသော နိုင်ငံ များတွင် တနိုင်ငံအပါအဝင်ဖြစ်လာခဲ့ပါသည်။

ပီရူးလူနေမှုစနစ်တွင် အာဏာရှင်စနစ်ကအမြစ်တွယ်နေခဲ့ပါသည်။ အဲဘတ်တို ဖူဂျီမိုရီသည် ၁၉၉၂ခုနှစ် ကပါလီမန်သို့တင့်ကားများကို ပို့လွှတ်ပြီးအာဏာသိမ်းစဉ်က ပြည်သူချစ်သော အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့ပါ သည်။ ယခင်သမ္မတဟောင်း ဂါစီယာ (Mr Garcia) မှာ ၁၉၈၆ ခုနှစ် အကျဉ်းထောင်အုံ့ကြွမှုကို နှိမ်နင်းစဉ်က လည်း တိုင်းပြည်တွင် ပေါ်ပြူလာဖြစ်ခဲ့ပါသည်။ ထိုစဉ်က အကျဉ်းသား ၃၀ဝ ကျော်ကို သေဆုံးစေခဲ့ပါသည်။ ၁၉၇၄ ခုနှစ်ကလက်ဝဲယိမ်းစစ်တပ်က တောက်ပသောလမ်း (Shining Path) အဖွဲ့ဝင်များ ကိုသတ်ဖြတ်စဉ်က လည်း မီဒီယာများကို ထိန်းချုပ်နိုင်ခဲ့ပါသည်။ ထိုစဉ်ကလည်း ပညာတတ်များက တခဲနက် ထောက်ခံခဲ့ကြပါ သည်။ လက်ဝဲရော လက်ယာရော ဒီမိုကရေစီထုံးတမ်းစဉ်လာ မရှိခဲ့ပါ။

ပီရူးကို ကိုင်လှုတ်ခဲ့သော နိုဝင်ဘာလ ၁၀ ရက်တာမှာလည်း နိုင်ငံရေး ယိုယွင်းမှု၏ ဥပမာဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲ၍ တစ်ယောက်နှင့်တစ်ယောက်အပုတ်ချနေကြစဉ်မှာ မည်သည့်စနစ်မျှမခံ နိုင်ပါ။ အဖွဲ့အစည်းများမှာ ပျက်စီးနေပါပြီ။ သမ္မတ အခန်းကဏ္ဍမှာ မရှိသလောက်ဖြစ်ပြီး ကွန်ဂရက်မှာလည်း တရားမဝင်ဖြစ်ခဲ့ရပါသည်။ ပီရှုးလူမျိုးတို့မှာ နိုင်ငံရေးသမားအချင်းချင်းနောက်ကျော ဒါးနှင့်ထိုးခြင်းကို ရွံ့မုန်းခါ နှလုံးနာနေကြပါသည်။

(၃)
ထို့ကြောင့် နိုဝင်ဘာလအတွင်းက ထောင်ချီသော ပီရူးလူမျိုးလူငယ်များက လမ်းမများပေါ်ထွက်၍ ဆန္ဒ ပြကြသောအခါ အဆန်းမဟုတ်တော့ပါ။ ချီလီနှင့် ဂွာတာမာလာ တို့နှင် ့မတူသည်မှာဆန္ဒပြမှုများသည်ငြိမ်းချမ်း စွာ အဆုံးသတ်ခဲ့ခြင်းဖြစ်ပါသည်။ သို့တိုင်အောင် ကျောင်းသား ၂ ယောက်သေဆုံးခဲ့ရပြီး လူ ၂၀ဝ ကျော်ဒဏ် ရာ အနာတရဖြစ်ခဲ့ရပါ သည်။ ဆန္ဒပြမှု ၆ ရက်မြောက်သောနေ့တွင် သမ္မတ မာရီနိ်ု (Manuel Merino) ပြုတ်ကျ သွားခဲ့ပါသည်။ ဆန္ဒပြသမားများက လီမာမြို့တော်ရှိလမ်းမကြီးများကို ပိတ်ဆို့ပြီး လူနေမှုအဆင့်အတန်းမြင့်မား ရေးကိုတောင်းဆိုဆန္ဒပြခဲ့ကြပါသည်။

ပီရူးနိုင်ငံတွင်သမ္မတလောင်း နှင့်ကွန်ဂရက်လွှတ်တော် အမတ်လောင်းများကိုမည်သူမျှစိတ်မဝင်စားကြပါ။ သမ္မတလောင်း ၄ ဦးအနက် ၃ ဦးမှာ ခြစားမှုများနှင့်မကင်းကြပါ။ လွှတ်တော်အမတ် ၁၃၀ ဦးအနက် ၆ဂ ဦးမှာ လူသတ်မှု၊ ခြစားမှုများဖြင့် အုပ်ချုပ်ရေးဆိုင်ရာနှင့် ရာဇဝတ်မှုများဖြင့် အစွတ်စွဲခံနေရပါသည်။ ကောင်းလာစရာ မရှိသည့် အတွက်ရွေးကောက်ပွဲကိုစိတ်မဝင်စားနိုင်ဖြစ်နေပါသည်။

ကိုသန်းလွင်
Ref: Has Peru lost its ability to govern By Sonia Goldenberg New York Times January 7 2021