Breaking News

ဒီသစ် - နေညှဉ်း

နေညှဉ်း
ဒီသစ်
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၁

လရောင်ဟာ
မြစ်ပြင်နဲ့လမ်းမများကို
စူးဝင်သွားခဲ့​ပေါ့။

တခုပြီးတခုလဲပြိုကျ
နံရံရဲ့အရိပ်များ...။

အနက်နုရောင်ထဲ
တိုးဝှေ့ဆဲဆည်းဆာရောင်ကျဉ်ကျဉ်က
မျဉ်းပါးပါးတကြောင်းဖြစ်
မီးခိုးလိုလွင့်...
မျော...။

ဒီခရီးမှာတော့
ငှက်ကလေးတွေအလင်းသောက်ဖို့ရာက
နှင်းခြောက်တွေအုံးအုံးထတုန်းရယ်။ ။