Breaking News

ပန်ဒိုရာ - နှာခေါင်းစည်း

နှာခေါင်းစည်း
ပန်ဒိုရာ
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၁

နှာခေါင်းစည်းဆိုပေမဲ့ ပါးစပ်ပါ လုံပါသည်။ မျက်နှာဖုံးဟုတော့ မသုံးနှုန်းစေလို။ မျက်နှာဖုံးဆိုသည်က မျက်နှာ ၏ဧရိယာကို ပိုမိုဖုံးလွှမ်းပြီး အယောင်ဆောင်ရန် သို့မဟုတ် ဖုံးကွယ်ရန် ရည်ရွယ်မည်။ ဖုံးကွယ်ခြင်းနှင့် ကာ ကွယ်ခြင်း ကွာခြားသောအခါ နှာခေါင်းစည်းများက ပရော်ဖက်ရှင်နယ် ဖြစ်သွားသည်။ ညစာစားပွဲ ဖိတ်ကြားခံရသူ ငှက်ကျားတစ်ကောင်သည် နှာခေါင်းစည်းတပ်ထား၍ စားသောက်ရန် အခက်တွေ့ခဲ့သည်။ မက်စ်ကရိတ် (masquerade) ဟုခေါ်သည့် မျက်နှာဖုံးပါတီတွင် ပါးစပ်များ ဖုံးအုပ်ရန်မလိုပါ။ ရှေးဟောင်းမျက် နှာဖုံးတစ်ခုသည် မျက်နှာနားကပ်သွားလျှင် အလိုလို သံလိုက်ဓာတ်ထွက်ကာ တပ်ဆင်လျက်သား။ ခွာမရ။ အသွင်ပြောင်း။ လူလွန်အစွမ်းများပြ၍ မှော်ဝင်နေတော့သည်။ နောက်တစ်နေ့နိုးထလာချိန်တွင် ဘာမှမမှတ်မိတော့။ သင်က လုပ်ဆောင်တာလား၊ မျက်နှာဖုံးက လုပ်ဆောင်တာလား။ အားလုံးငြိမ်နေရတော့ မျက်လုံးက စကားထပြေ ာသည်။ အုပ်ထားသောမျက်နှာတွင် မျက်လုံးလောက်ဖြင့် ခွဲခြားနိုင်လျှင် ဆရာကြီးပါ။ ဉာဏ်ကောင်းသော နှ ာခေါင်းစည်းများက မျက်မှန်နက်ကြီးပါ တပ်ထားရင်း လမ်းဘေးတွင် ရဲရဲကြီး ဗျစ်ခနဲ အထွေးခံလိုက်သည်။ လူနေမှုပုံစံသစ် တစ်ခါသုံးအမှိုက်ပုံစံသစ်။ လူချင်းဝေးကွာလည်း နှာခေါင်းစည်းနှစ်ခုအောက်မှ နှုတ်ခမ်းနှစ်ခု လုံးထွေးနေသည်။ နားရွက်များက ဘာလာချိတ်ချိတ် အခေါ်အဝေါ်တို့ကို စိတ်မရှိပါ။ နှာခေါင်းစည်းနှင့် လေမှကူးစက်သောရောဂါတို့အဓိပ္ပာယ် ပူးတွဲသတ်မှတ်သွားပုံမှာ ဝမ်းနည်းစရာ။ နှာခေါင်းစည်း၏ အရိုးခံရည်ရွယ် ချက်များကို မေ့သွားပြီ။ အရေပြားသက်သက်ကို ထွင်းဖောက်၍ ဗိုင်းရပ်စ်ပိုးမွှားများ မဝင်နိုင်ဘူးဆိုလျှင် ဒွာရပေါက်များကို နှာခေါင်းစည်းကဲ့သို့ အပြင်ကာကွယ်စနစ်ထက် အတွင်းကာကွယ်စနစ် လုပ်လိုက်လျှင် သင်တို့ အလှမပျက်တော့ဘဲ လုံခြုံနိုင်တာကို ရိပ်မိပါသလား။ တစ်ယောက်ယောက်ကတော့ တစ်ကွက်ကွက် ချန်ထားသေးတာ သေချာလှသည်။ လောလောဆယ်တော့ နောက်တစ်ခေါက် ထပ်ပြောရဦးမည်။ နှာခေါင်းစည်းတပ်ဆင်သူများ ပါးစပ်လုံရန်လည်း အရေးကြီးသည်။ 

ပန်ဒိုရာ
၂၆.၁.၂၀၂၁