Breaking News

ရန်လင်းအောင် (Yan Linn Aung) - ဒီနေ့ရေးသည် (Write today)

ဒီနေ့ရေးသည်
ရန်လင်းအောင်
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၁

ရေထဲကငါးတွေမို့
ရေထဲပြန်လွှတ်ပေးချင်တယ်

မိုးပေါ်ကငှက်တွေမို့
မိုးပေါ်ပြန်လွှတ်ပေးချင်တယ် 

ဓူဝံကြယ်ဆိုပြီး
မီးတစ်တို့လောက်
လိုက်တောင်းနေတာမျိုးက
ရယ်စရာမဟုတ်တော့ဘူးလေ 

သူ့အပင်နဲ့သူအပွင့်
ကတိတည်စေချင်ပါတယ် 

လမင်းနဲ့ လရောင်
ချိန်သားကိုက်စေချင်ပါတယ် 

ဒါမျိုး
ဘယ်သူရေးဖူးလဲ
အတူတူရေးချင်လို့ ။ ။

-
Write today
Yan Linn Aung
Trans; Khet Oo


Because of fish from water,
Would like to free them in water.

Because of birds from sky,
Would like to free them to the sky.

Saying itself it is 
Northern star and
Asking for about a fire hasn't
Become a funny thing.

Blossom and its plant
Would like to keep them in promise.

Moon and moonlight
Would like them to be in right timing.

Like this
Who has ever written before? 
Would like to write it together.