Breaking News

စစ်ငြိမ်းမိုး - တော်လှန်ရေး



တော်လှန်ရေး
စစ်ငြိမ်းမိုး 

(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၁



က မ္ဘာကြီးရဲ့သားသမီးများအတွက်
ကမ္ဘာကြီးကပေးတဲ့လက်ဆောင်ပေါ့
တော်လှန်ရေးဟာရှိတယ်

ကိုလံဘတ်ရှာဖွေခဲ့တဲ့
ကုန်းမြေပေါ်က
ဌာ​နေလူမျိုးစုများအတွက်
တော်လှန်ရေးဟာရှိတယ်

ယဥ်ကျေးသောလူသားမျိုးနွယ်
ဖြစ်ပေါ်ထွန်းကားရေးအတွက်
ပဒေသရာဇ်ရဲ့ကျွန်စနစ်မှာ
တော်လှန်ရေးဟာရှိတယ်

ဖလွိုင့်ရဲ့လည်မြိုပေါ်ဖိထားတဲ့
အင်အားသုံးနိူင်လိုမင်းထက်
အပြုအမူအတွက်
တော်လှန်ရေးဟာရှိတယ်

အားကြီးသူအနိူင်ယူစတမ်း
တောဥပဒေသလမ်းအတွက်
တော်လှန်ရေးဟာရှိတယ်

အဓမ္မအမှုမှန်သမျှ
ဆန့်ကျင်အုံကြွမယ့်
တော်လှန်ရေးဟာရှိတယ်

ကမ္ဘာကြီးရဲ့သားသမီးများအတွက်
အမှန်တရားနဲ့
သွေးအသက်ကိုဝှက်ထားတဲ့လက်ဆောင်ပေါ့
တော်လှန်ရေးဟာရှိနေတယ်။

စစ်ငြိမ်းမိုး