Breaking News

အရောင်တူငှက်များ၏ ယုံကြည်ချက်မနက်ဖြန်

အရောင်တူငှက်များ၏ ယုံကြည်ချက်မနက်ဖြန်




ကွေးသောလက် မဆန် ့မှီ

ဆန် ့သောလက် မကွေးမှီ

မိုးလုံးပြည့် မုသားဝါဒ

အပင်းသွင်းခံထားရတဲ့

ဖောက်ပြန်သူများနဲ ့စစ်အုပ်စုအတွက်

ပြည်သူများရဲ ့ ဒဏ်ခတ်ခြင်းနေ ့ရက်များ

အားကောင်းမောင်းသန်

ရောက်ရှိလာတော့မယ်..။




အခုများတော့

ကြွေလွင့်သွားရတဲ ့

ကြယ်ပွင့်များရဲ ့

ရာဇဝင်ကြွေးတွေနဲ ့အရိုးတွန်သံဟာ

ဖောက်ပြန်သူများနဲ ့ စစ်အုပ်စုအတွက်

သေမင်းခေါ်သံဖြစ်တယ်…။




ငါတို ့ရဲ ့

အမှန်တရားကို လိုလားတဲ့

ဟောဒီ ရင်ဘတ်တွေထဲက

နာနာကျည်းကျည်း အော်ဟစ်မြည်ကြွေးသံတွေဟာ

စစ်အာဏာရှင်စနစ်ကို

အဆုံးသတ်စေမယ့်

တိုက်ပွဲခေါ်သံပဲဖြစ်တယ်…။

မနိုင်လို ့သီးခံရခြင်းဟာလည်း

အတိုင်းအတာတခုထိပဲ မဟုတ်လား…။




အရောင်တူငှက်များ၏

ယုံကြည်ချက်မနက်ဖြန်

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်....၊။







ရဲရင့်သက်ဇွဲ