Breaking News

နို့စိမ်းလက်ဖက်ရည် မဟာမိတ်

နို့စိမ်းလက်ဖက်ရည် မဟာမိတ်
<><><><><><><><><><>

ဂျန်ဇီတွေဟာ
ငါတို့နဲ့
နိုင်ငံတော်အတွက်
ရွှေအမြုတေ အနာဂတ်။

ဂျန်ဇီတွေဟာ
စစ်ဘီလူး၊ အာဏာရူး
ဝါဒရူးတွေအတွက်
နေရာမပေး
ကမ္ဘာကြည့်နဲ့
အမြင်မှန်တို့ စုပေါင်းရာ
သွေးသစ်မြစ်ဖြစ်တယ်။

ဂျန်ဇီတွေဟာ
အာဏာလု
စစ်သူပုန်အုပ်စုအတွက်
ယောယုဝပို့မယ့် ယမမင်း။

ဒီပွဲ
နို့စိမ်းလက်ဖက်ရည်
ချိုပေါ့ကျသောက်ရင်း
အားရော အင်ရော ထည့်
အားပေးနေဦးမယ်။

( မြန်မာ + ဟောင်ကောင် + ထိုင်ဝမ် + ထိုင်း
+ အိန္ဒိယ + အင်ဒို လူငယ်ထုကို ဦးညွှတ်လျက်)

ကျော်ဟုန်း
၂၀၂၁၀၂၂၇