မောင်ရစ် - အင်တာနက်ကို ပိတ်ဆို့ထားချိန် အပြင်ကလူတွေ ဘာလုပ်ကြမလဲ
မောင်ရစ် - အင်တာနက်ကို ပိတ်ဆို့ထားချိန် အပြင်ကလူတွေ ဘာလုပ်ကြမလဲ
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၁
ပြည်ပက မြန်မာတွေ တဦးချင်း လုပ်နိုင်တာ စုပေါင်းလုပ်နိုင်တာကတော့ -
- Stop fake news & conspiracies in Myanmar against Democracy movement.
- Show your support to Burmese protesters and General Boycotts in Myanmar
ကိုယ်ပိုင် ပရိုဖိုင်းအစစ်အမှန်နဲ့ ကိုယ့်ယုံကြည်သူက လွဲရင် ကိုယ့်မိတ်ဆွေထဲက လူတွေကို စိစစ်ပါ။ ဖယ်ရှားပါ။ အတုတွေကို report လုပ်ပါ။
သတင်းမှား လုပ်ကြံသတင်းတွေကိုလည်း report လုပ်ပါ။
ကိုယ်သတင်းမှား ဖြန့်မိရင် ချက်ခြင်း မှားကြောင်း ပြန်ပြင်ဆင်ထုတ်ပြန်ပါ။
credit ကို ပေးထားပါ။ သတင်းရင်းမြစ်ကို စိစစ်နိုင်အောင်လို့။
အခုချိန် စိတ်တွေ ပူပန်နေချိန်မှာ အတုတွေကို ကလစ်လုပ်ပြီး မောင်းထုတ်ပါ။ ပစ်သတ်လိုက်ပါ။ ဖယ်ရှားလိုက်ပါ။ စိတ်ထဲ ရှင်းသွားမယ်။ ဒီမိုကရေစီလမ်းမကြီး ဖြောင့်ဖြူးသွားမယ်။
(မောင်ရစ်၊ မိုးမခမီဒီယာ)