Breaking News

ကိုအောင်မှိုင်း - မယောင်ရာဆီလူးလို့ ထူးစရာအကြောင်းမရှိပါ



ကိုအောင်မှိုင်း - မယောင်ရာဆီလူးလို့ ထူးစရာအကြောင်းမရှိပါ

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁

၁။ကနေ့စစ်အုပ်စုက GSC နဲ့ CRPH ကိုထိတ်တိုက်တိုးပြီး ၂ဖွဲ့လုံးစိတ်ဝမ်းတွေ ကွဲပြဲသွား စေချင်တာဖြစ်တယ်။သူ့လူလိုလို ကိုယ့်လူလိုလို ဒလန်တွေက ၂ဖွဲ့လုံးကိုအမျိူးမျိူးအပုတ် ချတာတွေ သွေးကွဲစေမဲ့ကိစ္စတွေကို  အဓိက ၂၀၀၈ခြေဥပေါ်မူတည်ပြီး ရည်ရွယ်ချက် ရှိရှိ လုပ်နေတာကို ကျနော်တို့တွေ့နေရပါတယ်။

၂။ ရှင်းရှင်းလင်းလင်းသိဘို့က ကနေ့တိုက်ပွဲဝင်နေတဲ့ လူထုတရပ်လုံးဖြစ်တဲ့ Gn X Y Z အများစုသဘောထားက ၂၀၀၈ခြေဥကို လုံးဝဖျက်သိမ်းရေးဘဲဖြစ်ပါတယ်။ ၂၀၀၈ခြေဥ ကို လုံးဝဖျက်သိမ်းရေး လုပ်ငန်းစဉ်ကြီးမှာ ပြီးဆုံးအောင်မလေ ျှာက်နိုင်တဲ့ ပါတီ တွေ လူပုဂ္ဂိုလ် တွေကတော့ လမ်းခုလတ်မှာကျန်နေကြမှာဘဲဖြစ်ပါတယ်။ လူထုက တော့ ပြီးဆုံးသည်အထိ ဆက်လေ ျှာက်မှာ အသေအချာဘဲဖြစ်ပါတယ်။

၃။ တကယ်လုပ်ရမှာက NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေက GSC မှာ ပူး ပေါင်း ပါဝင်ပြီး CRPH လုပ်ငန်းတွေ အောင်မြင်အောင် တဖက်တလမ်းကအထောက် အကူပြုဘို့ ဖြစ်ပါတယ်။

ကျနော့်အမြင်ကတော့ ၂၀၀၈ခြေဥ ဆိုတာ စစ်တပ်အာဏာသိမ်းကထဲက ပျက်သွားပြီဖြစ် ပါတယ်။ ဒီနေရာမှာပြောစရာရှိတာက CRPH ဟာ ၂၀၀၈ခြေဥကြောင့်တရားဝင်တာ မ ဟုတ်ပါဘူး။လူထုဆန္ဒမဲတွေအရ တရားဝင်မှုရှိတာဖြစ်ပါတယ်။ ဒါကြောင့် CRPH ရဲ့ကနေ့ တိုက်ပွဲကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ 

ဒီနေရာမှာ မတူတဲ့လုပ်ငန်းတွေကိုမတူသလိုဆောင်ရွက်တာ သဘာဝကျပါတယ်။ GSC ရဲ့ တိုက်ပွဲသဏ္ဍာန်နဲ့ CRPH ရဲ့တိုက်ပွဲသဏ္ဍာန်မတူပါဘူး။ ဒီလိုဘဲ CDM  အာဏာဖီ ဆန်ရေး တိုက်ပွဲသဏ္ဍာန်နဲ့ နိုင်ငံတကာက တိုက်ပွဲဝင်ရဲဘော်တွေရဲ့ တိုက်ပွဲသဏ္ဍာန် တွေကလဲ တူ မှာမဟုတ်ပါ။ဒါအတွက် တူတာတွဲတိုက်ပြီး မတူတာခွဲတိုက်ဆိုတဲ့ တပ် ပေါင်းစုမူကို အခိုင် အမာကျင့်သုံးနိုင်မယ်ဆိုရင် အပြန်အလှန်အားဖြစ်စေမှာဖြစ် ပါတယ်။

သေချာတာက CRPH ဆိုတာ စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းမှာ လိုအပ် ချက်အရ ပေါ်လာတာဖြစ်သလို GSC ဆိုတာကလဲ လိုအပ်ချက်အရ တိုက်ပွဲကြားက ပေါ် လာတာဖြစ် ပါတယ်။ဘုံရန်သူက စစ်အုပ်စုဖြစ်တာကြောင့် အပြန်အလှန်အားဖြစ်တဲ့ မူတွေရှိဘို့ ၂ဖွဲ့လုံး မှာ လိုအပ်ပါတယ်။

၄။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက်အမှတ် ၈/၀၂/၂၀၂၁ ရက် စွဲ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၂၁)ရက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စပ်လျဉ်းတဲ့ သ ဘောထားအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။လူထုသဘောထားအရ လို့ဆိုထားတဲ့ အတွ က်လူထု သဘောထားဖြစ်တဲ့ ၂၀၀၈ခြေဥဖျက်သိမ်းရေးအပေါ်သဘောထားလို့ ကျနော် မြင်တယ်။ဒါ ပါတီရဲ့ လူထုပေါ်ပေးလိုက်တဲ့ ဂတိအဖြစ်မှတ်ယူရမှာဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ NLD အမည်ခံပြီး သဘောထားတွေပေးနေတာတွေဟာ ပါတီမူ ပါတီ သဘောထားတွေ မဟုတ်ကြောင်းကြေငြာလိုက်တာဖြစ်လို့ ပြဿနာတွေ ကြည့်မြင်ရာမှာ ကျနော့်အမြင်ကတော့ ရှင်းရှင်းလင်းလင်းရှိနေပါတယ်။မလိုတာတွေကိုပြောဆိုပြီး မယောင် ရာဆီမလူးကြစေချင်ပါဘူး။

၅။ NLD ပါတီဟာ ပြီးခဲ့တဲ့ ၅နှစ် အစိုးရလုပ်ခဲ့တဲ့ကာလမှာ အမှားအချိူ့ကို ကျူးလွန်ခဲ့ တာ ကိုတော့ ကျနော်တို့ဗြောင်ဘဲပြောရမှာဖြစ်ပါတယ်။လူထုသဘောထားတွေ တိုင်း ရင်းသား တွေရဲ့ သဘောထားတွေကိုဆန့်ကျင်ပြီး စစ်တပ်နဲ့မူမဲ့ရင်ကြားစေ့ရေးကို ဇွတ် လုပ်ခဲ့တဲ့ အ မှားဟာ သမိုင်းဆိုင်ရာအမှားဖြစ်ပါတယ်။ အကြိမ်ကြိမ် သတိပေးခဲ့ တဲ့ ကြားက လူထုဆန္ဒ၊ ဒီမို ကရေစီတိုက်ပွဲဝင် ရဲဘော်ထုရဲ့ဆန္ဒကို ပစ်ပါယ်ခဲ့တာလဲဖြစ်ပါ တယ်။ ဒါကိုပြန်ပြောနေတာ ချေးခြောက်ရေနူးနေတယ်လို့ သဘောမထားစေလိုပါ။ သင် ခန်းစာယူဘို့နဲ့ နောက်ဆက် လက်ချီတက်ရမဲ့လမ်းမှာ အများပြည်သူနဲ့လက်တွဲ နိုင်ဘို့ ဖြစ်ပါတယ်။  

၆။NLD ပါတီကို လူထုထောက်ခံမှုရှိနေတာကိုတော့ အသိအမှတ်ပြုဘို့လိုပါတယ်။ စစ်အာ ဏာရှင်စနစ်ကို တိုက်ပွဲဝင်ဘို့အတွက် ကြီးမားတဲ့အင်အားကြီးတခုဖြစ်တယ် ဆိုတာကိုလဲ လက်တွေ့ကျကျ အသိအမှတ်ပြုလက်ခံကြရမှာဖြစ်ပါတယ်။ တကယ် တန်းပြောရရင် လူထု ဘဲဖြစ်ဖြစ် ပါတီတွေဘဲဖြစ်ဖြစ် လိုအပ်ရင်လမ်းပေါ်ထွက်ရတာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ တွေဘဲ ဖြစ်ပါတယ်။ အခုလိုအာဏာသိမ်းတဲ့အချိန်မှာ လူထုဟာ လမ်းပေါ်မထွက်ရင် ဘာလုပ်ကြရ မှာလဲဆိုတာ ကြိးမားတဲ့မေးခွန်းကြီး တခုဘဲဖြစ် ပါ တယ်။
 
ရ။ ကနေ့ပြဿနာက ငြမ်းချမ်းစွာလူထုဆန္ဒထုတ်ဖေါ်နေတာကို အကြမ်းဖက်မှုတွေ ဖြစ် အောင်လုပ်နေကြတာဖြစ်ပါတယ်။လူတယောက်ရေပုလင်းနဲ့ပစ်လိုက်လို့ ကျန်တဲ့လူတွေ ကလိုက်ပစ်ရင် ရဲကသေနတ်နဲ့ပစ်တော့တာပါ။လူထုနဲ့ရဲကြား ရင်ဆိုင်နေချိန်မှာ ဒလန် တယောက်က ခဲနဲ့ရဲကိုပစ်ပြလိုက်လို့ရဲက သေနတ်နဲ့ပစ်တော့တာပါ။ဒါတွေအားလုံးက စနစ်တကျ ဇာတ်တိုက်ထားပြီးဖြစ်ပါတယ်။
 
ဒါကိုတားနိုင်တဲ့နည်းကတော့ စည်းစနစ်ကျတဲ့ဦးဆောင်မှုလိုမှာဖြစ်ပါတယ်။ တိုက်ပွဲ ကာလရေရှည်လာတာနဲ့အမ ျှ တိုက်ပွဲဖြစ်စဉ်ပြောင်းလဲမှုတွေ နည်းပရိယါယ် ပြောင်း လဲမှုတွေအတွက် အချိန်မှီတုန့်ပြန်နိုင်ဘို့ တိုက်ပွဲဂွင်ကို စနစ်တကျထိမ်း သိမ်းဘို့  ဥိး ဆောင်မှုလိုပါတယ်။ကနေ့လူထုတိုက်ပွဲရဲ့လိုအပ်ချက်အရ GSC ပေါ် လာတာဖြစ်တယ် လို့ကျနော်ထင်တယ်။ဒီလူတွေဟာ တိုက်ပွဲကြားက ပေါ်လာတာဖြစ်လို့ ယုံကြည်စိတ်ချ နိုင်တယ်။မျိူးဆက်အသီးသီးဖြစ်လို့ တိုက်ပွဲစဉ်တွေကို ဖြတ်ခဲ့တဲ့ အစဉ် အလာရှိပြီးသူ တွေလဲဖြစ်ကြတာတွေ့ရတယ်။ ဒီအတွက် GSC ကို ထောက်ခံပါတယ်။

၈။ ထူးခြားချက်ဖြစ်တဲ့ Gn Z ကတော့ အမှီအခိုကင်းစွာ တိုက်ပွဲဆက်ဝင်မယ်လို့ ကျနော် တို့တထစ်ချယုံကြည်ပါတယ်။သူတို့ဟာ အရောင်ကင်းသူတွေဖြစ်သလို မျိူးဆက် အတွက် တိုက်ပွဲဝင်သူတွေဖြစ်လို့ ပြင်းထန်တဲ့ ယုံကြည်ချက် ခံယူချက်တွေရှိနေကြ တာတွေ့ရပါ တယ်။ဒီလူငယ်ထုရဲ့ အမှီခိုကင်းစွာတိုက်ပွဲဝင်မှုတွေကိုတော့ အဟန့် အတားမဖြစ်ဘို့ လို မယ်ထင်ပါတယ်။သူတို့ဟာ လူငယ်တွေဖြစ်ပေမဲ့ အမေ ျှာ် အမြင် ရှိသူတွေဖြစ်တာကို သူတို့ ပြောစကားတွေက အခိုင်အမာဖေါ်ပြနေပါတယ်။

၉ ။ ကနေ့စစ်အုပ်စုမှာ စစ်တပ်ရှိတယ်။ ရဲရှိတယ်။ ပိုက်ဆံပေးထားတဲ့လက်မရွံ့တွေ ရှိတယ် ဆိုတာထက် ဘာမှပိုမရှိတော့ပါဘူး။ဒီအတွက် စစ်အုပ်စုဟာ သူ့အမှား တွေကိုဖုန်းကွယ်ဘို့ နေ့တဓူဝလိမ်နေရတယ်။ညာနေရတယ်။ယုတ်ယုတ်မာမာ တွေလုပ် နေရတယ်။လူငယ်တွေ ကိုသတ်ဖြတ်နေရတယ်။

စည်းစနစ်ရှိတဲ့ တိုက်ပွဲဝင် ပြည်သူလူထုတွေရှေ့မှာတော့ လိမ်ညာယုတ်မာ ပက် စက်မှုအား လုံးဟာ ဗူးပေါ်သလိုပေါ်သွားခဲ့ပါပြီး မျက်နှာစာအားလုံးမှာရှုံးနေပါပြီ။ ဒီအတွက် ကျနော်တို့ ညီညွတ်ကြရပါမယ်။တိုက်ပွဲဝင်ညီညွတ်မှုတွေ အလိုအပ်ဆုံး အချိန်ဖြစ်ကြောင်းပါ။ 

ကိုအောင်မှိုင်း
ဖေဖေါ်ဝါရီလ ၂၂ရက် ၂၀၂၁ခုနှစ်