Breaking News

ကမ္ပည်းအမှတ် ၂၈/၂

ကမ္ပည်းအမှတ် ၂၈/၂
<><><><><><><>

တတိုင်းပြည်လုံး
ယမ်းပွင့်မြည်ဟိန်း
ဟီးထနေတဲ့ လူထုကြီးကြား
အဓမ္မတွေ လှစ်ခနဲ ဖြတ်သွားကြ
လဲသူ လဲ
ကွဲသူ ကွဲ
လွဲသူ လွဲ။

မည်သို့ပင်ဖြစ်စေကာမူ
ဓမ္မချစ် အလွှာစုံဟာ
အဓမ္မတွေကြား ထိုးဖောက်နေဆဲ။

ယုံကြည်ချက် မသေသူတွေ
အနာဂတ် မသေဘူး။

ပစ္စုပ္ပန် နင်းချေသူတွေ
အနာဂတ်ပါ သေရစေ့။

ကမ္ဘာမှာ ကြည့်လိုက်
ယုံကြည်ချက်ကို သတ်လို့ရတဲ့
ဘယ်အာဏာရှင်မှ မရှိသေးဘူး။

ကမ္ဘာအနှံ့ ဖြန့်ကျက်ရှုလိုက်
ယုံကြည်ချက်ကို သတ်လို့ရတဲ့
ဘာလက်နက်မှ မထွင်နိုင်သေးဘူး။

တရားဓမ္မဟာ
အရောက်နောက်ကျပေမယ့်
ပန်းတိုင်ဆီ အရောက်လာတတ်မြဲ
မော်ကွန်းရာဇဝင် ထားရစ်၏။

ကျော်ဟုန်း
၂၀၂၁၀၂၂၈