Breaking News

ညိုထက်ညို - ငါ့သမီး အိပ်နေတယ်

ငါ့သမီး အိပ်နေတယ်
(မြသွဲ့သွဲ့ခိုင်... သို့)
ညိုထက်ညို
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁

ခဏခဏ
ဖုန်းမဆက်နဲ့
မကြာမကြာ
အိမ်ရှေ့ မလာနဲ့
မက်ဆင်ဂျာက
မက်ဆေ့ချ် မပို့နဲ့
ကမ္ဘာပေါ်က
နှင်းဆီတွေကို စုပြုံသိမ်းထုပ်ပြီး
ချောကလက် တံဆိပ် နဲ့
တံခါးဝ ကို  
လာလာမချနဲ့
ငါ ဘယ်လောက် စိတ်ပူရတယ် ဆိုတာ
သိဖို့ကောင်းတယ်
ငါ့သမီးက
အသက်ကိုဆက်မယ့် စက်ကလေးကိုဖက်ပြီး
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ်။ ။