Breaking News

ကိုအောင်မှိုင်း - ရွေးလမ်းအပေါ် သေနင်္ဂဗျူဟာအမြင်အရ ချဉ်းကပ်ခြင်း



ကိုအောင်မှိုင်း - ရွေးလမ်းအပေါ် သေနင်္ဂဗျူဟာအမြင်အရ ချဉ်းကပ်ခြင်း

(မိုးမခ)ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀၁

၁။ အမှောင်ခေတ်မှာနေချင်တဲ့လူက အနည်းစုသာဖြစ်ပါတယ်။ နံပါတ်တစ်ဖြစ်တဲ့ ဗိုလ်မင်း အောင် လှိုင်ဆိုတဲ့ စစ်ရာဇဝတ်ကောင်ကတော့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ လူဆိုးလူမိုက် တယောက်ရဲ့ စိတ်ဓါတ် အတွေးအခေါ်ထက်ဘာမှမပိုဘူးလို့ဘဲ ပြောရမှာပါ။ ဒါကြောင့်လဲ အစုတ်ပဲ့ဆုံး အယုတ် မာဆုံး အမိုက်မဲဆုံးလုပ်ရပ်တွေနဲ့ လူထုကိုရန်ပြုနေကြတာလက်တွေ့ပါ ဘဲ။ ကနေ့ လူထုကိုကျွန် ပြုချင်တဲ့စစ်အုပ်စုနဲ့ တဦးတယောက်အကျိူးစီးပွါးအတွက် စစ်အုပ်စု နဲ့ပေါင်းစားချင်တဲ့ ကြေးစား အတွေးအခေါ်နဲ့ လူတစုသာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ပြည်သူလူထုကို ဖျက်လိုဖျက်ဆီးလုပ်ကြမှာ ဖမ်းဆီးတာတွေ ရိုက်နှက်တာတွေ အဆုံးစွန်မှာပြန်ပေးဆွဲ တာတွေ သတ်ဖြတ်တာတွေက အစ လုပ်မှာပါ။ ဒါကြောင့် စစ်အုပ်စုအပေါ်မျှော်လင့်နေကြတဲ့ အတွေးအခေါ်အမြင်တွေကို ချက်ခြင်းစွန့် လွတ်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
၂။ အာဏာသိမ်းစစ်အုပ်စုက CRPH ကိုဖျက်သိမ်းဘို့လုပ်မှာပါ။ အာဏာသိမ်းစစ်ကောင်စီဟာ တရား ဝင်မှုမရှိတဲ့အဖွဲ့အစည်းဖြစ်လို့ CRPH အနေနဲ့ စီးချင်းထိုးတာကိုစရပါ မယ်။ အာဏာ သိမ်းစစ်ကောင် စီကို ဘယ်နိုင်ငံကမှလဲ တရားဝင်အသိအမှတ်မပြုတဲ့အတွက် CRPH ဟာ ဗမာပြည်ရဲ့တခုတည်း သော တရားဝင်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီတရားဝင်မှုအရ အာဏာသိမ်းစစ်ကောင်စီကို တရားမ ဝင်ကြောင်းနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ရာဇဝတ်မှုဖြစ်ကြောင်း ကြေငြာရပါမယ်။ ဗမာပြည်မှာ တရားစွဲလို့မရရင် နိုင်ငံတကာတရားရုံးတခုခုမှာ CRPH က တရားဝင်လွဲထားတဲ့ကိုယ်စားလှယ်တွေ အနေနဲ့ တရားစွဲတာ စရပါမယ်။ နိုင်ငံတကာမှာ ဝိုင်းလုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေအ များအပြားရှိပါတယ်။ လက်ခံမဲ့နိုင်ငံတွေလဲ ရှိပါတယ်။ CRPH နိုင်ငံခြားဆက်ဆံရေးကိုယ်စားလှယ် အနေနဲ့ဆောင်ရွက်နိုင်ပါတယ်။ ဒေါက်တာစာစာရဲ့ ကနေ့ဆောင်ရွက်မှုအချိူ့ကတောင် အတော် ကြေနပ်ဘို့ကောင်းပါတယ်။ ကုလသမဂ္ဂမှာ တရားဝင်နေရာရအောင်ကြိုးစားရမှာဖြစ်ပါတယ်။ အဓိကကတော့ ဗမာပြည် ထဲကို နိုင်ငံအများတောင်းဆိုနေကြတဲ့ ကုလသမဂ္ဂလေ့လာရေးကိုယ်စားလှယ် အဖွဲ့ စေ လွှတ်ဘို့ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အတတ်နိုင်ဆုံးပါတ်သက်အောင်လုပ်ဘို့က သေနင်္ဂဗျူ ဟာ အမြင်ဖြစ်ပါတယ်။

၃။ CDM လှုပ်ရှားမှုဟာ ကနေ့စစ်အာဏာသိမ်းတိုက်ပွဲရဲ့အသက် ပါဘဲ။ တချိူ့ပြန် ပါကောင်း ပါသွား နိုင်ပါတယ်။ အဲဒါကို ပြန်ထွက်လာအောင် လူထုကပြန်ကျိူးစားကြပါ။ ဒီနေရာမှာ သမိုင်း ဆိုင်ရာမှတ် တမ်းတခုကို ကျနော်ပြောပြချင်ပါတယ်။ ၁၉၈၈ခုနှစ်က ဝန်ထမ်းတွေဆန္ဒ ထွက်ပြတော့ အောက်တို ဘာလ ၃ ရက်နေ့မှာ ဝန်ထမ်းအားလုံးမဖြစ်မနေ လုပ်ငန်းခွင်ပြန် ဝင်ဖို့အမိန့်ထုတ်တယ်။ လုပ်ငန်း ခွင်ထဲရောက်ပြီး သိပ်မကြာခင်မှာ အချက်၃၃ ချက်ပါတဲ့ ပုံစံဖြည့်ခိုင်းပြီး ငြိတဲ့သူမှန်သမျှ အလုပ်က ထုတ်ပစ်ခဲ့တယ်။ ဟုတ်မဟုတ်သေချာအောင် အဲဒီတုန်းက သပိတ်မှာပါဝင်သူတွေမေးကြည့်ရင်သိ နိုင်ပါတယ်။ စစ်အုပ်စုဟာ အညိုးအတေးနဲ့ အမုန်းတရားသိပ်ကြိးတယ်။ လက်စားချေတာတွေလုပ် လေ့ရှိတယ်။ သူတို့နိမ့်နေပြီဆိုရင် မိန်းမလိုမိန်းမရ ဗိုလ်မင်းအောင်လှိုင် လိမ်လိုက်ညာလိုက်ခြိမ်း ခြောက်အကြပ်ကိုင်လိုက် စသဖြင့် ယုတ်မာပက်စက်မှုတွေကို လုပ်လေ့ရှိတယ်။ နိုင်ပြီဆိုလို့ကမညှာမတာ လုပ်လေ့ ရှိတာ အခိုင်အမာသမိုင်းတွေရှိတယ်။ စစ်အုပ်စုဆီက ဘာမျော်လင့်ချက်တွေ မှမမျော်လင့်နဲ့။ နိုင်အောင်တိုက် မနိုင်ရင်စစ်ကျွန်ပြန်ဖြစ်မယ်။ သားသမီးမြေးမြစ် နောက်မျိူးဆက် အထိ ကျွန်စစ်ဘဝရောက်မယ်။ ဒုတိယသေနင်္ဂဗျူဟာ အမြင်ဖြစ်တယ်။ စစ်ကျွန်ဖြစ်ချင်သလား စစ် အုပ်စုကို အဆုံးစွန်ထိတိုက်ပွဲဝင်မလား။ တိုက်ပွဲဝင်ချင်တယ်ဆိုရင် လူထုက CDMမှာ မပါ တဲ့ဝန်ထမ်း တွေကို ဒီသေနင်္ဂဗျူဟာအမြင်နဲ့ စည်းရုံးရမယ်။ တိုက်ပွဲဝင်ရမယ်လို့ ကျနော်ထင် တယ်။

၄။လူထုတိုက်ပွဲမှာ ဘယ်သူဥိးဆောင်မလဲဆိုတဲ့ ကနေ့ပြဿနာအချိူ့ရှိနေတာ တွေ့ရပါတယ်။ ကျနော့်အမြင်ကတော့ ဥိးဆောင်နိုင်သူအားလုံးက လူထုနဲ့အတူဦးဆောင်ရမှာပါ။ ခေါင်းဆောင် တွေကို တိုက်ပွဲတွေက မွေးထုတ်ပေးမှာပါ။ အိမ်မှာမိန်းမနဲ့ဖက်အိပ်ပြီး လူထုခေါင်းဆောင်ဖြစ် မလာ နိုင်ပါ။လူထုကို ခေါင်းဆောင်နိုင်လို့ ခေါင်းဆောင်နေကြတာကို အားပေးပါ။ ငါမပါ ဘယ်ဟာ မှမပြီး။ ငါပါတော့လဲမပြီး ဆိုတာတွေ ရပ်တန်းကရပ်ပါ။ လူငယ်တွေ သူတို့မျိူးဆက်တွေအတွက် တိုက်ပွဲဝင် နေတာတွေကို ရင်ထဲကနှစ်နှစ်ကာကာ အားပေးပါ။ သူတို့ဟာ သူတို့အနာဂါတ်ကို ထုဆစ်နေသလို အလုပ်သမားတွေ လယ်သမားတွေ ဆင်းရဲသူ ဆင်းရဲသားတွေကိုယ်တိုင်ကလဲ အမှောင်ထုထဲက ရုန်းထွက်နေကြတာပါ။ ဟိုဟာကြောင့် ဒီဟာကြောင့် ဆိုတာမျိူးတွေနဲ့ လူထု တိုက်ပွဲကို အားမယုတ် စေချင်ပါ။

၅။ ကနေ့တူတာတွေ တွဲလုပ်နေကြပြီး မတူတာတွေ ခွဲလုပ်နေကြပါတယ်။ ဒါကလဲ သေနင်္ဂဗျူဟာ အမြင်တခုပါဘဲ။ခက်တာက ကနေ့ ကြီးကြီးငယ်ငယ် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကိုရှေ့တန်းတင်ပြီး ညီ ညွတ်ရေးကို ထိခိုက်စေမဲ့ အပြောအဆိုတွေ အရေးအသားတွေ လက်လွတ်စပါယ် ပြောဆို ရေး သားနေတာတွေက တိုက်ပွဲကိုအထောက်အကူ မဖြစ်စေတာသေချာပါတယ်။ လက်တွေ့ တိုက်ပွဲဂွင် တွေထဲက လက်တွေ့ကျတဲ့ တိုက်ပွဲအမြင်တွေကသာ တိုက်ပွဲတွေကို ကောင်းတဲ့ လမ်းကြောင်းပေါ် တွန်းတင်နိုင်မှာ ဖြစ်ပါတယ်။

သေချာတာက CRPH ကိုတခဲနက်ထောက်ခံရမယ်။CRPH အားဖြစ်စေမဲ့ကိစ္စတွေကို အတတ် နိုင် ဆုံးဝိုင်းရံရမယ်။ အတတ်နိုင်ဆုံး CRPH ကြေငြာချက်တွေကို လက်တွေ့ဂွင်တွေမှာ နည်း ပရိယာယ် တွေအဖြစ် ပေါင်းစပ်လုပ်ဆောင်ရမယ်။ CRPH ဟာ စစ်အုပ်စုဆန့်ကျင်ရေး ရဲ့ တခု တည်းသော တရား ဝင်မှုဖြစ်တယ်။ ၂၀ဝ၈ခြေဥဟာ ကနေ့ စစ်အာဏာသိမ်းကောင်စီ အာဏာ သိမ်းတဲ့နေကစပြီး ပျက် သွားပါပြီ။ CRPH ဟာ ၂၀ဝ၈ခြေဥပျက်ပေမဲ့ လူထုရဲ့ mandate ရပြီးဖြစ်လို့ တရားဝင်မှု ရှိတယ်။ လူထုသန်း၅၀ကျော်ရဲ့ တာဝန်ပေးမှုဖြစ်တယ်။ဒါကိုကိုင် တိုက်ရ မှာ ဖြစ်တယ်။ တရားဝင်မှုပြောတိုင်း စစ်အာဏာသိမ်းကောင်စီဟာ လမ်းဘေးရောက် သွားမှာ ဖြစ်တယ်။၂၀ဝ၈ခြေဥပြဿနာက လမ်းဆုံး သွားပြီလို့ သေနင်္ဂဗျူဟာအမြင်အရ သဘော ပေါက် သင့်ပါမယ်။

၆။ စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီးရင် ပါတီတွေဖျက်သိမ်းလိမ့် မယ်။၂၀ဝ၈ ခြေဥ ကို ကိုင်ထားရင် သေနင်္ဂဗျူဟာအမှားကို ကိုင်ထားတာနဲ့ တူလိမ့်မယ်။ NLD ဟာ အဲဒီ ဂိတ်ကိုဖြတ်ဘို့ ခြေဥကို စိတ်ကူးယဉ်မှုတိုင်းဟာ ကိုယ့်လည်ပင်းကိုယ်ကျိူးကွင်းစွတ် သလို ဖြစ်မှာသေချာတယ်။ က နေ့တရားဝင်မှုနဲ့ တိုက်နေကြတာဖြစ်တယ်လို့ သဘောထားဘို့ လို တယ်။ လမ်းတွေပေါ်မှာ အားလုံး ဟာ အရောင်တူဘို့လိုတယ်။ ဆိုလိုချင်တာက ဘာအရောင် လာလာ လမ်းမတွေပေါ်ရောက်ရင် စစ် အုပ်စုဆန့်ကျင်ရေးအရောင်ဘဲဖြစ်သင့်တယ်။

ရ။ ကနေ့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ ဖွဲ့တာ လုံးဝထောက်ခံတယ်။ ဒါဟာ သေနင်္ဂဗျူဟာ ရည်မှန်းချက်ဖြစ်တယ်။ တနိုင်ငံလုံး ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့တွေဖွဲ့ရမယ်။ တရားဝင်မှုရှိ တယ်။ စစ်ကောင်စီမှာ လူထုအုပ်ချူပ်ရေးကို ဖျက်ဘို့ အာဏာမရှိဘူး။ ဒါတွေကို အတင်းအကြပ်လုပ်ရင် ရာဇ ဝတ်မှုကျူးလွန်တာဘဲဖြစ်ပါတယ်။ ရဲရဲဝံ့ဝံ့ ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့တွေဖွဲ့တာ ဟာ မှန်ကန်ပြီး လူ ထုတိုက်ပွဲရဲ့ သဏ္ဍာန်ကိုဖေါ်ပြတာဖြစ်တယ်။ ဒါတွေကို ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာကို သိ အောင်လုပ်ဘို့လိုပါတယ်။ဒီနောက်တော့ အစိုးရဖွဲ့ကို ဖွဲ့ရပါမယ်။

၈။ စစ်အုပ်စုရဲ့ဘဏ္ဍာရေးဟာ လုံးဝနီးပါး ကျဆုံးနေပြီဖြစ်တယ်။လူထုက စစ်အုပ်စုပိုင်စိးပွါးရေး တွေကိုဆက်သပိတ်မှောက်ရပါမယ်။ အခွန်ဟူသမ ျှ လုံးဝမပေးရေးသပိတ်ဟာ ထိရောက် တဲ့နည်းပရိယာယ်တိုက်ပွဲတခုဖြစ်ပါတယ်။ ရေခွန် မီးခွန် ဘဏ်ကြွေးခွန်တွေကအစ မပေးကြပါနဲ့။ စင်္ကာပူဘဏ် တွေဖြစ်တဲ့ DBS UOB OCBC ဘဏ်တွေကို သူတို့ logo တွေနဲ့ စင်္ကာပူ သံရုံး ရှေ့မှာ ဆန္ဒပြဘို့ လို ပါတယ်။ ဒီထဲက OCBC ဘဏ်ဟာ ဗမာပြည်မှာဖွင့်ခွင့်ရတဲ့ နိုင်ငံခြား ဘဏ် ၃ခုထဲက တခုဖြစ်ပါ တယ်။ လိပ်စာမှာ ရန်ကုန်မြို့၊မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်း ထောင့်ရှိ UFC စင်တာရဲ့ဒုတိယ ထပ်ဖြစ်ပါတယ်။ ဒီဘဏ်တွေဟာ နိုင်ငံတကာဘဏ်တွေဖြစ်လို့ အခုလိုစစ်အုပ်စုနဲ့ ပလူးပလဲလုပ်နေ တယ်ဆိုတာ ကမ္ဘာကို သိစေချင်မှာမဟုတ်သလို သူ့တို့ တွေရဲ့ customer တွေကိုလဲ သိစေချင်မှာ မဟုတ်တာသေချာတယ်။

၉ ။ ပြိုင်တူတွန်းရင်ရွေ့နိုင်ပါတယ်။ဒါအဓိက သေနင်္ဂဗျူဟာမြောက် ရည်းမှန်းချက်ဖြစ်ပါတယ်။ဒီအ တွက် ညီညွတ်ရေးကအဓိကပါ။ ညီညွတ်ဘို့ဆိုတာကလဲ လက် တွေ့တောင်းဆိုချက်တွေဖြစ်တဲ့ စစ်ကျွန်ခံမလား ညီညွတ်ကြမလား ဆိုတာဘဲဖြစ်ပါတယ်။ ညီ ညွတ်ရေးဆိုတာကလဲ ဗိုလ်ချူပ်အောင် ဆန်းပြောသလို ဖေါက်ပြန်ရေးသမားတွေ စားဖားတွေညီ ညွတ်ရေးမဟုတ်ဘူး။ ပြည်သူလူထုတရပ် လုံးညီညွတ်ရေးဖြစ်ပါတယ်။ဒါကြောင့် ကျနော်တို့ မူရှိတဲ့ ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်ကြ ရမှာ ဖြစ်ကြောင်းပါဗျာ။

သေနင်္ဂဗျူဟာအမြင်ဖြင့် ရွေးလမ်းများတည်ဆောက်နိုင်ပါစေ။

အရေးတော်ပုံ အောင်ရမည်။
ကိုအောင်မှိုင်း
ဖေဖေါ်ဝါရိလ ၂၆ရက် ၂၀၂၁ခုနှစ်။