Breaking News

ကိုအောင်မှိုင်း - အတွေးအမြင်ရှင်းတော့ ရဲရဲတိုက်ပွဲဝင်တယ်



ကိုအောင်မှိုင်း - အတွေးအမြင်ရှင်းတော့ ရဲရဲတိုက်ပွဲဝင်တယ်

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁

ကနေ့လူထုနဲ့အတူလမ်းတွေပေါ်မှာ တိုက်ပွဲဝင်နေတဲ့ ကျနော့်မြေးမလေးရဲ ့ facebook မှာ တင်ထားတဲ့ post လေးကို  ဖတ်မိတယ်။သူတို့က ကနေ့လူထုအာဏာဖီဆန်ရေးကို အမြင် အတွေးအရ သိတ်ကိုရှင်းရှင်း လင်း လင်းရှိနေတာကြောင့် သူတို့လူငယ်တွေရဲ ့ တိုက်ပွဲဟာလဲ ပြတ်သားရဲဝံ့နေကြတာလို့ ကျနော်ခံစားမိတယ်။ ဒါကြောင့် ကျနော်တို့ မျိူးဆက်တွေဖြစ်တဲ့ Gn Z ကို ကျေနပ်အားရဖြစ်မိသလို သူတို့ရဲ ့တိုက်ပွဲဝင်စိတ်ဓါတ် တွေကိုလည်း ဦးညွတ်မိတယ်။

သူ့ post လေးက

ကိုမင်းကိုနိုင်ကို ဖမ်းလို့လည်း 
ဆန္ဒပြပွဲတွေ ရပ်သွားမှာ မဟုတ်ဘူး။
ကိုဂျင်မီကို ဖမ်းလို့လည်း
ဆန္ဒပြပွဲတွေ ရပ်သွားမှာ မဟုတ်ဘူး။
ကိုလင်းလင်းကို ဖမ်းလို့လည်း
ဆန္ဒပြပွဲတွေ ရပ်သွားမှာ မဟုတ်ဘူး။
ကိုလူမင်းတို့ ကိုပြေတီဦးတို့လို့ 
မင်းသားမင်းသမီးတွေကို ဖမ်းလို့လည်း
ဆန္ဒပြပွဲတွေ ရပ်သွားမှာ မဟုတ်ဘူး။
တစ်နိုင်ငံလုံး ဘယ်သူ့ကို ဖမ်းဖမ်း
ဆန္ဒပြပွဲတွေ ရပ်သွားမှာ မဟုတ်ဘူး။ 
မအလကို ဖမ်းလိုက်ရင်တော့
ဆန္ဒပြပွဲတွေ ရပ်သွားလိမ့်မယ်။ 
မယုံရင် စမ်းကြည့်ပါလား...

ကဲဘယ်လောက်ရှင်းတဲ့ အတွေးလေးလဲဗျာ။ကိုမင်းကိုနိုင်ကို သူတို့လေးစားကြတယ်။ဒါပေမဲ့ ကိုမင်းကိုနိုင်ကို ဖမ်းသွားရင်လဲ ကနေ့စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်အာဏာဖီဆန်ရေးဆန္ဒပြပွဲတွေကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာ သူတို့ယုံကြည်ချက်ဘဲ။ဆိုလိုတာက လူထုထဲမှာ ကိုမင်းကိုနိုင်လို သူရဲကောင်းတွေအများ ကြီးရှိနေကြတယ်လို့ သူတို့ယုံကြည်ကြတာဟာ အင်မတန်လေးစားစရာကောင်းတဲ့ သူတို့ယုံကြည်ချက်လို့ ကျနော်မြင်မိတယ်။ သူတို့တွေးထားတဲ့အတွေးက ကိုဂျင်မီ၊ကိုလင်းလင်း၊ကိုလူမင်း၊ကိုပြေတီဦးနဲ့အနုပညာရှင် တွေ စသဖြင့် တနိုင်ငံလုံးဘယ်သူ့ကိုဖမ်းဖမ်း စစ်အာဏာသိမ်းအစိုးရကို အနိုင်တိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ဟာ သူတို့တွေရဲ ့မဆုတ်မနစ် ဇွဲသတ္တိကိုဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်ကို ဖမ်းလိုက်ရင်တော့ ကနေ့လူထုတရပ်လုံးအုံကြွတိုက်ပွဲဝင်နေတာတွေ အေးချမ်း သွားမယ်ဆိုတဲ့ အတွေးတွေကလဲ မင်းအောင်လှိုင်ရဲ ့အာဏာရူးမှုကိုပေါ်လွင်စေပြန်တာတွေ ့ရပါတယ်။ဆို လိုတာက မင်းအောင်လှိုင်ကို ပြည်ပကဘဲဝင်ဖမ်းဖမ်း ပြည်တွင်းကဘဲဖမ်းဖမ်း မင်းအောင်လှိုင်ကို ဖမ်းလိုက် 
တာနဲ့ ဆန္ဒပြပွဲတွေရပ်သွားမှာပါ။မယုံရင် စမ်းကြည့်ကြပါလားဆိုပြီး ကနေ့နိုင်ငံတကာကိုရော ပြည်တွင်းက လူထုဘက်ရပ်ချင်တဲ့သူတွေကို မေးခွန်းထုတ်ထားတာတွေ ့ရတာလဲ လက်တွေ ့ကျနေတာတွေ့ရပါတယ်။ ဘာဘဲဖြစ်ဖြစ် လက်တွေ ့မှာ သမ္မတရူးရူးနေတဲ့ မင်းအောင်လှိုင်ကို ဗမာ့တပ်မတော်ကြီးက မျက်စေ့မှိတ် ထောက်ခံနေကြတာထက် ဘာမှာမပိုဘူးလို့ တပ်မတော်ဆိုတာကြီးကို သတိပေးလိုက်တာလဲဖြစ်တာတွေ ့ ရပြန်ပါတယ်။ ကျနော်ဆိုလိုတာက မင်းအောင်လှိုင်လို နိုင်ငံတကာတရားရုံးကအလိုရှိနေတဲ့ စစ်ရာဇဝတ် ကောင်တကောင်က ကျနော်တို့နိုင်ငံမှာ သမ္မတရာထူးပေးလိုက်လို့ကတော့ဗျာ တိုင်းပြည်ရော လူမျိူးရော ဂုဏ်သိက္ခာအရ ရေစုံမျောရတဲ့ ဘဝရောက်ရတော့မှာပါ။ နိုင်ငံတကာမှာ ဂုဏ်သိက္ခာမဲ့ပြီဆိုတာနဲ့ ဘယ်လို အဆက်ဆံခံရပြီး  ဘာတွေဆုံးရှုံးမယ်ဆိုတာတော့ ပြောလို့တောင်မဆုံးနိုင်အောင်ပါဘဲ။

ခိုးထားတဲ့ပိုက်ဆံတွေနဲ့ ဆန်ရှင်ကင်းလွတ်ခွင့်လဲရရော အမေရိကန် ဥရောပ အော်စီကအစ အာရှနိုင်ငံတွေ မှာပါ ခြေဆန့်ခွင့်ရခဲ့တဲ့ စစ်အုပ်စုနဲ့စစ်အုပ်စုမိသားစုတွေ ကနေ့ စတင်အခွင့်အရေးတွေဆုံးရှုံးလာကြပါပြီ။ လောလောဆယ်အမေရိကန်မှာ စီးပွါးရေးလုပ်နေကြတဲ့ စစ်တပ်မိသားစုတွေ ပညာသင်နေတဲ့ စစ်တပ်မိသား စုဝင်တွေ ငွေမဲတွေကိုငွေဖြူလုပ်ထားတဲ့ စစ်တပ်မိသားစုဝင်တွေအားလုံးဟာ အမေကန်ပြည်ထောင်စုရဲ ့ ဆန်ရှင်အောက်မှာ အခွင့်အရေးတွေစတင်ဆုံးရှုံးစပြုလာပါပြီ။FBI ရဲ ့ စစ်ဆေးမှုတွေကအစ အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနရဲ ့အရေးယူမှုတွေ စတင်ခံနေရပါပြီ။

အော်စီရောက်လူကြီးသမီး၊ဂျပန်ရောက်လူကြီးသားစသဖြင့် ဖုံးလို့မရတဲ့ခေတ်ကြီးမှာ အားလုံးဟာ အခွင့်အ ရေးတွေ ဆုံးရှုံးရတာတို့ လူတွေရဲ ့ပက်ပက်စက်စက်ပြစ်တင်ရှုံ ့ချတာတို့ကို ခံရမှာမလွဲပါဘူး။ ဒီမိုကရေစီဆို တဲ့ လူသားအားလုံးတန်းတူခံစားခွင့်ရထားတာတွေဟာ မင်းအောင်လှိုင်အာဏာရူးလိုက်တာတခုထဲအတွက် တိုင်းပြည်တခုလုံး အခုလိုပျက်လိုပျက်စီးဖြစ်ခဲ့တယ်ဆိုတာတော့ ငြင်းမရတဲ့ အချက်ဘဲဖြစ်ပါတယ်။နိုင်ငံတ ကာမှာလဲ ဆင့်ကဲဆင့်ကဲ အရေးယူမှုတွေတိုးလာမှာကလဲ သေချာတဲ့အချက်ဖြစ်ပါတယ်။ ပြည်တွင်းမှာလဲ တိုင်းပြည်စီးပွါးရေးဟာလဲ ပြိုလဲသလောက်ဖြစ်သွားခဲ့ပါပြီ။ဘုရားအလှုခံပုံးဖွင့်ရ လူထုကူညီဘို့ထားတဲ့ ကူညီ ရေးအဖွဲ ့တွေရဲ ့ငွေတွေကို ဓားပြတိုက်ရ  ဗဟိုဘဏ်ကငွေစာချူပ်တွေကို ရောင်းစားနေရတဲ့ ဘဝကိုရောက် နေပြီဆိုတာတော့ ပြောစလိုမလိုလောက်အောင်ဖြစ်နေတဲ့ ပြည်တွင်းအခြေအနေပါ။

ဒီမိုကရေစီခေတ်မှာ အားလုံးဟာတန်းတူခံစားခွင့်ရခဲ့ပါတယ်။စစ်တပ်မိသားစုတွေက အခွင့်အရေးတွေပိုခံစား ခဲ့ရတယ်ဆိုတာလဲ လူတိုင်းအသိပါ။ကနေ့တော့ အားလုံးဟာလေထဲလွင့်ပျယ်သွားခဲ့ပြီပေါ့ဗျာ။သာမန်မိသားစု အသိုင်းအဝိုင်းအတွက် မသိသာပေမဲ့ စစ်တပ်မိသားစုတွေကတော ့သိသိသာသာ ဆုံးရှုံးကြရမှာပါ။ စီးပွါးရေး ပညာရေးကအစ ဆေးကုသခွင့်စတဲ့ကျမ္မာရေး အလည်အပါတ်သွားရောက်ခွင့်ဆိုတဲ့ လူမှုရေးကိစ္စတွေပါ ဆုံးရှုံးကြတော့မှာပါ။ဒီလိုအခြေအနေတွေကို ကျနော်တို့ဝမ်းသာအားရပြောနေကြတာမဟုတ်တာသေချာပါ တယ်။ဆိုလိုချင်တာက ဒီကိစ္စကြီးကို လူထုကတခုမှလုပ်ခဲ့တာမဟုတ်ပါဘူး။မင်းအောင်လှိုင်ဟာ ယုတ်ယုတ် မာမာ ကြံစည်ခဲ့တာဆိုတာ တဖြေးဖြေးပေါ်လွင်လာခဲ့ပါတယ်။မဲစာရင်းကိုအကြောင်းမပြလဲ အခြားအကြောင်း ပြချက်တွေနဲ့ စစ်အာဏာသိမ်းတာလုပ်မှာပါ။မင်းအောင်လှိုင် စစ်တပ်ကအနားမယူခင် အာဏာရူးတဲ့လုပ်ရပ် အဖြစ် လူထုကအခိုင်အမာသိနေကြပါတယ်။မသိတာက စစ်တပ်က စစ်ဗိုလ်ချူပ်ဆိုတဲ့ ငပိန်းတွေပါဘဲ။

ခွေးတကောင်ရူးရင် လူတယောက်နှစ်ယောက်စသဖြင့် ဒုက္ခရောက်ပါတယ်။စစ်ဗိုလ်ချူပ်တွေ အာဏာရူးပြီဆို ရင်တော့ တတိုင်းပြည်လုံး ဒုက္ခရောက်တော့တာပါဘဲ။ ကျနော်ပြောချင်တာက လူငယ်ဆိုတာ လူငယ်ပါဘဲ။ ကနေ့လူငယ်တွေဟာ အနာဂါတ်ကိုပြင်ဆင်နေကြတာပါ။စစ်တပ်မိသားစုကဖြစ်ဖြစ် အရပ်သားမိသားစုကဖြစ် ဖြစ် စစ်အာဏာသိမ်းလို့ဖြစ်လာမဲ့ တိုင်းပြည်အခြေအနေကို တွေးကြည့်နိုင်တဲ့သမိုင်းတွေ ဗမာပြည်မှာအများ ကြီးရှိပါတယ်။ကနေ့လူငယ်အားလုံးဟာစစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အတူတကွလက်တွဲကြဘို့လိုပါတယ်။ ဒါဟာလူငယ်အားလုံးအနာဂါတ်ဖြစ်သလို သေနတ်ပြပြီး မဆင်မခြင် အာဏာရူးတဲ့စနစ်ကို ကျနော်တို့နိုင်ငံက ပြတ်ပြတ်သားသားတိုက်ပွဲဆင်ကြရမှာ လူတိုင်းမှာတာဝန်ရှိကြတာလဲ အမှန်ဘဲဖြစ်ပါတယ်။

တိုက်ပွဲဝင်နေတဲ့ မြေးမလေးနဲ့အတူ မင်းတို့မျိူးဆက်တွေ အောင်ပွဲဆင်နိုင်ကြပါစေ။

အောင်မြင်မယ်လို့လဲ အကြွင်းမဲ့ယုံကြည်ပါတယ်။

Gn X တယောက်ဖြစ်တဲ့ ဘဘကြီး။

ကိုအောင်မှိုင်း
ဖေဖေါ်ဝါရီလ ၁၉ရက် ၂၀၂၁ခု