Breaking News

ဇော်လူစိမ်း - ငါ တို့ ခေါ် နေ ကျ မြောက် ဘိ

Art- Than Htay Maung
ငါ တို့ ခေါ် နေ ကျ မြောက် ဘိ
ဇော်လူစိမ်း
(မိုးမခ) မတ် ၄၊ ၂၀၂၁

ငါလည်း ရှစ်ဆယ့်ရှစ်က စောက်ချိုးနဲ့
အဲ့ မအေလိုးတွေကို 
ပုဆိုးလှန်ပြလိုက်ပါပြီ မြောက်ဘိ၊

နှင်းဆီလှလှတွေနဲ့
စက်သေနတ်တို့ကြားမှာ
မစေ့စပ်ကြေး
မြောက်ဘိသွေးမှာရေးခဲ့ပြီ၊

အရင် ကန်စွန်းခင်းထဲ
အလောင်းတွေပေါလောပေါ်နေရာကနေ 
အခု ရပ်ကွက်ဝင်းထဲ
သူရဲကောင်းတွေ မျောပါနေကြပြီ မြောက်ဘိ၊

အရင် ကျောက်တိုင်အနှုတ်ခံလိုက်ရတဲ့ မြေမှာ
အခု ကျောက်တောင်ပေါက်တော့မှာပါ မြောက်ဘိ၊

စစ်ခွေးတွေက သူတို့ အစွယ်သွေးဖို့
မြောက်ဘိကိုရွေးလိုက်တယ်၊
စစ်ကျွန်တွေက သူတို့ကျည်ဆံသွေးဖို့
မြောက်ဘိကိုရွေးလိုက်တယ်၊
ငါတို့က
ငါတို့တော်လှန်ရေးကို ချွန်အောင်သွေး
စစ်ခွေးရဲ့လည်မျိုကိုရွေးလိုက်ပါပြီ၊

မြောက်ဘိ
ငါတို့ခေါ်နေကျမြောက်ဘိ
သင့်ကျဆုံးခြင်းပန်းတွေ မွှေးပျံ့လွန်း၏။
ဇလစ

(သို့ ...ယနေ့ ကျရောက်သော မြောက်ဥက္ကလာ၊ ရန်ကုန် -  ၀၃.၀၃.၂၁)