Breaking News

ခင်မမမျိူး - အာဏာသိမ်းမှုအလွန် ရက်သုံးဆယ်



င်မမမျိူး - အာဏာသိမ်းမှုအလွန် ရက်သုံးဆယ်

(မိုးမခ) မတ် ၄၊ ၂၀၂၁

၁။ လက်ရှိအခြေအနေမှာ လွှတ်တော်ပါဝါက အရှိန်ကောင်းနေပါပြီ။
၂။ လွှတိတော်ပါဝါကို သံတမန်ရေးရာပါဝါနဲ့ ဟန်ချက်ညီ ပေါင်းစပ်ထားနိုင်ပါပြီ။
၃။ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ၀န်ကြီးလေးယောက်နဲ့ executive power pillar လေးခုထပ်ထွက်လာပါတယ်။

(က) နိုင်ငံခြားရေးက သံတမန်ရေးရာ ပါဝါနဲ့ပေါင်းစပ်ကျားကန်ဖို့ အဓိကကျတယ်။

(ခ) အုပ်ချုပ်ရေးက ပြည်သူ့အုပ်ချုပ်ရေးအတွက် အဓိကကျပါတယ်။ ရပ်ရွာအ‌ခြေခံ၊ မြို့နယ်ခြေချ၊ ခရိုင်၊ပြည်နယ်နှင့်တိုင်းအထိ မြေပိုင်အောင် ဒေါင်လိုက်တက်ရပါမယ်။ အုပ်ချုပ်ရေးကို ပြည်သူ့လက်ထဲ တဆင့်ချင်းရောက်လာအောင် နယ်မြေစိုးမိုးရေး ဆက်လုပ်ဖို့လိုပါတယ်။

(ဂ) စီးပွားရေးကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ စီမံဘဏ္ဍာ ယန္တရားကြီး အသက်မ၀င်တော့အောင်၊ ဖြိုချဖို့လိုတယ်။

(ဃ) လူမှုရေးက ကျန်းမာ၊ ပညာရေးရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပေါင်းစပ်၀န်ဆောင်မှုပေးဖို့ လိုပါတယ်။

၄။ နိုင်ငံ့၀န်ထမ်းပါဝါမှာ CDM ကို ပိုအရှိန်မြှင့်ပြီး မျှချေအားကောင်းလာအောင် လုပ်ဆောင်ကြဖို့လိုပါတယ်။ အရွေ့တခုမှာ လူနှစ်ရာခိုင်နှုန်းနဲ့စရတာပါ။ အရွေ့ကောင်းလာတာနဲ့အမျှ ဆယ်ရာခိုင်နှုန်းလောက်တက်လာတတ်ပါတယ်။ တစတစနဲ့ ရာခိုင်နှုန်း pattern ပြောင်းမှာပါ။ rational behaviour က ၀န်ထမ်းလောကမှာရှိပါတယ်။ ၈၈ လိုပြီးသွားမယ်ထင်ပြီး တောင့်ခံနေကြတာပါ။ မရတော့မှန်းသိရင် ဝေါကနဲပြိုဆင်းလာမှာပါ။ လမ်းဆကိဖွင့်ထားပေးကြပါ။

၅။ ယခုလက်ရှိမှာ အထိခိုက်ဆုံးက လူထုတိုက်ပွဲစစ်မျက်နှာပါ။ domino effect အရ လူထုတိုက်ပွဲပြိုရင် CDM တိုက်ပွဲဗဟိုချက်မထိပါမယ်။ CDM ပြိုရင် လွှတ်တော်ပါဝါ၊ အုပ်ချုပ်ပါဝါ ဒေါက်တိုင်တွေအားပျော့လာပါမယ်။ ဒီပါဝါတွေအားပျော့ရင် သံတမန်ပါဝါက ၁၉၉၁-၂၀၁၀ လိုပြန်ဖြစ်သွားမှာပါ။ ဒါကြောင့် လူထုတိုက်ပွဲကို ရှေ့တန်းခံစစ်စည်းလို သဘောထားပြီး အတင်းဖြိုတက်နေတာပါ။

ကျမတို့ ဘာဆက်လုပ်မလဲ။

အကောင်းဆုံးခံစစ်ဟာ ထိုးစစ်ပါပဲ။ military power လိုလာပါပြီ။
(၁) တပ်တွင်း‌ေခါင်း‌ေဆာင်များက တန်ပြန် coup တခုထပ်လုပ်ပြီး စစ်ကောင်စီကို ထိုးကျွေးခြင်းနည်းဗျူဟာ ဖော်ဆောင်ခြင်းနှင့် ချိန်ကိုက်လှုပ်ရှားခြင်း
(၂) နိုင်ငံတကာ စစ်ရေးအရ ပါ၀င်ဆောင်ရွက်မှုရှိလာစေခြင်း (military intervention)
(၃) တရား၀င်စစ်တပ်နှင့်ရဲ မရှိတော့သည့် လုံခြုံ‌ေရးလေဟာနယ်ကို အသုံးပြု၍ တရား၀င် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းထားရှိခြင်း
စတဲ့ tactics များ လိုအပ်လာပါပြီ။

စစ်အာဏာရှင်ကို စစ်ရေးစစ်မျက်နှာမပါပဲ နိုင်ငံရေး၊ သံတမန်ရေးနဲ့ပဲ တိုက်၍မရပါ။ time buying တဘက်က လုပ်ပြီး၊ ကျားထိုးချေမှုန်းမှုတွေလုပ်လာရင် အင်အားပြိုတတ်ပါတယ်။ တိုက်ပွဲအီပီး အဖြေမရတတ်ပါ။
ကျားထိုးတက်ဖို့ စစ်ရေးပါဝါလိုပါတယ်။ ကျားထိုးမတက်လျှင် အဆုံးသတ်အောင်ပွဲရမည်မဟုတ်။ ရင်ဆိုင်ကုန်းမှာ ဉီးနှိမ်ပစ်ကူပေးထားဖို့လိုသလို၊ ယောင်ပြစစ် ဖော်ဆောင်မှသာ တဘက်ရန်သူရဲ့ firing power ကျမှာပါ။

တပ်မလန်ဖို့ တပ်ချဖို့လိုပါတယ်။

Military power က လိုအပ်ချကိဖြစ်လာပါပြီ။ time factor ကို ဂရုပြုကြပါ။
ခင်မမမျိုး (၃/၃/၂၀၂၁)