ကိုအောင်မှိုင်း - ကဗျာ တိုက်ပွဲနဲ့ အဓွန့်ရှည်ပါစေ
ကိုအောင်မှိုင်း - ကဗျာ တိုက်ပွဲနဲ့ အဓွန့်ရှည်ပါစေ
(မိုးမခ) မတ် ၂၄၊ ၂၀၂၁
ငါ့ကဗျာ
လမ်းမပေါ်မှာ
တုန်းလုံးလဲသွားတယ်
သွေးမျက်ရည်တွေနဲ့ပေါ့။
ဆွဲပါဟ
ပါမသွားစေနဲ့
ကဗျာ့ရဲဘော်တွေ
ဝိုင်းဆွဲကြလို့သာပေါ့။
မျက်စေ့တွေ
ဝေဝါးလာတယ်
ထင်ထင်ရှားရှား
မြင်တာဆိုလို့
ထောင်မိခဲ့တဲ့ လက်သုံးချောင်း။
လက်သုံးချောင်းဟာ
အနာဂတ်ဖြစ်တယ်။
လက်သုံးချောင်းဟာ
တိုက်ပွဲဖြစ်တယ်။
လက်သုံးချောင်းဟာ
အောင်ပွဲဖြစ်ရမယ်။
ကမ္ဘာ့ကဗျာနေ့ကြီး
အဓွန့်ရှည်ပါစေ။
ကိုအောင်မှိုင်း
မတ်လ ၂၁ရက်၂၀၂၁ခုနှစ်
#MoeMaKaMedia
#WhatsHappeningInMyanmar