Breaking News

ခရမ်းပြာထက်လူ - စစ်ပြေးဒုက္ခသည်များ

 

Photo- Crd

စစ်ပြေးဒုက္ခသည်များ

ခရမ်းပြာထက်လူ
(မိုးမခ) မတ် ၃၀၊ ၂၀၂၁

ငါတို့ဘဝတွေဟာ
တပွက်ပွက်ဆူနေတဲ့
လက် ပ တဲ့
လရောင်ဓားချက်များအောက်
ပေါက်ခဲ့ရတဲ့မြေဇာပင်များ။

ငါတို့ဘဝတွေဟာ
ဘယ်တော့မှ
နေရာင်သနပ်ခါးပွင့်လေးတွေနဲ့ ရွှင်မြူးခွင့်မရတဲ့ 
တောကြီးမြက်မည်းထဲ
ရှင်သန်ခဲ့ရ
စစ်မြင်းကြီးများစားဖို့ နတ်သုဒ္ဓါတခုသာ။

ဒီ ဟင်းလင်းပြင်ကွင်းကြီးထဲ
ဘုရားဒကာနဲ့မတွေ့ခင်
မြေမျိုချင်း အမြန်မျိုချလိုက်ပါတော့လို့
ဆုတောင်းကြွေးကြော်အန်ထုတ်နေတဲ့
ဆွေစဉ်မျိုးဆက် 
ဝဋ်ကြွေးဝဲ ထန်နေသူများရဲ့ဘုံဌာနတခုသာ။


29 March 21

မူရင်း- ကဗျာဆရာ၏ ဖေ့ဘုတ်စာမျက်နှာမှယူပါသည်။