Breaking News

ရဲရင့်သက်ဇွဲ - လွတ်လပ်မှု



ရဲရင့်သက်ဇွဲ  - လွတ်လပ်မှု 
(မိုးမခ) မတ် ၃၊ ၂၀၂၁
 
ငါတို့လိုချင်တာ လွတ်လပ်မှုပါ
ငါတို့လိုချင်သမျှဟာ အဲဒိ လွတ်လပ်မှုရယ်ပါဘဲ
ကလေးငယ်တွေ လွတ်လွတ်လပ်လပ် သင်ယူခွင့်ရှိမယ်
လူကြီးတွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်ကိုင် ခွင့်ရှိမယ်
မိခင်တွေက အချစ်တွေနဲ့ ထုံမွမ်းမယ်
ငါတို့ရဲ့နိုင်ငံတော်ကြီး စည်ပင်ဝပြောမယ်
အဲဒါပါဘဲကွယ်
ငါတို့လိုချင်တာ ဒါပါဘဲ

အားလုံးအတွက် ခွင့်တူညီမျှ ဝါဒဖြူစင်စေချင်တာ
မင်းသိမြင်တဲ့အတိုင်း ငါဟာ
လူထဲလူသာမန်တယောက်ပါ
(ဒီမတရားမှုတွေ ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ)
ဒါတွေဟာ တော်လှန်ရေး လှိုင်းလုံးတွေကို
 ဦးတည်ချက် ပြောင်းသွားစေနိုင်တယ်
ဒါတွေဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့
စိတ်စေတသိတ်ကို အညွန့်ချိုးလိုက်နိုင်တယ်
ဘာ့ကြောင့်လည်းဆိုတော့    
ငါတို့ရဲ့တိုက်ပွဲမဆုံးသေးဘူး       
ငါတို့ဆက်ပီး တိုက်ကြရဦးမယ်
ငါတို့လူတွေ လွတ်မြောက်တဲ့အထိ
ပြီးတော့ ငါတို့လွတ်မြောက်နိုင်တဲ့အထိ။

 အဲဒိတော့
မင်း ငါတို့ကိုမုန်းနိုင်တယ်
နှိမ့်ချနိုင်တယ်
နင်းချေနိုင်ယုံမက
သတ်ကောင်းသတ်နိုင်ပါတယ်
ဒါပေမယ့်
ငါတို့ဆက်ပီးတိုက်ပွဲဝင်သွားမယ်
တနေ့နေ့တော့
ငါတို့လွတ်မြောက်ရမယ်

Ye Yint Thet Zwe