Breaking News

မြန်မာနွေဦးတော်လှန်ရေး ပထမ ရက် ၃၀ မြင်ကွင်း အီးဘုတ် မိုးမခကတင်ဆက်



မြန်မာနွေဦးတော်လှန်ရေး ပထမ ရက် ၃၀ မြင်ကွင်း အီးဘုတ် မိုးမခကတင်ဆက်

(မိုးမခ) မတ် ၃၊ ၂၀၂၁

ဖေဖော်ဝါရီ ၁ရက်နေ့မှာ မြန်မာစစ်တပ်က ၂၀၂၀ ဒီမိုကရေစီရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီ၏ လွှတ်တော်နဲ့ အစိုးရသစ် ထူထောင်နိုင်ရေးကို ငြင်းပယ်ပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်များက သူ့တို့၏ အာဏာသိမ်းစစ်ကောင်စီထူထောင်ရန် ကြိုးပမ်းမှုကို ပြည်သူများနဲ့ နိုင်ငံတကာက ငြင်းဆန်ပြီး လူထုဆန္ဒပြပွဲများ ဝန်ထမ်းသပိတ်များ ဆန့်ကျင်ခုခံမှုများနဲ့ နေ့စဉ်ရက်ဆက် ရင်ဆိုင်ရပါတော့တယ်။ အခု မိုးမခဝိုင်းတော်သားများနဲ့ အယ်ဒီတာအဖွဲ့က အဲသည်နေ့စဉ်သတင်းမှတ်တမ်း တင်ဆက်နေမှုထဲက ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ မတ်လ ၂ ရက်အထိ ရက် ၃၀ မြင်ကွင်းတွေကို တစုတစည်းတည်း တင်ဆက်လိုက်ပါတယ်။

ဒီ ၂၀၂၁ မြန်မာနွေဦးတော်လှန်ရေး - အရေးတော်ပုံကြီး - ကို မသိလိုက် မမီလိုက် မရှိရလေအောင် အခုလို တစုတစည်းတည်း တင်ဆက်ပေးလိုက်ပါတယ်။ ဆက်လက် မျှဝေ လက်ဆင့်ကမ်းပေးကြပါ

ဖတ်ရန်နဲ့ ဒေါင်းလုတ် ရန် လင့်ခ်များ


https://drive.google.com/file/d/1yh-tJ1LFab6ihJl-qjjv0btWg91fUCly/view?usp=sharing

https://amp.issuu.com/visual-stories/64PEENFWCNK


Myanmar Spring Revolution -... by Moe Ma Ka