မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၂၊ ၂၀၂၁ယနေ့ ရပ်ကွက်ထဲက စကားဝိုင်းမှာ ဘာတွေပြောနေကြလဲလို့ နားစွင့်ကြည့်တဲ့အခါ ပုလင်းထဲကို ဘယ်လို ဓါတ်ဆီထည့်ပြီး ပစ်ရင် အားပြင်းမယ်ဆိုတာကို အတွေ့အကြုံတွေ ကြားဖူးနားဝတွေနဲ့ ဆွေးနွေးနေကြတာကို ကြားမိပါတယ်။ ပစ်ခတ်မှု၊ ရက်စက်စွာရိုက်နှက်ဖြိုခွဲမှုတွေကို ရက်ဆက်ခံစားလာရတဲ့ ဆန္ဒပြလူထုက လက်ဖြစ်နည်းလမ်းနဲ့ ခုခံကာကွယ်တာတွေကို စတင်စဥ်းစားလာကြတာ ဖြစ်ပါတယ်။ လူငယ်တချို့လည်း Google မှာ လက်ဖြစ် လက်နက်ပစ္စည်းတွေ ထုတ်လုပ်နည်းလမ်းတွေကို ရှာဖွေဖတ်ရှုနေကြတယ်လို့လည်း ကြားသိနေရပါတယ်။ ရန်ကုန်မြို့ရဲ့ လူနေရပ်ကွက်လမ်းမ တစ်ခုပေါ်မှာ အမဲရောင် ပြောင်းနဲ့ မီးလောင်ဗုံးကို ထည့်ပစ်တဲ့ ဗီဒီယိုဖိုင် တဖိုင် ဒီနေ့ပြန့်နှံ့နေတာတွေ့ရပါတယ်။ ဝါးဆူးတွေ၊ သဲအိတ်တွေ တခြားပစ္စည်းတွေပိတ်ထားတဲ့ လမ်းမပေါ်မှာ လူငယ် ၃ /၄ ယောက် စမ်းသပ်ပစ်နေတာလား၊ ဖြိုခွဲဖို့လာတဲ့ လုံထိန်းနဲ့ စစ်တပ်ကို ခုခံပစ်နေတာလားတော့မသိရပါဘူး။
ဆန္ဒပြသူတွေအကြား လက်နက်မဲ့၊ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာပဲဆန္ဒပြကြမယ် လက်တုံ့မပြန်နဲ့ သူတို့ စွပ်စွဲတဲ့ မင်းမဲ့စရိုက်အခြေအနေဆိုတဲ့ ခွင်ထဲဝင်သွားမယ်ဆိုတဲ့ စည်းရုံးရေးစကားတွေ ခုတလော ဆန္ဒပြသူ လူငယ်များအကြား သိပ်ရေပန်းမစားတော့တာ တွေ့ရပါတယ်။ စစ်တပ်၏ အကြမ်းဖက်ဖြိုခွဲခံရတဲ့ မြို့နယ်တွေမှာ အခုဆိုရင် အလံနက်တွေ လွှင့်တင်လာကြပါတယ်။ သဘောကတော့ လက်နက်မဲ့ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်များက နေ့ရောညပါ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေမှုများအတွက် ပြည်သူချင်းအကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာခြင်းဖြစ်ပါတယ်။
အဲဒီလို ငုံ့ခံ၊ ရှောင်ပြေး၊ လွယ်လွယ်နဲ့ အဖမ်းခံရတာမျိုးထက် တခုခု လက်တုံ့ပြန်ဖို့ ဆိုတဲ့ စဥ်းစားမှု၊ စဥ်းစားပုံတွေ ပိုတွေ့လာနေရပါတယ်။ နေ့စဥ်နဲ့အမျှ သေဆုံးနေရတဲ့ ဆန္ဒပြသူတွေအကြောင်း သူတို့မိသားစုဝင်တွေ အကြောင်းတွေ ရက်နဲ့ ချီသီတင်းပတ်နဲ့ချီလာတဲ့ နောက် ခုလို ခုခံမှုအတွက် လက်ဖြစ်လက်နက်လို အရာတွေ စတင်ကြံဆလာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
တချို့ကတော့ လွတ်မြောက်နယ်မြေကို ရောက်အောင်သွားပြီး လက်နက်ကိုင်စွဲကာ ပြန်တိုက်ခိုက်မယ် ဆိုတဲ့ လမ်းစဥ်မျိုးမဟုတ်ပဲ မြို့ထဲ လူနေရပ်ကွက်ထဲကနေ လက်ဖြစ်လက်နက် ၊ ပစ္စည်းလိုမျိုးသုံးပြီး ခုခံကြမယ်ဆိုခြင်းကို စိတ်ကူးယဥ်မှုတခု ရှေရှည်သက်ရောက်မှုကို မတွေးတဲ့ လုပ်ဆောင်မှု ဖြစ်လိမ့်မယ်လို့ သူ့အမြင်နဲ့ သုံးသပ်နေကြတာလည်း ဆိုရှယ်မီဒီယာမှာ ဟိုနားဒီနားမှာ ဖတ်ရလာပါတယ်။
ဆန္ဒပြမှုတွေက စတင်ခါစသီတင်းပတ်လို မြို့လည်၊ လမ်းဆုံလမ်းခွတွေ မှာ ဖြိုခွဲမှု ပြင်းထန်လာတာကြောင့် အဲဒီနေရာတွေကို စွန့်ပြီး လူနေထူထပ်တဲ့ ရပ်ကွက်၊ အခြေခံလူတန်းစားများတဲ့ ရပ်ကွက် လူဦးရေထူထပ်တဲ့ လူလတ်တန်းစားရပ်ကွက်တွေဆီကို ရွေ့လာပါပြီ။ နေ့အချိန်မှာချည်းပဲ မဟုတ်တော့ပဲ ည ၈ နာရီသံပုံးတီးပြီးနောက် ဆက်စပ်ပြီး လမ်းမတွေပေါ် ထွက်ပြီး ဖယောင်းတိုင်ထွန်းကြတာ ၊ စာတမ်းပုံဖေါ်ကြတာတွေ ၊ ကြွေးကြော်သံ ကြွေးကြော်ကြတဲ့ ည သပိတ် တွေအဖြစ်ကိုလည်း ပြောင်းလဲလာနေတာတွေ့ရပါတယ်။ ဒါက သပိတ်၊ ဆန္ဒပြမှု လူထုရဲ့ မျက်နှာစာဖြစ်ပါတယ်။
နေ့သပိတ်တွေမှာ အထိုင်သပိတ်၊ စစ်ကြောင်းချီသပိတ်တွေလည်း ဆင်နွဲနေရာက ပြောက်ကျားသပိတ်အဖြစ် ၊ ဆိုရှယ်မီဒီယာကို တိုက်ရိုက်တင်ဆက်တဲ့သပိတ် စသည်ဖြင့်လည်းအသွင်ပြောင်းလာပါတယ်။ ရပ်ကွက်အထိုင် လမ်းအထိုင်နဲ့ သပိတ်တွေလည်း ဖြစ်ထွန်းလာပြီး အခုဆိုရင် ညသပိတ်အဖြစ် တိုးချဲ့ပြီး စစ်ကောင်စီကို အာခံနေကြပြီ ဖြစ်ပါတယ်။ လူငယ်အများစုစိတ်ထဲမှာ သည်နွေဦးတော်လှန်ရေးကို ဆက်ချီတက်သွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတဲ့ သဘောထားတွေ ရှိသလို ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်နေတာကိုလည်း သူတို့အတွက် ဘာမှ ထူးဆန်းမနေတော့ဘူးလို့ ဆုံးဖြတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာ ဖမ်းဆီးခံထားရပြီး အနည်းဆုံး လူပေါင်း ၆၀ စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံထားရပါတယ်။
တိုင်းရင်သားနယ်မြေတွေထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ဒေသတွေမှာ စစ်ကောင်စီ၏ တပ်တွေနဲ့ တိုင်းရင်းသားတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်တာတွေ တစထက် တစတိုးလာပါတယ်။ မြို့ရွာထဲက ဆန္ဒပြသူတွေဘက်က ကာကွယ်အင်အားပြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း တွေ့လာရပါတယ်။ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်တွေမှာ တိုက်ပွဲပြင်းထန်ပြီး လေကြောင်းကနေ မြန်မာစစ်ကောင်စီစစ်တပ်တွေက တိုက်ခိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။ မနေ့က စတင်ခဲ့တဲ့ PPST အပစ်ရပ်မဟာမိတ်အဖွဲ့တွေ ဆွေးနွေးပွဲ သည်နေ့မှာ ပြီးဆုံးပါတယ်။ CRPH အပါအဝင် အခြားဆိုင်ရာအဖွဲ့အစည်းများနဲ့ ဆွေးနွေးဆောင်ရွက်မည်။ PPST၏ နိုင်ငံတကာဆက်ဆံရေးကော်မီတီ FRC ကိုအတည်ပြုပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်မည်။ အာဏာသိမ်းစစ်ကောင်စီသည် NCA စာချုပ်များကို အတိအလင်းချိုးဖောက်သည်ဟု မှတ်ယူမည်။ မိမိတို့အဖွဲ့များက ပြည်သူတရပ်လုံးနဲ့ ပူးပေါင်းလက်တွဲကြရန် တိုက်တွန်းသည်ဟု ထုတ်ပြန်လိုက်ပါတယ်။ ကရင်နဲ့ ကချင် လက်နက်ကိုင်တိုင်းရင်းသား စိုးမိုးတဲ့ဒေသတွေမှာ မြန်မာပြည်မက ပြည်သူတွေ ဖိနှိပ်ခံရလို့ ထွက်ပြေးတိမ်းရှောင်လာရင် လက်ခံမည်လို့ အဖွဲ့အလိုက် ထုတ်ပြန်ကြတာကိုလည်း တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေ တဖွဲ့ချင်းအလိုက် လွတ်လပ်စွာ ပြည်သူလူထုနဲ့ လက်တွဲပြီး လိုအပ်တာကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုလိုပုံရပါတယ်။
CRPH က ဒေါက်တာဇော်ဝေစိုးက ကျောင်းသားများ လူငယ်များ သမဂ္ဂများနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ ထုတ်ပြန်ပါတယ်။ လူငယ်တွေနဲ့ နားလည်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိတယ်လို့ ပြောပါတယ်။ မတ်လ ၁၃ ရက်ဟာ ၁၉၈၈ မတ် မှာ စစ်တပ်၏ လက်ချက်ကြောင့် ကျဆုံးခဲ့တဲ့ စက်မှုကျောင်းသား ကိုဖုန်းမော်အထိမ်းအမှတ်နေ့ ၃၃ နှစ်မြောက် နေ့ဖြစ်ပါတယ်။ မတ် ၁၃ မှာလည်း ဖုန်းမော်နေ့ လူထု ချီတက်ဆန္ဒပြကြဖို့ တိုက်ပွဲခေါ်ထားတယ်လို့ သိရပါတယ်။ GSC သပိတ်ကော်မီတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ကျော်ကိုကို ပြောကြားချက်တခုထဲမှာ လူထုဟာ တိုက်ပွဲထဲမှာ လမ်းပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေသူတွေကို ယုံကြည်တယ်။ ပူးပေါင်းဆောင်ရွက်တယ်။ ပြီးတော့ စစ်တပ်ဘက်မှာလည်း လူထုကို လိုလားသူတွေ ပါဝင်နေတာကြောင့် သပိတ်စစ်ကြောင်းတွေ ဖြိုခွဲခံရတိုင်းမှာ လွတ်မြောက်လာသူတွေလည်း ရှိနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အချိုမြိူ့နယ်တွေက စက်မှုဇုံမြို့နယ်တွေ ဖြစ်တာကြောင့် သပိတ်စစ်ကြောင်းတွေ သပိတ်စခန်းတွေက သူတို့ကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမယ်ဆိုရင် တရုတ်ပြည်က စီးပွားရေးလုပ်ငန်းများလက်အောက်က စက်ရုံအလုပ်ရုံလုံခြုံရေးကို တာဝန်ယူနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
ဒေါက်တာ ဆာဆာနဲ့ CRPH တို့က လက်ရှိအချိန်မှာ နိုင်ငံတကာဖိအားနဲ့ အရေးယူဆောင်ရွက်မှုတွေကို ဦးစားပေးဆောင်ရွက်နေကြတာ တွေ့နိုင်ပါတယ်။ ပြည်ပက မြန်မာသံရုံးတွေကိုလည်း CRPH နဲ့အတူ ရပ်တည်ဖို့ CDM ဝင်ဖို့ တိုက်တွန်းဖိအားပေးမှုတွေ လုပ်နေပါတယ်။ အဲသည် CRPH ၏ အခန်းကဏ္ဍနဲ့ ရပ်တည်မှုကို နိုင်ငံတကာမျက်နှာစာတွေမှာ အရှိန်အဟုန်ကြီးမားစွာ ဝန်းရံ ထောက်ခံအားပေးနေကြသူတွေကို CRPH ကော်မီတီနဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေက ထုတ်ဖော်ပြောဆိုခြင်း အသိအမှတ်ပြုခြင်း အထူးတလည်မလုပ်သေးဘူးလို့ ထောက်ပြချင်ပါတယ်။ သူတို့တွေကတော့ သူတို့ရောက်ရှိရာနိုင်ငံတွေက လမ်းမများပေါ်ထွက်ပြီး ပြည်ပကသံရုံးတွေ တရုတ်သံရုံးတွေ ကုလသမဂ္ဂရုံးတွေ နိုင်ငံတကာအစိုးရဌာန တရားရုံးတွေ ရှေ့မှာ အပတ်စဉ်ထွက်ပြီး ဆန္ဒပြအင်အားပြနေကြတဲ့၊ ပြည်တွင်းက CDM လှုပ်ရှားမှုတွေကို ငွေကြေး ပစ္စည်း အင်အားတွေ ပုံအောပြီး ပံ့ပိုးကူညီနေကြတဲ့ အကြောင်းအမျိုးမျိုးနဲ့ဒုတိယနိုင်ငံ တတိယနိုင်ငံတွေမှာ ရောက်ရှိအခြေချနေကြရတဲ့ သိန်းချီသော မြန်မာတိုင်းရင်းသားအင်အားများ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
#MoeMaKaMedia #WhatsHappeningInMyanmar