Breaking News

ခိုင်မျိူး - ရွာထဲမှာ

Art - Than Htay Maung


ခိုင်မျိူး - ရွာထဲမှာ

(မိုးမခ) မတ် ၁၃၊ ၂၀၂၁

ညမထွက်ရဆိုပေမယ့်
လကထွက်လာတာပါပဲ
ကြယ်တို့လင်းလာတာပါပဲ
မြစ်ကစီးနေတာပါပဲ
နွေဦးဝိညာဥ်တို့
လလိုထွက်ပြီးကြယ်လိုလင်းလို့
မြစ်နဲ့အတူစီးခဲ့ပြီ
ရွာထဲမှာ။

#MoeMaKaMedia #WhatsHappeningInMyanmar